Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မလေးရှားလေယာဉ် ဆန်းကြယ်စွာ ပျောက်ဆုံးမှုကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း မလေးရှားရဲချုပ် ပြောကြား

$
0
0
ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေမှုတွင် ပါဝင်မည့် ဗြိတိန်နျူကလီးယား ရေငုပ်သင်္ဘော HMS Tireless ဂျီဘရော်တာဆိပ်ကမ်းသို့ ချဉ်းကပ်လာစဉ် (Photo:AFP) -

မလေးရှား လေကြောင်းလိုင်းလေယာဉ် ခရီးစဉ်အမှတ် MH370 ဆန်းကြယ်စွာပျောက်ဆုံးမှု အကြောင်းအရင်းကို အာဏာပိုင်များသည် မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ကြောင်း မလေးရှားရဲချုပ်က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။ လေယာဉ်ပျောက်ဆုံးမှုကို ရာဇ၀တ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ သီတင်းပတ် သုံးပတ်ကျော် ကြာမြင့်လာခဲ့ပြီး ကောက်ချက်မချနိုင်သေးကြောင်း၊ အချိန်ထပ်ပေး စေလိုကြောင်း ရဲချုပ်ခါလစ်အဘူဘာကာက ကွာလာလမ်ပူတွင် ပြောကြားခဲ့ကြောင်း Dow Jones Newswires က ဖော်ပြခဲ့သည်။

လေယာဉ်ပေါ် လိုက်ပါသူ တစ်ဦးဦးက လေယာဉ်ကို လမ်းကြောင်းပြောင်း ပျံသန်းစေခဲ့သည်ဟု မလေးရှားက ယူဆသဖြင့် လေယာဉ်မှူး ဇာဟာရီနှင့် တွဲဖက်လေယာဉ်မှူးတို့၏ အကြောင်းကို စစ်ဆေးနေသည်။ ဇာဟာရီ၏အိမ်တွင် တပ်ဆင်ထားသည့် လေယာဉ်မောင်းလေ့ကျင့်ရေး ပုံစံတူကိရိယာမှ သဲလွန်စ တစ်စုံတစ်ရာ ရရှိရန် မလေးရှား ရဲတပ်ဖွဲ့နှင့် အက်ဖ်ဘီအိုင်တို့က စစ်ဆေးနေသော်လည်း ခိုင်လုံသော သဲလွန်စ မရသေးကြောင်း ခါလစ်က ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ၂၃၉ ဦးသာမက လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်အင်ဂျင်နီယာတို့၏ နောက်ကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုသည် လေယာဉ်ပြန်ပေးဆွဲမှု၊ အဖျက်အမှောင့်လုပ်ရပ် သို့မဟုတ် လေယာဉ်ပေါ် လိုက်ပါသွားသူများအကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို အဓိကထားကြောင်း သိရသည်။

မလေးရှားလေယာဉ်ပေါ် လိုက်ပါခဲ့သူ ၂၂၇ ဦး၏ သုံးပုံနှစ်ပုံမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့၏ ဆွေမျိုးများက မလေးရှားအစိုးရနှင့် လေကြောင်းလိုင်းကို “လူလိမ်များ” နှင့် “လူသတ်သမားများ” ဟု ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည်။

Ref:AFP
http://www.news-eleven.com/

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>