Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဆရာကြီး ဟံသာဝတီဦးဝင်းတင် မိန့်ခွန်းပြောစဉ် ထပြန်သည်ဟု ရေးသားခံရသော ရန်ကုန်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတင်အောင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရန်ကုန်တိုင်း အကြီးအကဲနေရာ လျာထားခံရ

$
0
0
““လေးစားပြီးသားပါ။ ဆရာကြီးဦးဝင်းတင်နဲ့ တို့နဲ့ ဘာမှ ဖြစ်တာမဟုတ်ပါဘူး။ ကျွန်တော့် သမီးတောင် စိတ်မကောင်း ဖြစ်နေတယ်။ ဆရာကြီးဦးဝင်းတင်နဲ့ တို့နဲ့က ယှဉ်စရာတောင် မရှိပါဘူး…””

news4
ပါတီမှ အနားယူသွားသော ကြံ့ခိုင်ရေး ရပ်ကွက်စည်းရုံးရေးမှူး အနှစ်(၂၀)နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးထွန်းရှင်(သာကေတ)အား နှုတ်ဆက်အားပေးနေသော ဦးတင်အောင်ကို တွေ့ရစဉ်
ရန်ကုန်၊ မတ်၊ ၂၆
မြန်မာသံတော်ဆင့် (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ပေးပို့သော သ၀ဏ်လွှာများကို လာရောက် ဖတ်ကြားပေးသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်အောင်သည် လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကော်မတီ အကြီးအကဲ နေရာဖြစ်သည့် တိုင်းအတွင်းရေးမှူး ရာထူးအတွက် လျာထားခြင်း ခံထားရကြောင်း ပါတီဗဟိုကော်မတီဝင် ဦးလှထွန်းဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဦးတင်အောင်သည် ကြံ့ခိုင်ရေးအသင်း စတင်ဖွဲ့စည်းစဉ်မှစ၍ မြို့နယ်၊ ခရိုင်၊ တိုင်း၊ အလုပ်အမှုဆောင် အဖွဲ့တို့တွင် အတွင်းရေးမှူး/ အလုပ်အမှုဆောင် တာဝန်များနှင့် ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ယာဉ်လိုင်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ပြီး ပထမဆုံး ကြံ့ခိုင်ရေး အထည်ချုပ်လုပ်ငန်း နှင့် တက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းများ စတင်ဖွင့်လှစ်ခဲ့ကာ ယခင်တိုင်းမှူး(ယခု ၀န်ကြီးချုပ်) ဦးမြင့်ဆွေ ကြီးမှူး ကျင်းပသော ရန်ကုန်တိုင်းယာဉ်လိုင်း အစည်းအဝေးများတွင် ပုံမှန်တက်ရောက်ရပြီး ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင်များ၏ အားကိုး ယုံကြည်မှုကို ခံထားရသူတစ်ဦးလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ၀ါရင့်သတင်းစာဆရာကြီး NLD ပါတီ သဘာပတိ ဟံသာဝတီ ဦးဝင်းတင် မိန့်ခွန်းပြောကြားစဉ်၌ ထပြန်သွားခဲ့ကြောင်း မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်တွင် ရေးသား ဖော်ပြခြင်း ခံခဲ့ရပြီး ယခင်စစ် အစိုးရအမာခံ တစ်ဦးအနေဖြင့် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်၏ မိန့်ခွန်းသြ၀ါဒကို နာကြားလိုခြင်း မရှိကြောင်း ဝေဖန် ရေးသားခြင်းလည်း ခံခဲ့ရသည်။
news4-1
လွှတ်တော်ဒုဥက္ကဋ္ဌဦးတင်အောင်၊ ဒေါက်တာမြင့်သိန်း(ရန်ကုန်တက္ကသိုလ်)နှင့် အထွေထွေမန်နေဂျာဦးမျိုးမြင့်မောင်(ယခင် စာပေကင်ပေတိုင် တစ်ဦးအဖြစ် နာမည်ကြီးခဲ့သော စာပေစိစစ်ရေးညွှန်ကြားရေးမှူးဟောင်း/ယခုရွှေသွေးဂျာနယ်စာတည်းမှူးချုပ်၊ မျိုးမြတ်မြတ်မြင့်မောင်)တို့ကို မြန်မာသံတော်ဆင့် နှစ်ပတ်လည်ညစာစားပွဲ၌ တွေ့ရစဉ်။

ဟံသာဝတီ ဦးဝင်းတင် မိန့်ခွန်း ပြောကြားစဉ် ရည်ရွယ်ချက်ရှိရှိ ထပြန်ခဲ့ခြင်း မဟုတ်ကြောင်းကို ““ငါက အဲဒီ သဘောမဟုတ်ပါဘူး။ ဆရာကြီး ဦးဝင်းတင်ကို လေးစားပြီးသားပါ။ ဆရာကြီးဦးဝင်းတင်နဲ့တို့နဲ့ ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော့်သမီးတောင် စိတ်မကောင်း ဖြစ်နေတယ်။ ဆရာကြီး ဦးဝင်းတင်နဲ့ တို့နဲ့က ယှဉ်စရာ တောင်မရှိပါဘူး။ တကယ်တော့ သူတို့အမြင် အယူအဆမှားတာပါ။ အခမ်းအနား မစခင်ကတည်းက သွားစရာရှိလို့ စောပြန်မယ်လို့ ကြိုပြီး ခွင့်ပန်ထားပြီးသားပါ”ဟု ဦးတင်အောင်က မြန်မာသံတော်ဆင့်သို့ ဖုန်းဖြင့် ဆက်သွယ်၍ ပြောကြားသည်။

ထိုနေ့တွင် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတင်အောင်နှင့်အတူ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ကိုယ်စား ပုံနှိပ်/ ထုတ်ဝေရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်မောင် (ယခင် စာပေကင်ပေတိုင် တစ်ဦးအဖြစ် နာမည်ကြီးခဲ့သော စာပေစိစစ်ရေး ညွှန်ကြားရေးမှူးဟောင်း/ ရွှေသွေးဂျာနယ် စာတည်းမှူးချုပ်၊ မျိုးမြတ်မြတ် မြင့်မောင်)နှင့် မြန်မာစာအဖွဲ့ဝင် ဒေါက်တာထွန်းတင့်တို့လည်း အခမ်းအနားသို့ အတူတကွ တက်ရောက် ခဲ့ကြကာ ဦးမျိုးမြင့်မောင်နှင့် ဒေါက်တာထွန်းတင့် တို့လည်း တာဝန်အရ နေပြည်တော်သို့ သွားရောက်ရန် အခမ်းအနား မပြီးဆုံးမီ ထွက်ခွာသွားခဲ့ကြသည်။

လက်ရှိတွင် ပါတီတွင်း ခေါင်းမာပြီး တိကျစွာ တာဝန်ယူလေ့ရှိသော ရန်ကုန်တိုင်းဒေသကြီး ပါတီ ကော်မတီဝင်နှင့် ပါတီဗဟိုကော်မတီဝင် တာဝန်များ ရယူထားသည့် တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဦးတင်အောင် သည် ကွယ်လွန်သွားသော ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဦးအေးမြင့်၏ နေရာတွင် လျာထားခြင်း ခံထားရသော အခြေအနေနှင့် စပ်လျဉ်း၍လည်း ““ကျွန်တော် တိုင်းအတွင်းရေးမှူး မဖြစ်သေးပါဘူး။ ထင်မြင် ချက်တွေ ဖြစ်ပါလိမ့်မယ်။ အော်ဒါထွက်မှာလည်း မသိသေးဘူး။ အခု ဦးသာဝင်းလည်း အဆင်ပြေပါတယ်။ သူက စီနီယာလည်း ဖြစ်တယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရန်ကုန်တိုင်း ပါတီကော်မတီတွင် ကြံ့ခိုင်ရေး စတင်ဖွဲ့စည်းစဉ်က စီနီယာ(၄)ဦး ရှိပြီး ယခုအခါ ဦးသာဝင်း (ယာယီတိုင်းအတွင်းရေးမှူး/ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးတင်မောင်ဝင်း (ပြည်သူ့လွှတ်တော် ရေးရာကော်မတီ အတွင်းရေးမှူး)၊ ဦးမင်းသိမ်း (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)တို့ (၃)ဦး ကျန်ရှိသည်။

ကြံ့ခိုင်ရေး ဖွဲ့စည်းပုံတွင် အဆင့်ဆင့် အတွင်းရေးမှူးများသည် လုပ်ပိုင်ခွင့်အရှိဆုံး နေရာများဖြစ်ပြီး ကြံ့ခိုင်ရေးအသင်း ကောင်းစားစဉ်က အတွင်းရေးမှူးများ၏ မလျော်ကန်သော လုပ်ဆောင်ချက်များကို ခံကြရသည့် ကေဒါအချို့နှင့် အလုပ်အမှုဆောင်များက ““ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် အတွင်းရေးမှူးများ ဖွံ့ဖြိုးရေးအသင်း”" ဟူ၍လည်း ပြောဆိုမှုများရှိခဲ့သည်။ ယခုအခါ ဖွဲ့စည်းပုံအရ တိုင်းပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း တို့က တိုင်းပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များကို တာဝန်ခံထားသည်။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>