Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စစ်အုပ်စု – ထက်မြက်

$
0
0


မြန်မာစစ်အုပ်စုက ဒီမိုကရေစီဆိုသည့် လေသံလေးဟလိုက်သည်နှင့် အနောက်အုပ်စုသည် အမြီးနှံ့ လာလေတော့သည် … ထိုအတွက် အကျိုးရှိသွားသူမှာ ယခင်စစ်အာဏာရှင်များဖြစ်သော ယခုအစိုးရဖြစ်သည် …

၂၀၁၀ခုနှစ်က ကျင်းပသော ရွေးကောက်ပွဲမှာ ၁၉၈၈ခုနှစ်က စစ်တပ်အာ ဏာသိမ်းပြီးနောက် တက်လာသော စစ် အစိုးရနှင့်မတူသည့် အစိုးရသစ်ဖြစ်သည် ကိုကား ငြင်းကွယ်၍ မရပေ။ ထိုသို့ အပြောင်းအလဲသစ်တစ်ခု၊ ရွေးကောက်ပွဲ တစ်ခု၊ အစိုးရသစ်တစ်ခု ဖြစ်ပေါ်ရေးအတွက် ၈၈ အာဏာသိမ်းစစ်ကောင်စီ သည် သေသေ ချာချာ ပြင်ဆင်ပြီးမှ ယခု အပြောင်းအလဲကို စတင်လိုက်ခြင်းဖြစ်ပါ သည်။ ပထမဆုံး အမျိုးသားညီလာခံကို ခေါ်သည်။ ထိုအမျိုးသား ညီလာခံမှာလည်း စစ်ကောင်စီအလိုကျ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများဖြင့် ကျင်းပသော ညီလာခံဖြစ်ပါသည်။ ထိုညီလာခံမှနေ လမ်းပြ မြေပုံ ၇ချက်ကို ချမှတ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲသည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့သည်။ ထိုအမျိုးသား ညီလာခံသည် စစ်ဗိုလ်ချုပ် များကမကထလုပ်ပြီး စစ်ကောင်စီက ပါဝင်ပြုလုပ်ခဲ့သည့် ညီလာခံ ဖြစ်သည်ကို အားလုံးအသိဖြစ်ပါသည်။ ဗိုလ်နေ၀င်း၏ စစ်အာဏာရှင်စနစ်နှင့် တစ်ပါတီ အာဏာရှင်စနစ်ကို လက်မခံနိုင်သူများက သမိုင်းတွင် မကြုံဖူးလောက်အောင် ကြီးမားပြင်းထန်သော လူထုတိုက်ပွဲ ကြီးဖြစ်ပေါ်လာ ခဲ့သည်။ နောက်ထပ်အာဏာသိမ်း ဗိုလ်သန်းရွှေအစိုးရက သူတို့အာဏာကို ကာကွယ်ရန် အာဏာသိမ်း ကြသည်။ လူထုက သူတို့ကို မနှစ်မြို့မှန်းသဘော ပေါက်ပါသည်။ ထို့ကြောင့် အေးအေးငြိမ်း ငြိမ်းဖြင့် သူတို့ ဆုတ်ခွာနိုင်ရေး၊ သူတို့အ ကျိုးစီးပွားကို ကာကွယ်ရေး၊ လူပုဂ်္ဂိုလ် တစ်ဦးချင်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်း ရေးတို့အတွက် အနှစ် ၂၀အာဏာကို ဆုပ်ကိုင်ခဲ့သလို ဆုတ်ခွာဖို့လည်း ကြိုးစားခဲ့ပါသည်။…

ထိုသို့ ကြိုးစားရာတွင် စစ်အာဏာရှင်ဟောင်းများနှင့် စစ်ဗိုလ်ချုပ်များ အတွက် တရားဝင်အကာအကွယ်ပေးနိုင် သည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပင်ဖြစ်ပါသည်။ ထိုဥပဒေတွင် ဟာကွက် လစ်ကွက်မရှိအောင် ပြည်သူ လူထု အငမ်း မရ တောင့်တနေသော လစ်ဘရယ်ဒီမို ကရေစီဆိုသည်လည်း ပါဝင်အောင်၊ ကမ္ဘာတစ်ဝန်း ကျင့်သုံးနေသော ဈေးကွက် စီးပွားရေးလည်း ထည့်သွင်းနိုင်အောင် ၁၀ နှစ် ၁၀ မိုးရေးဆွဲကာ အတင်းအဓမ္မ အတည်ပြုလိုက်လေသည်။ ခရိုနီတို့ကို မွေးထုတ်ကာ မြန်မာနိုင်ငံ၏ သယံဇာတ တူးဖော်ရေးလုပ်ငန်း၊ ဘဏ် လုပ်ငန်း၊ ဟို တယ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ် ငန်းစသည့် ရှေ့တန်းအကျဆုံး လုပ်ငန်း များကို ခရိုနီ များနှင့် စစ်အာဏာရှင်များ က ချုပ်ကိုင်ထားနိုင်ခဲ့လေသည်။ ထို့ပြင် တိုင်းပြည်လုံခြုံရေးနှင့်သူတို့ လုံခြုံရေးအ တွက် စိတ်အချရဆုံး စစ်ဗိုလ်များကို တပ် အား ကိုင်ထားစေကာ သူတို့၏ အိုးအိမ် စည်းစိမ်များကို အကာ အကွယ် ပေးထားစေသည်။ ခေတ်မီလက်နက်များ တပ်ဆင်ထားသော စစ်သည်အင်အား ၅သိန်းကျော် ရှိသော သူတို့၏ ခါးပိုက်ဆောင်တပ်ကို ထားရှိခဲ့လေသည်။ ထိုအခြေအနေများ သည် စိတ်ကူးယဉ် စွပ်စွဲနေသော အချက်များ မဟုတ်ပေ။ နှစ်ပေါင်း ၅၀ ကျော်ကာလတွင် စစ်အုပ်စုသည် မြန်မာ့မြေပေါ်၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလေပြီ။ ထိုအမြစ်ကို ပြုတ်စေဖို့မှာ လူထုအင်အားများများဖြင့် ထိုးဆွမှသာ အမြစ်ပြုတ်နိုင် ပေမည်။

စစ်အာဏာရှင်များနှင့် စစ်ကောင်စီ သည် အမြစ်တွယ်နေပြီးသော သူတို့၏ မျိုးဆက်၊ သူတို့၏ စီးပွားရေး၊ သူတို့၏ စစ်တပ်နိုင်ငံရေးအင်အားတို့ကို တည် ဆောက်ပြီးသောအခါတွင် စစ်အုပ်ချုပ်ရေး မှနေ လူ့လောက ထဲသို့ တိုးဝင်ဖို့ကြိုးစားပါသည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲပေါ်လာ ပါသည်။ ထိုအစီအစဉ်ကို အစကတည်းက ရေးဆွဲပြီးဖြစ်ပါသည်။ သူတို့ကို ဆန့် ကျင်သော နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ တိုင်းရင်းသားများ၊ ဗကပများ စသည်တို့ကို ပိုက်စိပ်တိုက်ဖမ်းဆီးကာ ပါးစပ်ဟရုံလေးဖြင့် အနည်းဆုံးထောင် ဒဏ် ၇ နှစ်မှနေ ၁၅နှစ်ချသည်အထိ ရမ်းကားခဲ့သည်။ သူတို့လက်ထဲမှ သေနတ်ဖြင့် အနိုင်ကျင့် ဗိုလ်ကျကာ လူ တစ်ယောက်လျှင် ထောင်ဒဏ်အနှစ် ၁၅၀ ချသည်အထိ ရက်စက်ခဲ့သည်။ ထိုသို့ ခြောက်လှန့်ပြီးမှ ရွေးကောက်ပွဲကျင်းပ သည်။ သူတို့၏ ကြံ့ခိုင်ရေးဆိုသော လူမှုရေးအဖွဲ့ကို ပြည်ခိုင်ဖြိုး ပါတီအဖြစ် ပြောင်းလိုက်လေသည်။ ထိုကြံ့ခိုင်ရေးဆို သော အဖွဲ့အစည်းမှာ ၅၈ခု၊ အိမ်စောင့် အစိုးရ လက်ထက် ကတည်းက ရှိခဲ့သော အဖွဲ့ဖြစ်သည်။ အမှတ်တံဆိပ်မှာလည်း ခြင်္သေ့ပင်ဖြစ်လေသည်။ ပြည်ခိုင်ဖြိုး ပါတီ ဖွဲ့စည်းသည်မှာ ၁ နှစ်လောက်ပင်ရှိသော် လည်း ၂၀၁၀ ရွေးကောက်ပွဲကျင်းပသော အခါ ထောက်ခံသူ များစွာ ရအောင် စည်း ရုံးနိုင်ခဲ့သည်မှာ သမိုင်းတွင် တစ်ခါမှ မတွေ့ဖူးပေ။ နာဇီပါတီမှာ ချွတ်ခြုံကျ နေသော ဂျာမနီပြည်သူများ၏ ထောက်ခံ မှုအများအပြားအမှန်တကယ်ရခဲ့ပါသည်။ ကြံ့ဖွံ့မှာ ထိုအချိန်က အော့ကြော လန် ဖြစ်သည်။ ဒီပဲယင်းအရေးအခင်း၊ ရွှေဝါ ရောင်တော်လှန်ရေးတို့တွင် ပါဝင်ပတ် သက်နေခြင်းကြောင့် လူထုထောက်ခံမှု ရနိုင်စရာအကြောင်းမရှိပေ။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ ချိုးထားသည့် ဖဲအတိုင်း သပိတ်ဝင် အိတ်ဝင်အနိုင်ယူ ကာ ၂၀၁၀ မတိုင်ခင်နှစ်ကာလများက တည်းက ချမှတ်ထားသည့် ပုံစံအတိုင်း အစိုးရ အဖွဲ့ဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။

အာဃာတကင်းကင်း၊ ဂိုဏ်းဂဏ ကင်းကင်း အမှန်တရားကို ဦးထိပ်ထားပြီး သစ်္စာရှိရှိ ပြောရလျှင် ယခု မြန်မာ နိုင်ငံကို အုပ်ချုပ်ထားသော အသိုင်းအ၀ိုင်းသည် စစ်အုပ်စုဖြစ်သည်ဟုပင် ပြောရမည်ဖြစ် သည်။ အဘယ် ကြောင့်ဆိုသော် ပြည်ခိုင် ဖြိုးပါတီမှာ စစ်ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူး ကြီးများမှသည် ၀န်ကြီးများမှနေ မြို့နယ် အုပ်ချုပ်ရေးမှူးအထိ တာဝန်ယူထားသော စစ်သားများဖြစ်နေခြင်း၊ အစိုးရအဖွဲ့၏ ထိပ်ဆုံးတာဝန်ယူသူ နိုင်ငံ၏အကြီးအကဲ ဖြစ်သူ သမ္မတမှာ ယခင်စစ်အစိုးရလက် ထက်က နံပါတ် ၄ အဆင့်တွင်ရှိသော ဗိုလ်ချုပ်ကြီး ဖြစ်ခြင်း၊ ဒုတိယ သမ္မတတစ်ဦးမှာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သလို နောက် ဒုတိယသမ္မတတစ်ဦးမှာလည်း စစ်တပ် မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခြင်း၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ဒေသဖွံ့ ဖြိုးရေးဌာန ၀န်ကြီး စသည့် စသည့် ၀န်ကြီးအများစုမှာ ဗိုလ်ချုပ်များ သာဖြစ်နေခြင်းတို့ကို ကြည့်ခြင်းအားဖြင့် အစိုးရအဖွဲ့မှာ စစ်အုပ်စုဖြစ်ကြောင်း လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင် ထင်ရှားနေပါသည်။

ထို့ပြင် ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာခဲ့ သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စသော လွှတ်တော်များ၏ ဥက္ကဋ္ဌနာယကအဖြစ် တာဝန်ယူသည်မှာလည်း စစ်ဗိုလ်ချုပ်ကြီးများ ပင်ဖြစ်သည်။ ၂၀၁၀အစိုးရ မဖွဲ့ခင်ကတည်းက လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ စစ်အစိုးရခေတ်က သူရဘွဲ့ရထားသော စစ် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လေသည်။ လွှတ်တော် ကိုယ်စားလှယ်များကို ကြည့်မည် ဆိုလျှင်လည်း ပြည်ခိုင်ဖြိုး ပါတီမှ အရွေး ခံရသောသူများဖြစ်သောကြောင့် ဗိုလ်မှူး၊ ဗိုလ်ချုပ်များဖြစ်သလို ကာကွယ်ရေးဦးစီး ချုပ်က ခန့်ထားသော တပ်မတော်သား ကိုယ်စားလှယ်များမှာလည်း အနိမ့်ဆုံး ဗိုလ်မှူးချုပ်များဖြစ်သဖြင့် လွှတ်တော် ထဲတွင် စစ်ဗိုလ်ချုပ်များ ကြီးစိုးနေ ခြင်းဖြစ်လေသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ၀န်ကြီးများကို ကြည့်လျှင် လည်း စစ်ဗိုလ်ချုပ်များပင် မဟုတ်ပါလော။ တစ်ဖန်ရွေးကောက်ပွဲကော်မရှင်ကို ကြည့် ပါက ကော်မရှင်ဥက်္ကဋ္ဌမှာ ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဖြစ်ပြီး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌလည်းဖြစ်ပါသည်။ ဆိုလိုသည်မှာ သမာသမတ် ကျသည် မကျသည်၊ ဆိုး သည်ကောင်းသည်တို့ကို ဝေဖန်နေခြင်း မဟုတ်ဘဲ အရေးပါသော နေရာများ၊ အာ ဏာရှိသော ရာထူးများကို ရရှိထားသည် မှာ စစ်အုပ်စုက စစ်ဗိုလ်ချုပ်ကြီးများဖြစ် သောကြောင့် ထောက်ပြ ရခြင်းဖြစ်သည်။ တချို့အသေးစိတ်များ သိချင်မှသိနိုင်သော် လည်း သိသာထင်ရှားသော အရေးကြီး နေရာမှန် သမျှမှာ စစ်အစိုးရလက်ထက်က တည်းက ရေးဆွဲထားသော ဇယားအတိုင်း ယခင်စစ်ကောင်စီ၏ ဆန္ဒ အရတာဝန် ယူကြရသော စစ်အုပ်စုဖြစ်သည်ကို မည်သို့ မျှ ငြင်းကွယ်၍ မရနိုင်ပေ။ ယခင်စစ် ကောင်စီ၏ ကြိုးကိုင်ပုဂ်္ဂိုလ်များသည် ထိုကဲ့သို့ ကုလားဖန်ထိုးပြီး ထိုဖဲကို ချိုးလိုက်လျှင် သူတို့ရရှိလာမည့် အကျိုးအမြတ်ကို တွက်ချက်ပြီးဖြစ်သည်။ မြန်မာနိုင်ငံကို တရုတ်သြဇာအောက်မှ ဆွဲထုတ် လိုက်သော၊ မြောက်ကိုရီးယားကို စစ်ရေး အရ မှီခိုနေသည်မှ ဖယ်ရှားလိုသော အရှေ့တောင်အာရှတွင် တရုတ်ကို ဆန့် ကျင်သည့်အနေဖြင့် အမေရိကန်မှာ မဆွတ်ခင်က ညွတ်ချင်နေလေသည်။ မြန်မာစစ်အုပ်စုက ဒီမိုကရေစီဆိုသည့် လေသံလေးဟ လိုက်သည်နှင့် အနောက် အုပ်စုသည် အမြီးနှံ့လာလေတော့သည်။ သူ့ထက်ငါ အလုအယက်ဖြင့် မြန်မာအုပ် ချုပ်သူများထံ အတင်းဝင်ဖက်၏။ သူတို့ ရင်ငွေ့ကို လှုံခိုင်း၏။ သူတို့သြဇာခံဖြစ် အောင် ကြိုးစားကြလေ တော့သည်။ ထိုလုပ်ရပ်မှာ နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ခဲ့သော အနောက်နိုင်ငံများ၏ မဟာဗျူဟာ ဖြစ်ပါသည်။ ထိုအခြေအနေ ကိုလည်း ယခင်စစ်ကောင်စီသည် တွက်ချက်ပြီးဖြစ်ပါသည်။ အနောက်အုပ်စု၏ Sanction ကို ရုပ်သိမ်းအောင်အားထုတ်ခဲ့သလို ထို Sanction ခေါ် စီးပွားရေးပိတ် ဆို့မှုကိုလည်း အမေရိကန် နှင့် အပေါင်း အပါများက ရုပ်သိမ်းလိုက်လေသည်။ ထို အတွက် အကျိုးရှိသွားသူမှာ ယခင်စစ် အာဏာရှင် များဖြစ်သော ယခုအစိုးရဖြစ် သည်။ ၃ နှစ်ကြာသွားသည့်တိုင်ဘာမှ မထူးခြားဘဲ အကျိုးမရှိဖြစ်သွားသည်မှာ ပြည်သူများဖြစ်သည်။ မည်သို့ဖြစ်စေ နှစ် ပေါင်း ၅၀ ကျော်ကြာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့သည့် စစ် အာဏာရှင် များပြီးသည့်နောက် ယခုစစ်အုပ်စုမှာ တိုင်း ပြည်ကိုအုပ်ချုပ်ဆဲဖြစ်သည်မှာ ငြင်းပယ် ၍ မရနိုင်ပေ။ ။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ