Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မာဆတ်ကောင်မလေးများဘက်မှ ရှေ့နေလိုက်ခြင်း - (မိုက်တီး)

$
0
0
မြန်မာနိုင်ငံဟာ လွတ်လပ်ခွင့်တွေ ရနေပါပြီတဲ့။ လာမယ့် ၂၀၁၅ရွေးကောက်ပွဲမှာ
အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ အများကြီး ဖြစ်လာတော့မှာတဲ့။ အမျိုးသမီးများရဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ဆိုလား ဘာဆိုလားပဲ။

ကျွန်တော်က လူပျိုဆိုတော့ သိပ်ပြီး ရှော့ခ်မရှိဘူး။ အရက် သောက်ချင် သောက်တယ်။ အနှိပ်ခန်းကို ရောက်ချင် ရောက်တယ်။ ကျွန်တော် ရောက်ဖူးတဲ့ အနှိပ်ခန်း တစ်ခုဆိုရင် မိန်းကလေး အယောက် ၇၀တောင် ရှိတယ်ဗျ။ ရန်ကုန်မြို့မှာ ရှိတဲ့ အနှိပ်ခန်း အားလုံးလိုလိုမှာ ဧရာဝတီတိုင်းက မိန်းကလေးတွေနဲ့ အညာက မိန်းကလေးတွေ များပါတယ်။

အနှိပ်ခန်းမှာ လုပ်တယ်ဆိုတိုင်း အထင်မသေး စေချင်ဘူး။ ကာယ အားကိုးပြီး သမ္မာ အာဇီဝနဲ့ ပိုက်ဆံ ရှာပေမယ့် ဘွဲ့ရတွေတောင် ပါသေးတယ်။ အနှိပ်ခန်းက မိန်းကလေး တိုင်းလိုလိုက စာရိတ္တ ပျက်ယွင်းနေတာ မဟုတ်ဘူး။ တစ်လလုံး အနှိပ်ခန်းကို လာသမျှ ဘူဇွာကြီးတွေကို အသားကုန် နှိပ်နယ်ပေးပြီး ရတဲ့ ပိုက်ဆံ နှစ်သိန်းခွဲ၊ သုံးသိန်းကို ကျစ်ကျစ်ပါအောင် စုပြီး ရွာပြန် ပို့ပေးရတာ။ တစ်နာရီလုံးနှိပ်မှ သူတို့ခင်မျာ ငါးရာပဲ ရရှာတာပါ။ တစ်လလုံး နာရီ သုံးရာလောက်
ရမှ အဆင်ပြေတယ်။ ဒီကြားထဲမှာ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဆိုပြီး ရွာမှာ သတင်းပြန့်သွားလို့ ကတော့ သေပြီ။ အဲဒီရွာကို ပြန်လာဖို့ မစဉ်းစားနဲ့တော့
ကောလာဟလက ပြန့်နေပြီ။

ဒီကြားထဲ အညောင်းမိနေတဲ့ ကိုယ်တော် တွေက မုန့်ဖိုး သုံးလေးထောင်
ပေးပြီး လက်ကိုင် ပေါင်ကိုင်နဲ့၊ တချို့က ဟိုတယ်ကို လိုက်မလားတောင် ချိန်းလိုက်သေးတယ်။ ဒါအနှိပ်ခန်း တစ်ခုမှာရှိတဲ့ ဇာတ်လမ်းပဲ ရှိသေးတာ။
ရန်ကုန် တစ်မြို့လုံးမှာ အဲဒီလို အနှိပ်ခန်း ၈၀ လောက်ရှိတယ်။

နိုက်ကလပ် အတော်များများ ကိုလည်း ရောက်တယ်။ နိုက်ကလပ် တစ်ခုမှာ မရှိဘူး ဆိုရင် အနည်းဆုံး အယောက် ၅၀လောက် ရှိတယ်။ ကာရာအိုကေမှာ ဆိုရင်လည်း တစ်ဆိုင် ပျမ်းမျှ အယောက် ၄၀ထား၊ ရန်ကုန် တစ်မြို့လုံး ဆိုင်၂၀၀ လောက
ရှိတယ်။ နောက်ပြီးတော့ခေါင်းလျှော်ဆိုင်မှာ ၁၀ ယောက်နှုန်းထား၊ ဆိုင် ၅၀၀
ကျော်ရှိတယ်။ ပြီးတော့.... ဘိ။ နောက်ပိုင်းမှာ အန္တရာယ်များလို့တစ်ပိုင်တစ်နိုင်တွေ
လုပ်ရတဲ့ အတွက် ပျမ်းမျှ ၅ ယောက်နှုန်းထား။ အတော် မနည်းတဲ့ အရည်အတွက်ပဲ (ဆရာကြီး လေသံ ဖြစ်သွားလို့ အထင်မကြီးလိုက် နဲ့ဦးနော် ဒါတော့ ကြားဖူးနား
ဝဗျ)။

နောက်အောက်ခြေသိမ်း အလုပ်တွေထဲမှာ ပါဆယ်ချိုင့်ဆွဲ လုပ်တဲ့ ကလေးမတွေ ရှိတယ်။ (ဒါလည်း မြင်ဖူးတာ၊ နည်းပညာတွေက တိုးတက်လာတော့ အရွေးမမှားဖို့
အရေး ဖုန်းထဲကနေ ဓာတ်ပုံလေးတွေပါ ပို့ပေးသေးတာဗျ။ ၀န်ဆောင်မှုတွေက အဲဒီလို ခေတ်မီ ဖွံ့ဖြိုး တိုးတက်နေတာ) နိုင်ငံခြားမှာလို အင်တာနက် ကနေ ဆက်သွယ်လို့ရတဲ့ Call အမျိုးသမီးတွေတော့ ပေါ်မလာသေးဘူး။ ကျွန်တော် အခုပြောတဲ့ နယ်ပယ် အသီးသီးမှာ အလုပ်လုပ်တဲ့ မိန်းကလေးဦးရေက သိန်းဂဏန်းလောက် ရှိတယ်။ သူတို့တွေ အားလုံး အသက် ၁၆ နှစ်ကနေ ၃၀
အတွင်း မိန်းကလေးတွေဗျ။

ကဲ...အမျိုးသမီးရေးရာ ကရော ဘာပြောစရာရှိလဲ။ လူမှုရေး ၀န်ကြီး
ကရော ဘာပြောစရာရှိလဲ၊ အစိုးရကရော ဘာလုပ်ပေးခဲ့လဲ။ ဘာလုပ်ပေးမှာ လဲ။

ဒါက တိတိကျကျ ၀မ်းရေး အတွက် ရှာဖွေ စားသောက်နေတဲ့ ကလေးတွေနော်။ ဒိုင်လျှို အကြီးစားတွေ မပါသေးဘူး။ ကုမ္ပဏီတောက်တိုမယ်ရနဲ့ အိမ်အကူတွေ
မပါသေးဘူး။

ပြီးတော့ အဆိုးဆုံးက မခိုင်းသင့် မခိုင်းအပ်ရာ လမ်းဘေး အရက်ဘီယာ ဆိုင်တွေမှာ စီးကရက်၊ အရက်လိုက် ကြေညာပေး နေရသူလေးများ မပါသေးဘူး။ အရက်မူးနေတဲ့ သကောင့်သားတွေရဲ့ ခွက်ထဲကို ဘီယာ ငှဲ့ပေးနေရတဲ့
ကောင်မလေးတွေ မပါသေးဘူး။

အဲဒါ ရန်ကုန်မြို့ တစ်မြို့ထဲဗျ။ ပြီးရင် တစ်တိုင်းပြည်လုံး တွက်ကြည့်ကြပါဦး။ မန္တလေးမြို့မှာ ရှိတဲ့ မိန်းကလေးတွေ မပါသေးဘူး။ ထိုင်းနိုင်ငံသွားပြီး တရားမ၀င် အလုပ်လုပ်နေတဲ့ ကောင်မလေးတွေ မပါသေးဘူး။ မလေးရှားမှာ ရာဘာစေးခြစ်
နေတဲ့ သမီးငယ်တွေ မပါသေးဘူး။ ဟောင်ကောင်နဲ့ စင်ကာပူမှာ အိမ်ဖော် သွားလုပ်နေသူတွေ မပါသေးဘူး။

ဒါ... ဖာနိုင်ငံမှ ဟုတ်ရဲ့ လား။
ပြီးတော့ အဲဒါတွေ အားလုံးအတွက် အကျိုးဆက်ကရော။
သူတို့တွေရဲ့ ဘ၀တစ်သက်တာ လူမှုဖူလုံရေး ကရော။

နောက်...။

နောက်...။

နောက်...။

ဟူး...အသက်ရှူလို့တောင် ရပါဦး မလားဗျာ။

မိုက်တီး

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၄)မှဆောင်းပါး )

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>