photo.Aye Kyaw
ဘဘ ဦးဝင်း တင် အမြန်ဆုံး ကျန်းမာ ရေး ပြန်လည် ကောင်းမွန်ရေး အတွက် ရန်ကုန်ဆေးရုံကြီး ရှေ့မှာ ဆုတောင်းပွဲ။
============================================
၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက်၊ နေ့လည် ၁၂ နာရီ သတင်းစာဆရာကြီး အဘဦးဝင်းတင်၏ အခြေအနေမှာ ယနေ့နေ့လည်ပိုင်းတွင် သွေးဝမ်းသွားမှုကို အကြောင်းပြုလျက် စိုးရိမ်ရသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရသည်။
သမားတော်ကြီးများပါဝင်သော အဖွဲ့မှ အနီးကပ်ကြပ်မတ်ကုသလျက်ရှိပြီး၊ သွေးထွက်သည့်
အကြောင်းအရင်းကို ရှာဖွေနေဆဲဖြစ်သည်။ သွေးမှာ fresh blood ဖြစ်ပြီး၊ သွေးပေါင်ချိန်
နှင့် သွေးခုန်နှုန်းမှာ ကောင်းမွန်သည်ဟု သိရှိရသည်။
ရန်ကုန်ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်အနေဖြင့်၊လိုအပ်ပါက သွေးသွင်းကုသနိုင်ရန်
အဆင်သင့်ပြင်ဆင်ထားကြောင်းလည်း သိရှိရသည်။သွေးဝမ်းဓာတ်ခွဲစစ်ဆေး မှုကို အရေးပေါ်ပြုလုပ်လျက်ရှိသည်။ သွေးထွက်ရသည့်အကြောင်းအရင်းကို ရှာဖွေနေဆဲ
ဖြစ်သည်။
ညနေပိုင်းတွင်အဘဦးဝင်းတင်ကို သွေးသွင်းကုသပေးလျက်ရှိသည်ဟု သိရှိရသည်။ နာယကကြီး ဦးတင်ဦး ထပ်မံလာရောက် သတင်းမေး၊ အားပေးခဲ့သည်။
ပြည်သူလူထု၏ ဆုတောင်းသံများ ပိုမိုကျယ်လောင်လာရန် လိုအပ်လျက်ရှိနေသည်။
သမားတော်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ နှင့် ၀န်ထမ်းများအနေဖြင့် အစွမ်းကုန်
ကြိုးစားကုသပေးလျက်ရှိသည်။ ၀ိုင်းဝန်းဆုတောင်းကြရန် ဆော်သြလိုပါသည်။
(ဒေါက်တာရန်မျိုးသိမ်း)