Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး နိုင်/ကျဉ်းဟောင်းများနှင့် ပြည်သူများ မြစ်ဆုံထိ စုပေါင်းလမ်းလျှောက်မည်

$
0
0
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် ယခုလ ၂၃ရက်မှ စတင်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးဆောင်ကာ ပြည်သူများနှင့် ပူးပေါင်း၍ ရန်ကုန်မှ မေခ၊ မလိခ မြစ်ဆုံအထိ ၂လကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်ဟု မတ် ၁၁ ရက်တွင် နိုင်ငံရေးအကျဉ်း သားဟောင်းများ အင်အားစုကော်မတီမှ ဗဟိုကော်မတီဝင် ဦးရဲထွဋ်ခေါင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ဖျက်သိမ်းနိုင်ရန်အတွက် နိုင်ငံရေး အကျဉ်းသားဟောင်း အင်အားစု ကော်မတီနှင့် ပြည်သူများ ပူးပေါင်းပါဝင်သည့် အနေအထားတစ်ခုဖြင့် ဖျက်သိမ်းနိုင်ရန် ရန်ကုန်မြို့မှ မေခ၊ မလိခမြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲတွင် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဖျက်သိမ်းနိုင်ရေးအပြင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်ခြင်း၊ တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ် မပျောက်ဆုံးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အပေါ် မူတည်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်၊ သစ်တောပြုန်းတီးမှုနှင့် သယံဇာတများ အကျိုးရှိရှိ အသုံးပြုနိုင်ရန် စသည့် ဦးတည်ချက် ၄ ချက်ဖြင့် မူတည်၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းက ထပ်မံပြောသည်။

““ဒီ ၂၃ ရက်မှာ စတင်ထွက်ခွာမယ်။ ကချင်ပြည်နယ် ကန့်ဖဲရွာ အထိပေါ့။ ရန်ကုန်မြို့ကနေ လူဦးရေ ၁၀၀ ကျော်နဲ့ ထွက်ခွာမယ်။ ထွက်ခွာမယ့် အချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ လျှောက်ရမှာပေါ့။ လမ်းလျှောက်တဲ့ သူတွေအတွက် ၀တ်စုံတွေ၊ စားဝတ်နေရေးတွေကို တာဝန်ယူမယ်။ ရက်၆၀ လောက်တော့ အများဆုံးကြာမယ်”” ဟုဦးရဲထွဋ်ခေါင်က ပြောသည်။

ရန်ကုန်မှ စတင်ထွက်ခွာချိန်တွင် လူဦးရေ ၁၀၀ကျော်နှင့် ထွက်ခွာမည်ဖြစ်ပြီး ဖြတ်သန်းရာ မြို့နယ် များတွင် စာရင်းပေးသွင်း ထားသော သူများလိုက်ပါမည်ဖြစ်ကာ ကချင်ပြည်နယ်သို့ ဖြတ်သန်းချိန်တွင် မြစ်ဆုံစီမံကိန်းမှ ဖျက်သိမ်းခံရသည့် ရွာပေါင်း ၆၁ ရွာမှ ဒေသခံများ ပူးပေါင်းမည် ဖြစ်သည်။ ဒေသခံပြည်သူများ၊ ကျောင်းသား လူငယ်များနှင့် နိုင်/ကျဉ်းအဖွဲ့မှ ပူးပေါင်းမည်ဆိုလျှင် မြစ်ဆုံရောက်သောအခါ လူအင်အား ၅၀၀၀ မှ ၈၀၀၀ ကြားရှိမည်ဖြစ်သည်။

မနက်၁၂မိုင် (၃)နာရီ၊ ညနေ (၁၂)မိုင်(၃)နာရီ ပုံမှန်လမ်းလျှောက်ရန် သတ်မှတ်ထားသည်။ ခရီးစဉ် ကာလမှာ ရက် ၆၀ အများဆုံး ကြာမြင့်မည်ဖြစ်ပြီး မြို့ကြီးများတွင် တစ်ပတ်တစ်ရက်နားကာ မန္တလေးမြို့၌ သင်္ကြန်အကျ၊ အကြတ်၊ အတက်(၃)ရက် နားမည် ဖြစ်သည်ဟု နိုင်ကျဉ်ဟောင်းများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ဧရာဝတီမြစ်ဆုံသည် ၇၃ စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာကို ယခင်စစ်အစိုးရ လက်ထက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ပါမစ် များကို ၂၀၁၀ စက်တင်ဘာလ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ သို့သော် အရပ်သားအစိုးရ တက်လာသည့် နောက်တွင် ယင်းစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုမှုများ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာခဲ့သည့်အတွက် သမ္မတ ဦးသိန်းစိန်က ၂၀၁၁ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် သမ္မတ အမိန့်နှင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အား ရောင်းချနိုင်မည့် ယင်းစီမံကိန်းကြီးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော် ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်သည်။

အေးမိုးကိုကို
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ