လွန်ခဲ့တဲ့ ၁နာရီအတွင်းမှာပဲ
MH370 လေယာဉ်ပျက် အပိုင်းအစ တခု တွေ့ ပြီတဲ့ . ..
http://www.theguardian.com/world/201...australia-says
Largest 'object' sighted in MH370 search is 24 metres: AMSA
AFP Thursday 20 March 2014 , 03:41 PM
The largest object sighted in the search for missing Malaysia Airlines flight MH370 is 24 metres (79 feet), with a second, smaller object also spotted, Australian authorities said Thursday.
"The objects are relatively indistinct. The indication to me is of objects that are of a reasonable size and probably awash with water and bobbing up and down over the surface," said Australian Maritime Safety Authority official John Young.
"The largest ... was assessed as being 24 metres. There is another one that is smaller than that."
------------------------------------------------------------------------------------.------------
Äအမေရိကန် ရေကြောင်း စောင့်ကြည့်လေ့လာရေး လေယာဉ် ၂ စင်း၊နှင့်အတူ
ဩစတြေလျ P-8 Poseidonလေယာဉ်ကို Perth မြို့  အလွန်နေရာတဝိုက်တွေ၊ P-3 Orion aircraft က Bay of Bengal ဘင်္ဂလားပင်လယ်အော် ရဲ့ မြောက်ဖက်တဝိုက် တွေမှာြံ၃၇၀ လေယာဉ်ပျက် ကို ကူညီရှာဖွေပေးနေကြပါတယ်။
အမေရိကန် သူလျှို စောင့်ကြည့်လေ့လာရေး ဂြိုလ်တုတေ spy satellites မှလည်း MH370 လေယာဉ်ပျက် ကို နိုင်ငံတကာနဲ့ ပူးပေါင်း၊ကူညီရှာဖွေပေးနေကြပါတယ်။
ခိုးယူခံရတဲ့ ဥရောပနိုင်ငံကူးလက်မှတ်နဲ့  MH370 လေယာဉ်စီးတဲ့ ၂ ယောက်သည် အီရန်နိုင်ငံသားတွေဖြစ်တယ်လို့  အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ ကထုတ်ပြန်ပါတယ်၊
တရားမဝင်ခိုးဝင်နေထိုင်ဖို့ ကြိုးစားသူတွေပဲဖြစ်ဖို့ များပြီး-
အကြမ်းဖက်သမားတွေလို့ ပြောဖို့ ရာအတွက်တော့ . . .
သူတို့ တတွေရဲ့ အချက်အလက်တွေက မကိုက်ညီပါဘူးတဲ့။
MH370 လေယာဉ်ကို မြောက်အရပ်ဖက်ကိုဦးတည်ပျံသန်း ဖို့ ဆိုရာမှာလည်း . .လုံခြုံရေးဗျူဟာအရ အထိမခံကြတဲ့၊ နိုးကြားကြတဲ့ဒေသဖြစ်တဲ့၊
နိုင်ငံအတော်များများရဲ့ လေကြောင်းပိုင်နက်တွေကိုဖြတ်ကျော်ပျံသန်း ပြီး လုံးဝ မသိလိုက်၊
ရေဒါမှာ မတွေ့ ရဖို့ ဆိုတာသည်လည်း စဉ်းစားစရာကောင်းနေပါတယ်။
အခုအချိန်မှာ MH370 လေယာဉ် သည် တနေရာရာမှာ ရောက်ရှိသွားပြီး၊ လေယာဉ်ပြေးလမ်း ပေါ်မှာ
ရပ်နေမယ်ဆိုတာမျိုး . . အပြုသဘောကို စဉ်းစားရခက်နေပါတယ်။
MH370 လေယာဉ်မှူးရဲ့ အိမ်မှာ ရှိနေတဲ့ “ပျံသန်းမှူ့ လေ့ကျင့်စက်” ရဲ့  ကွန်ပြူတာမှာ လေယာဉ်မှူး
ဖျောက်ဖျက်ထားတဲ့ ပျံသန်းမူ့ အချက်အလက်တွေကို ပြန်လည်ရယူစစ်ဆေးဖို့ အတွက်
ဗုဒ္ဓဟူးနေ့ မှာ မလေးရှားအစိုးရက၊ အမေရိကန် FBIကို အကူအညီတောင်းလိုက်ပါပြီ။
-----------------------------.------------------------------------------
ထူးဆန်းစွာပျောက်ဆုံးနေတဲ့ MH370 လေယာဉ်နဲ့ ပါတ်သက်လို့  အယူအဆတွေအမျိုးမျိုးဖြစ်နေ၊ပြောနေကြပါတယ်၊
သို့ ပါသော်လည်း တိကျရှင်းလင်းတဲ့ သတင်း တစုံတရာမှ လူသားတွေအတွက် မသိရသေးပါဘူး။
မည်သည့် ထင်ကြေးမှန်းချက်တွေမှလည်း မဖြေရှင်းနိုင်ကြသေးပါဘူး။
အားလုံးတွေထဲမှာ
ဖြစ်နိုင်ချေများတဲ့ အယူအဆအချက်(၇) ချက် နဲ့  သူတို့ ရဲ့ ပျော့ကွက်၊ဟာကွက်၊လွဲမှားနိုင်ချက်တွေ ကတော့ . .
“Seven leading theories on disappearance of Flight 370”
By SCOTT MAYEROWITZ, Associated Press (AP) NEW YORK, Thursday 20 March 2014 08: 43 AM , ကို အဆင်ပြေအောင်ပြန်လည်ရေးသားလိုက်ပါတယ်။
(၁) ရက်စက်တဲ့ လေယာဉ်မှူး အပြုအမူကြောင့်
— MALICIOUS PILOT ACTION
MH370 လေယာဉ်မှူး Zaharie Ahmad Shah, 53 နှစ် ရဲ့ အိမ်မှာ ရှိနေတဲ့ “ပျံသန်းမှူ့ လေ့ကျင့်စက်” အကြောင်းသိရှိရတဲ့အတွက် . . .
လေယာဉ်ပျံသန်း တာကို အရူးအမူးဖြစ်သူတွေအတွက် (ငွေကြေးလည်းတတ်နိုင်မည်ဆိုပါက)
“ပျံသန်းမှူ့ လေ့ကျင့်စက်” ကို ၊ အိမ်မှာ ထားရှိနိုင်တယ် (built his own flight simulator at home)
ဆိုတာ မထူးဆန်းသော်လည်း၊ သမားရိုးကျတဲ့အနေအထားတော့ မဟုတ်ပါပေ။
လေယာဉ်မှူးကို သံသယဖြစ်ရခြင်းကတော့
သက်ဆိုင်ရာ လေကြောင်းထိန်းသိမ်းရေး စခန်းတွေ နဲ့  ဝေဟင်ထဲမှာ တခြား ပျံသန်းနေကြတဲ့ လေယာဉ်တွေကို
မိမိ လေယာဉ်တည်ရှိရောက်ရှိနေရာကို ပြောပြရတဲ့ လေယာဉ်ပျံသန်းမူ့  ဆက်သွယ်ချက်တွေကို ပိတ်ပစ်လိုက်တာကြောင့်ပါပဲ။
ဗီယက်နမ်လေကြောင်း ထိန်းသိမ်းရေး စခန်းမှ မလေးရှားလေကြောင်းထိန်းသိမ်းသူနဲ့  နောက်ဆုံး ဆက်သွယ်ရာမှာ
“ကောင်းပါပြီ၊ ကောင်းသောညပါ” ဆိုပြီးနူတ်ဖက်အပြီး ဆက်သွယ်မူ့ ပိတ်သွားပါတယ်၊ချက်ချင်းနောက်ပြန်လှည့် ပြီး၊ ပျံသန်းနေခဲ့တာ ၇ နာရီကြာမြင့်ပါတယ်။
အဲသည်လို ဆက်သွယ်ရေးနဲ့ နေရာရှာဖွေရေး ကိရိယာတွေကို
(အပြင်လူ လုံးဝ ဝင်ခွင့်မရှိတဲ့၊ ဘယ်လိုပိတ်ရတယ်ဆိုတာ လေယာဉ်မှူး(သို့ မဟုတ်)လေယာဉ်မောင်းတတ်သူ တွေသာ သိနိုင်သော စက်ကိရိယာတွေကို လေယာဉ်စက်ခန်းထဲကနေ ပိတ်လိုက်တာတွေကြောင့် လေယာဉ်မှူး(တွေ) ကို သံသယဖြစ်ရခြင်းပါပဲ။)
ရက်စက်တဲ့ လေယာဉ်မှူး သည် သူနှင့်အတူ၊ ခရီးသည် လူအများကိုပါ သေကြောင်းကြံစည်မူ့  ပြုလုပ်ခြင်းဆိုတာ ထိတ်လန့်စရာ၊ လက်မခံနိုင်စရာ ဖြစ်သော်လည်း . .
ယခင်က ဖြစ်ခဲ့တာမျိုးတွေရှိခဲ့ဘူးပါသည်။
(၂)အကြမ်းဖက်သမားတွေ လေယာဉ်ကိုပြန်ပေးဆွဲခြင်း
— TERRORIST HIJACKING
ဒီလိုထင်ရတာတော့ . .အဲသည်လေယာဉ်ပေါ်မှာ အီရန်နိုင်ငံသား ၂ ယောက် (၁ဂ နှစ် နဲ့  ၂၈ နှစ်)သည် ခိုးယူထားတဲ့ ဥရောပ နိင်ငံကူးလက်မှတ် တွေနဲ့ လိုက်ပါသွားကြတာကြောင့်ပါပဲ။
သူတို့ ၂ ယောက်သည် ဥရောပကို ခိုးဝင်ဖို့ အတွက်ကြံစည်ကြဖို့ ပိုဖြစ်နိုင်ကြပြီး အကြမ်းဖက်သမားတွေ နဲ့ ဆက်နွယ်မူ့ မတွေ့ ရှိရပါပေ။
ထို့ အတူ . . .အကြမ်းဖက်သမားတွေ ဖက်မှလည်း လေယာဉ်ကိုပြန်ပေးဆွဲ ပြီး၊
ယခုအချိန်အထိ . . .မည်သည့် တောင်းဆိုမူ့ ၊ ပြောကြားအတည်ပြုမူ့ တွေ ကို မလုပ်ကြတာတွေ့ ရပါတယ်။
(၃)ရုတ်တရက် မတော်တဆဖြစ်မူ့ ၊ဘေးအန္ဓရာယ်ကျရောက်ခြင်း
—SUDDEN CATASTROPHE
လေကြောင်းကျွမ်း ကျင်သူများက ပထမဦးစွာ လေယာဉ်ပေါ်မှာ . . ရုတ်တရက် မတော်တဆဖြစ်မူ့ ၊ဘေးအန္ဓရာယ်ကျရောက်ခြင်း
(ဥပမာ..ဗုံးပေါက်ကွဲခြင်း၊ လေယာဉ်အင်ဂျင်စက် ၊ လေယာဉ်ပျံကိုယ်ထည် ချို့ ယွင်းခြင်း၊) တွေဖြစ်ပြီး လေယာဉ်ပျက်ကျသွားတယ်လို့ ယူဆကြပါတယ်။
သို့ သော်လည်း .. လေယာဉ်ပျက်ကျသွားတယ်ဆို ပါလျင်
အဆက်အသွယ်ပြတ်တောက်သွားတဲ့ နေရာတဝိုက်မှာ . . .လေယာဉ်ပျက် အပိုင်းအစ တွေကို တွေ့ မြင်နိုင်၊ ရှာဖွေနိုင်ရပါမယ်။
ရေဒါမှာ တွေ့ ရ မှာပါ။
(၄)လေယာဉ်ပျံ စက်ခန်း မီးလောင်ကျွမ်းခြင်း
— FIRE
လေယာဉ်စက်ခန်းထဲက
လျှပ်စစ်ဝါယာကြိုးတွေ မီးလောင်မှူ့ ဖြစ်တာမျိုးဆိုပါလျင်
အဆက်အသွယ်ပြတ်တောက်သွား နိုင်ပါတယ်။
(၅)လေဖိအား ရုတ်တရက်လျော့ပါးသွားခြင်း
—DECOMPRESSION
လေယာဉ်စက်ခန်းထဲမှာ
လေဖိအား ရုတ်တရက်လျော့ပါးသွားခြင်း
လေဖိအား တဖြည်းဖြည်းချင်းလျော့ပါးသွားခြင်းတွေကြောင့် အောက်ဆီဂျင်ဆုံးရှူံးလျော့ပါးပြီး လေယာဉ်စက်ခန်းထဲက လူတွေအားလုံး ( လေယာဉ်မောင်းသူတွေ)သေဆုံးသွားကြတာမျိုးလည်း ယူဆကြပါတယ်။
တကယ်တော့ . .သိပ်မဖြစ်နိုင်ပါဘူး၊ အောက်ဆီဂျင် လေယာဉ်ပျံအတွင်းထဲမှာ ဆုံးရှူံးလျော့ပါးပြီ ဆိုတာနဲ့ 
အချက်ပေးသံတွေကြားရပါမယ်၊ အောက်ဆီဂျင် ပေးတဲ့ မျက်နှာဖုံးတွေ တပ်ဖို့ အချိန်ရှိပါတယ်။ပြီးတော့ ချက်ချင်း
အမြင့်ပေ တသောင်း (၁၀ဝ၀ဝ)အောက်၊ ပျံသန်းမိတာနဲ့ 
အောက်ဆီဂျင် ပေးတဲ့ မျက်နှာဖုံးတွေ တပ်ဖို့ မလိုတော့ပဲ အောက်ဆီဂျင် ရပါတယ်၊ လေရှူ လို့ ရပါတယ်။
လေယာဉ်ပျံထဲက ခရီးသည်တွေအားလုံး ( လေယာဉ်စီးနင်းလိုက်ပါသူတွေ)သေဆုံးသွားကြတာမျိုးလည်း ယူဆကြပါတယ်။
သို့ သော်လည်း .. လေကြောင်းကျွမ်းကျင်သူတွေ သုံးသပ်တာကတော့
တကယ်လို့  လေဖိအား ရုတ်တရက်လျော့ပါးသွားခြင်းဖြစ်မည်ဆိုပါက . .
လေယာဉ်သည် မူလခရီးစဉ်လမ်းကြောင်းအတိုင်း ဘေဂျင်း ကိုဦးတည်မောင်း နေမှာဖြစ်ပြီး၊
ရေဒါမှာလည်း တွေ့ မြင်နေရမှာဖြစ်ပါတယ်။
(၆)လေယာဉ်ပျံကို တနေရာတွင် ဖုံးကွယ်ထိန်းသိမ်းထားခြင်း
—HIDDEN PLANE
သင့်တော်ရာ တနေရာရာ မှာ
လေယာဉ်ပျံကို ဖုံးကွယ်ထိန်းသိမ်းထားပြီ်း
လေယာဉ်ပျံ ကုန်တင်ခန်းထဲမှာ သူတို့ လိုချင်တဲ့ တခုခု ပါနေတာကို သိလို့ လေယာဉ်ကို ပြန်ပေးဆွဲတာမျိုး၊
အကြမ်းဖက်သမားတွေက လေယာဉ်ပျံကို လောင်စာဆီဖြည့်၊ ပေါက်ကွဲစေတဲ့အရာတွေဖြည့်ပြီး၊ ဒုံးကျည်တခုအဖြစ်သို့  ပြောင်းလဲစေကာ၊
တနေရာကို မောင်းပြီး တိုက်ခိုက်တဲ့နေရာမှာ အသုံးချနိုင်ပါတယ်။
သို့ သော်လည်း .. လေကြောင်းကျွမ်းကျင်သူတွေ သုံးသပ်တာကတော့
ရေဒါကိုလည်းလွတ်အောင်ရှောင်ဖို့ ရယ်၊
ညအမှောင်ထဲမှာဆင်းသက်ရတာမျိုးဖြစ်ဖို့ များပြီး
လေကြောင်းအချက်ပြတွေအကူအညီတွေမပါပဲ
အဲသည်လို တွေ့ ကရာ တနေရာရာမှာ ခရီးသည်တင် လေယာဉ်ကြီးကို ဆင်းသက်ဖို့ ဆိုတာ . .
အင်မတန်ကျွမ်းကျင်တဲ့ လေယာဉ်မောင်းဖြစ်ဖို့ လိုအပ်ပါတယ်။
ထိုင်းနိုင်ငံကတော့ . လွန်ခဲ့တဲ့ ၁၀ ရက် တုန်းက၊ သူတို့  စစ်စခန်းရေဒါမှာတွေ့ လိုက်ရတာြံ၃၇၀ လေယာဉ်
ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်၊ သို့ သော်လည်း ဒီထက်ပိုပြီး အသေးစိတ်မဖေါ်ပြနိုင်ပါဘူး၊ နယ်စပ်လုံခြုံရေး စစ်စခန်းရေဒါတွေဆိုတာ အရေးကြီးတာကြောင့်
သတင်းတိုင်းကို ထုတ်ပြန်ဖို့ ၊သက်သေပြဖို့ အခက်အခဲရှိပါတယ်။
သို့ သော်လည်း .. လေယာဉ်ကို လိုချင်ပါတယ်ဆိုလျင်၊
ဘာကြောင့် ခရီးသည်တင်လေယာဉ်ကို အသုံးပြုဖို့ ၊ခက်ခဲစွာ ခိုးယူကြရမှာလည်း
ပိုပြီးလွယ်ကူတဲ့ ကုန်တင်လေယာဉ် ကို အသုံးပြုဖို့ ၊ ခိုးယူကြမှာပေါ့ လို့ လည်း သုံးသပ်ကြပြန်ပါတယ်။
(ရ)မတော်တဆ ပစ်ချခံရခြင်း
— ACCIDENTAL SHOOT-DOWN
အများပြည်သူသုံး လေယာဉ်တွေကို . . များသောအားဖြင့်
စစ်ဖက်ကနေ ဘယ်တော့မှ ပစ်ချတာမလုပ်ကြပါဘူး။
http://www.news.net/article/1061701/seven-leading-theories-on-disappearance-of-flight-370?referid=118
ကိုယ့်အမြင်ကတော့ ဖြစ်နိုင်ချေ 3,4, 6, 7တွေထဲက တခုခု သို့ မဟုတ် တွဲဖက်ပြီး ဖြစ်ပျက်ခဲ့တယ်လို့  ယူဆ သုံးသပ်မိပါတယ်။
MMCPမှ Tiptopအားကျေးဇူးတင်ရှိပါသည်.