ဘွဲ့ရပြီးရင် ဘာလုပ်မယ် .... ဝမ်းရေးအတွက် ပဲပြုတ်ရောင်းမယ်....ဂျာနယ်ရောင်းမယ်...
ယနေ.ညနေ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ငါးခုမှ အမျိုးသားပညာရေး
ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြတွင် Performance ပြသခဲ့သော
ဘွဲဝတ်စုံ နဲ့အလုပ်ကြမ်းလုပ်မယ်၊ ဈေးရောင်းကြမယ် မောင်တို့ မယ်တို့ပြကွက်။
( ဓါတ်ပုံ- ထက်နောင်နောင် )
ယနေ့ညနေ ၃နာရီခန့်က ရန်ကုန်မြို့၊ လှည်တန်းလမ်းဆုံအနီးရှိ ဦးထွန်းလင်းခြံလမ်းတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ငါးခုမှ ကျောင်းသား(၂ဝ)ကျော်က ပြည်သူ့လွှတ်တော်
တွင် အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
“အရင်တုန်းက လက်တွဲခဲ့တာက ယုံကြည်ရမယ်ထင်လို့ လက်တွဲခဲ့တာ၊ အခုချိန်မှာတော့ အစိုးရကော လွှတ်တော်ကိုပါ ဘယ်လိုမှ ယုံကြည်လို့မရတော့တဲ့ အခြေအနေရောက်
လာခဲ့လို့ ဒီနေရာမှာ လာရောက်ဆန္ဒထုတ်ဖော်တာပါ”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က ပြောသည်။
ကျောင်းသားများသည် အမျိုးသားပညာရေးကောင်စီ အလိုမရှိ၊ ပညာရေးလွတ်လပ်ခွင့် ရရှိရေး၊ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ရေး၊ အမျိုးသားပညာရေးဥပဒေ ကန့်ကွက်ကြ၊
ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေး၊ NNER နှင့် သုံးပွင့်ဆိုင် တွေ့ဆုံ
ဆွေးနွေးရေး စသည့်အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတရုံးကဦးဆောင်သည့် လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ(EPCI)က ရေးသားပြီး ပြီးခဲ့သည့် မတ် ၁၃ရက်တွင် လွှတ်တော်သို့တင်သွင်းခဲ့သည့် ပညာရေးဥပဒေမူကြမ်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး
ဆိုင်ရာကွန်ရက် (NNER)ကလည်း အမျိုးသားပညာရေးကောင်စီ/ကော်မတီနှင့်တကွ ဗဟိုချုပ်ကိုင်မှုကိုကျင့်သုံးသည့် အဆိုပါ ပညာရေးဥပဒေ ကိုဆန့်ကျင်ကန့်ကွက်ကြောင်း မတ်လ ၂၇ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ - ထက်နောင်နောင်