Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယူကရိန်း အကျပ်အတည်း

$
0
0
ရုရှအခြေခံဥပဒေဆိုင်ရာခုံရုံးက ရုရှနိုင်ငံသို့ကရိုင်းမီးယားဒေသပူးပေါင်းခြင်း
စာချုပ်ကို အတည်ပြု ပေးလိုက်ပြီဖြစ်ကြောင်း ခုံရုံးဥက္ကဌက ပြောကြားလိုက်သည်။

အမေရိကန် ရေတပ်မှ ပဲ့ထိန်းဒုံးပျံတပ် ဖျက်သင်္ဘော USS Truxtun
သည် ဘူလ်ကေးရီးယား၊ရိုမေးနီးယားရေတပ်များနှင့်အတူကရိုင်းမီးယား ကျွန်းဆွယ် အနီး ပင်လယ်နက်ထဲတွင် တနေ့တာစစ်ရေး လေ့ကျင့်မှု စတင်နေပြီ ဖြစ်သည်။

ဂျာမန် အဓိပတိ မာကယ်၏ရုံးမှ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုအစိုးရများသည်
ယူကရိန်းအကျပ်အတည်းအတွက်နိုင်ငံရေး ဆွေးနွေးမှုများပြုလုပ်ရန် နိုင်ငံတကာအားဖိတ်ခေါ်ထားသည်။အမေရိကန် သမ္မတ အိုဘားမားကG7အုပ်စုဝင် နိုင်ငံ
ခေါင်းဆောင်များကို လာမည့်ရက်သတ္တပတ်တွင် ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ဖိတ်ကြားလိုက်သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဆိုအာဘေး ကလည်း ကရိုင်းမီးယားဒေသကိုရုရှနိုင်ငံတွင်းသို့
သွတ်သွင်းခြင်းအပြုအမူအားပြင်းထန်စွာရှုံ့ချလိုက်သည်။

မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ အတွင်းရေးမှူးဗိုလ်ချုပ် အန်ဒါစ် ဖိုး ရတ်စ်မူဆန် ကလည်း ကရိုင်းမီးယားဒေသကိုသိမ်းပိုက်ခြင်းသည် တရား
ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး၎င်းတို့အနေနှင့်အသိအမှတ်မပြုကြောင်း ကြေငြာခဲ့သည်။

ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်၍ ရုရှနိုင်ငံခြားရေးဝန်ကြီး လဗ်ရော့ဗ် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအားအနောက်နိုင်ငံများမှပိတ်ဆို့မှုများမှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းနှင့် တန်ပြန်အကျိုးသက်ရောက်မှု မရှိဘဲနေမှာ မဟုတ်ကြောင်း တယ်လီဖုန်းဖြင့် ပြောဆိုလိုက်သည်။

LYT(Ref: Reuters & Other Beaking News)

ယူကရိန်းရေတပ်စခန်း ကရိုင်းမီးယားခွဲထွက်တပ်ဖွဲ့ဝင်များတိုက်ခိုက်။
==================================
ရုရှားထောက်ခံသူ ကရိုင်းမီးယား ကာကွယ်ရေးတပ် ဖွဲ့ဝင်များက ကရိုင်းမီးယားနယ်၊ ဆက်ဗတ်စ်တိုပေါလ်ဒေသရှိ ယူကရိန်း ရေတပ်အခြေစိုက် စခန်းများကို ယနေ့ မတ်လ၁၉ ရက် နေ့လယ်ပိုင်းတွင် ဒရကြမ်းဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

လွန်ခဲ့သော ၁ နာရီခန့်က ၄င်းကရိုင်းမီးယားရေတပ်စခန်းများအတွင်း ရုရှားအလံ (၃) ခုအား လွင့်ထူလိုက်ခြင်းကို ဒေသခံများက တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် အနည်းဆုံး ယူကရိန်းရေတပ်စစ်စခန်းအချို့ကို ရုရှားထောက်ခံသူ တပ်ဖွဲ့များက သိမ်းပိုက်လိုက်ဖွယ် ရှိကြောင်း ရိုက်တာသတင်းဌာနကအထူးသတင်းတစ်ရပ်
အဖြစ် ကြေညာခဲ့သည်။

ယင်းအချိန်တွင်ပင် အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးပျံတပ်ဖျက် သင်္ဘော USS Truxtun သည် မဟာမိတ်ရေတပ်များနှင့် အတူ ကရိုင်းမီးယားကျွန်းဆွယ်အနီး ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်မှု စတင်ပြီးဖြစ်သည်ဟုလည်း သိရသည်။

LYT (Ref: Reuters)
Popular Myanmar News Journal.
Kyaw Swar Myint

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>