မရမ်းကုန်း၆ရပ်ကွက်မှာ အိမ်ခြေ၂၉၃လုံးကို အဓမ္မသိမ်းယူခဲ့မှုနဲ့ပက်သက်ပြီး သိမ်းယူခံလိုက်ရတဲ့ပြည်သူ ၇၀ကျော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ကို လာရောက်ပြီး အကူအညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာရောက်တဲ့ ပြည်သူတွေကိုထွက်ပြီး တွေ့ဆုံခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်က တိတိကျကျအဖြေမပေးနိုင်ပေမယ့် ဒီကိစ္စနဲ့ပက်သက်ပြီးအကူအညီပေးသွားမယ်လို့ ပြည်သူတွေကိုပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ် ။
Author- နန်းလွင်
Kumudra
Author- နန်းလွင်
Kumudra