Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သိုက် တူးမဲ့သူတွေ လာပါပြီ ---Hlaing Oo

$
0
0
လပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ အကြိမ်ပေါင်းများစွာ ရွှေဆိုင်းခံခဲ့ရတဲ့ မြန်မာ့ကမ်းလွန်ရေတိမ် ရေနက် လေလံအောင်စာရင်း
ပြီးခဲ့တဲ့ သတင်းပတ်က ပေါ်ထွက်လာခဲ့ပါတယ်။ ဦးဦးဖျားဖျား ဧရာဝတီ ဝက်ဆိုဒ်မှာ ဖတ်ရပါတယ်။
ဧရာဝတီ ဆောင်းပါးမှာ မြန်မာစွမ်းအင် ဖေ့ဘုတ်ကို ညွှန်ထားလို့ အပြေးအလွှားကြည့်လိုက်ရပါတယ်။
ရေတိမ်အကွက်တွေမှာ ပြည်တွင်းက ဘယ်သူတွေပါ သလဲ ဆိုတာကိုလည်း သိချင်နေလို့ပါ။
ဒါပေမဲ့ အဲဒီဝက်ဆိုက်မှာ အကွက်နံပါတ်နဲ့ ပြည်ပကုမ္ပဏီ နာမည်ကိုသာတွေ့ရပါတယ်။

ထုံးစံအတိုင်း အင်တာနက် မှာဘဲ ရှာဖတ်ရပါတယ်။
မနှစ် ဧပြီလက အခု လေလံပွဲကို တင်ခဲ့ တဲ့ အကွက်ပေါင်း ၃၀(ရေနက်၁၉+ရေတိမ်၁၁) စာရင်းထွက်လာရာမှာ နာမည်ကျော် ခရိုနီကြီးများ ရယူထားတဲ့ ရေတိမ်အကွက် ၃ကွက်ဟာ လေလံစာရင်းထဲမှာ ပါနေတာကလည်းစိတ်ဝင်စားစရာ တချက်ဖြစ်ခဲ့ပါတယ်။
ခရိုနီကြီးများ ဟာ ဆန်ရှင် ထိထားသူများဖြစ်နေတော့ ၄င်းတို့ရဲ့ တွဲဘက် ပြည်ပကုမ္ပဏီ အနေနဲ့ မလှုပ်သာမလူးသာ ဖြစ်နေလို့ ခရိုနီများကို စွန့်ခွာသွားခဲ့လို့လား၊ တွဲဘက် ပြည်ပကုမ္ပဏီများ ဘိုင်ကျသွားလို့ ပြန်အပ်လိုက်တာလား စသဖြင့် စဉ်းစားရင်း ဒီလေလံအောင်စာရင်းကို လပေါင်းများစွာနဲ့ စောင့်ခဲရတာပါ။

ခရိုနီကြီးများပိုင်ခဲ့တဲ့ ရေတိမ်အကွက်များကတော့ A4 A5 နဲ့ A7 သုံးကွက်ဖြစ်ပါတယ်။ ပုံမှာ အနီရောင်လိုင်းများဖြင့် ညွှန်ပြထားပါတယ်။

-- A4 --
A4 ဟာ စတီဗင်လော ရခဲ့တဲ့ အကွက်ပါ။ တရုပ်ကုမ္ပဏီ CNOOC တွဲပြီးကိုင်ခဲ့တဲ့ အကွက်ပါ။ ၂၀၀၉နှစ်အထိ အဲဒီအကွက်မှာ ဘာမှ စ မလုပ်ရသေးဘူးလို့ ဝီကီလိ ကြေးနန်းများမှာဖတ်ခဲ့ဘူးပါတယ်။ တကယ်တော့ စတီဗင်လော ဟာA4 တင်မက M2 နဲ့ M10 ပါ ရထားသူပါ။ သို့သော် ၂၀၀၈မှာ M2 ကို CNOOC က ဘာမှမလုပ်နိုင်ဘဲ MOGE ထံ ပြန်အပ်ခဲ့ရပါတယ်။
M10 မှာတော့ ဒေါ်လာသန်း၅၀ လောက်သုံးခဲ့တယ်။ နောက်ထပ် သန်း၁၀၀လောက်ထိသုံးစွဲဘို့စီစဉ်ထားပေမဲ့ နောက်ထပ်ဆိုက်စမစ် တိုင်းတာရေးများကို ဘယ်အကွက်မှာမှ လောလောဆယ်လုပ်နိုင်မှာမဟုတ်ဘူးလို CNOOC ဥက္ကဌ က ပြောကြောင်း ဝီကီလိမှာ ရေးထားပါတယ်။ တကယ်ကို နောက်ထပ်ဘာမျှမလုပ်နိုင်ဘဲ၊ M2 ကို ပြန်အပ်ခဲ့သလို A4 ကိုလည်းအဲဒီနောက်ပိုင်းမှာပြန်အပ်ခဲ့ရဟန်တူပါတယ်။
အခု အဲဒီ A4 ကို Woodside + BG က ရသွားပါပြီ။ ဒေသခံ တွဲဘက် ပါတနာကတော့ A6 အကွက်ပိုင်ရှင် မိုက်ကယ်မိုးမြင့်ဘဲဖြစ်ပါတယ်။အဲဒီ A4ကို မိုက်ကယ်မိုးမြင့်ရဲ့ MPEP က ၁၀%ရှယ်ရာ လို့ဆိုပါတယ်။

-- A5 --
A5 က တော့ ကျနော်တို့ရဲ့ အချစ်တော် အောင်သောင်းကြီးရဲ့ သားညီနောင်ရထားတဲ့ အကွက်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်းခရိုနီများဟာ တကွက်ထဲမယူပါဘူး M1 ဆိုတဲ့ မုတ္တမ ခေါင်းလောင်းပုံ အကွက်ကိုလည်း သူတို့ပိုင်ပါတယ်။ ၂၀၀၇ မှာ မလေးရှားကုမ္ပဏီ Rimbunan Petrogas နဲ့ နှစ်၃၀ ရှယ်ယာတွဲဘက် အဖြစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၀၈ ကုန်ခါနီးမှာ Rimbunan Petrogas ဟာ ငွေကြေးကြပ်တည်းမှု ကြောင့် A5 အကွက်က နှုတ်ထွက်သွားတယ်လို့ ဝီကီလိမှာ ဖတ်ရပါတယ်။ စွမ်းအင်ဌာန က MOGE ကို ဒီညီနောင်မှာ နောက်ထပ် တွဲဘက်ပါတနာကုမ္ပဏီ ရှာမတွေ့သေးခင် အဲဒီအကွက်ကို ထိန်းသိမ်းထားစေဘို့ အခွင့်ပေးဘို့ပြောပါသတဲ့။ ဥပဒေအရဆိုလျင် နိုင်ငံခြား တွဲဘက်ပါတနာကုမ္ပဏီ ထွက်သွားလျင် အဲဒီအကွက်ကို MOGE ထံပြန်အပ်ပြီး တင်ဒါအသစ်ခေါ်ရမှာပါ။ ဒါကို တင်ဒါအသစ်မခေါ်စေဘဲ ပါတနာအသစ်ကိုသာ ရှာစေခဲ့ပါတယ်။ ညီနောင် ၂ပါးဟာ အိန္ဒိယ ပိုင် Reliance ကုမ္ပဏီကို ၂၀၀၉ မှာ ရသွားတယ်လို့ ဝီကီလိမှာရေးထားပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဘယ်လိုဖြစ်တယ် ဆိုတာ ဝီကိ ကလည်း ထပ် မ "လိ" တော့တာမို့ မသိနိုင်တော့ပါ။ ညီနောင် ၂ပါးဟာ နောက်ဆုံးမတော့ A5 ကို ပြန်အပ်လိုက်ရဟန်ရှိပါတယ်။ ဒါကြောင့်လည်း အခုလေလံမှာ A5 ဟာပြန်ပါလာခဲ့တာပါ။
A5 ကို Cheveron က အခု ရသွားပါပြီ။ ဒေသခံမြန်မာကုမ္ပဏီ Royal Marine Engineering (RME) ဟာ Cheveron ရဲ့တွဲဘက်ပါတနာပါ။ Cheveron က ၉၉% ပိုင်ပြီး Royal Marine Engineering (RME) က ၁% ပိုင်တယ်လို့ Cheveron ဝက်ဆိုဒ်မှာ ဆိုပါတယ်။

-- A7 --
A7 ကတော့ အများသိကြတဲ့ ခရိုနီကြီးတေဇရဲ့ လက်အောက်ခံ Silver Wave ကုမ္ပဏီ ပိုင်ခဲ့တဲ့အကွက်ပါဘဲ။ Silver Wave ဟာ ၂၀၀၆ နှစ်ကုန်ပိုင်းမှာ အိန္ဒိယကုမ္ပဏီ GAIL နဲ့ ပူးပေါင်းပြီး A7 အကွက်ကိုလုပ်ကြဘို့ စာချုပ် ချုပ်ဆိုခဲ့ကြတာပါ။ Silver Wave က ၇၀% GAIL က ၃၀% ပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီနောက် မရှေးမနှောင်းမှာ Silver Wave ဟာ ရုရှား ကုမ္ပဏီ Sputnik နဲ့ ကုန်းပေါ် B2 အကွက် (စစ်ကိုင်းတိုင်း)မှာ ရေနံရှာဖွှေရေးလုပ်ကြဘို့စာချုပ် ချုပ်ကြပြန်ပါတယ်။ အဲဒီမှာ ၂တွင်း တူးလိုက်တာမှာ ရေနံလဲမရ ဂက်စ်လဲမရတဲ့ တွင်း ခြောက် ဖြစ်နေခဲ့ပါတယ်။ဒေါ်လာ သန်း၆၀လောက်ကုန်သွားပြီး ငွေကြေးအကြပ်အတည်းဆိုက်ခဲ့တဲ့ အပြင် A7 ရဲ့ ပါတနာ အိန္ဒိယကုမ္ပဏီ GAIL က A7 အကွက်ရဲ့ အလားအလာများကို သိပ်အားမရလို့ A7မှာ သူပိုင် ရှယ်ယာများကို Silver Wave ကို ရောင်းခဲ့ပြီး ခွာ သွားခဲ့ပါတယ်လို့ ဝီကီလိမှာဖတ်ရပါတယ်။ (တချို့သတင်းများမှာတော့ အိန္ဒိယဟာ ရွှေ ဂက်စ် သူ့ကို မရောင်းလို့ စိတ်ကောက်ပြီးထွက်သွားတာလို ဆိုကြပါတယ်)။
Silver Wave ဟာ A7မှာ ၂တွင်း၂၀၀၉မှာ တူးရမှာ ဖြစ်သော်လည်း မတူးနိုင်ဘဲ ပြန်အပ်ခဲ့ရဟန်တူပါတယ်။ ဒီတခေါက် လေလံမှာ A7 ကို Woodside + BG ကရပြန်ပါတယ်။ ဒေသခံ တွဲဘက် ပါတနာ ကလည်း ကပ်ရက် A6 ပိုင်ရှင် မိုက်ကယ်မိုးမြင့်ရဲ့ MPEP ဖြစ်ပြန်ပါတယ်။ ဒီမှာလဲဘဲ မိုက်ကယ်မိုးမြင့်ရဲ့ MPEP က ၁၀%ပါဘဲ။

၂၀၁၂မှာ မိုက်ကယ်မိုးမြင့်ရဲ့ A6 အကွက်ဟာ ဂက်စ် အကြောကို ထိခဲ့ တဲ့အခါမှာ တော့ A4 A5 A7 အကွက်တွေကို လက်လွှတ်ခဲ့ရသူများအတွက်ရင်ထုမနာ ဖြစ်စရာပါဘဲ။ ဗိုလ်ချုပ်ကြီးက အခွင့်ရေးပေးခဲ့သော်လည်း ရွှေပင်လယ်က လက်မခံခဲ့ပါဘူး။ တနေ့ တနေ့ကို
ဒေါ်လာ တသိန်း တသန်း အနည်းဆုံးဥ ပေးမဲ့ အကွက်ကောင်းများကို လွဲခဲ့ရပါပြီ။

ပုံကို ကြည့်လိုက်ပါ။
ရခိုင်ကမ်းမြှောင် ထိပ်ဆုံးက အနီစက်ကလေး သုံးစက် (ရွှေ) နဲ့
မြစ်ဝကျွန်းပေါ်အောက်နားက အနီစက် (ရတနာ)ကို မျဉ်းဖြောင့်လေးတကြောင်း မျက်စေ့နဲ့ စိတ်ကူးလေးနဲ့ ရေးဆွဲကြည့်လိုက်ပါ။ အဲဒီမျဉ်းဖြောင့် လေးဟာ A7 A6 A5 A4 တို့ကို ဖြတ်သန်းသွားတာကို မိတ်ဆွေ မြင်တွေ့ရပါမယ်။ စောင့်ကြည့် ကြ ရအောင်ပါ။

ဒီတချီ ဒီအကွက်တွေကို ရယူကြသူများရဲ့ ခေါင်းထဲမှာက ရေနံနဲ့ဓါတ်ငွေ့ကို ပထမ ထား တွေးဆပြီး လုပ်မဲ့သူတွေပါ။ သိုက်တူးမဲ့သူတွေပါ။

တကယ့် ရေနံနဲ့ဓါတ်ငွေ့သိုက်ကို တူးမဲ့သူတွေပါ။

ငွေ ကိုသာအာရုံထားပြီး ငွေသိုက်ကို တူးချင်ကြသူများနောက် ဆုတ်ပေးလိုက်ရပါပြီ။

တကယ့်သိုက် ကို တူးမဲ့သူတွေ အဲဒီအကွက်တွေကို ဝင်ရောက်လာပါပြီ။

Hlaing Oo

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>