ဆရာတို့ အဘတို့ရယ်
ကျနော်တို့ဟာ လူဆိုးတွေ မဟုတ်ကြပါဘူးခင်ဗျာ။
ဓါးမဦးချ ကျနော်တို့ နေထိုင်ဝမ်းကျောင်းလာခဲ့တဲ့မြေက
ို
တပ်ပိုင် တံဆိပ်ကပ်
ပြောင်းပြောင်းဆိုတော့ ကျနော်တို့ပြောင်းခဲ့ပြေးခဲ့ရ.. ..
![]()
![]()
ဝရဇိန်လက်နက် သိကြားစက်
ဘွဲ့ဖြူလက်နက် ဘီလူးစက် ... တဲ့။
ဝရဇိန်တွေ ဘွဲ့ဖြူတွေထက်ဆိုးတဲ့
ဘူဒိုဇာလက်နက် 'မင်း'တို့စက်ကြောင့် ကျနော်တို့မှာ ...
နေစရာ မြေမရှိ၊ သေစရာ မြေမရှိ။
![]()
![]()
![]()
ဒီလိုနဲ့ ရေကြည်မြက်နုရာ
အသက်ရှူပေါက်ကလေးချောင်ရာနောက်
ကျနော်တို့တွေ လိုက်ခဲ့မိ။
ကျနော်တို့ဟာ လူဆိုးတွေ မဟုတ်ကြပါဘူးခင်ဗျာ။
![]()
ကံဆိုးသူ သွားလေရာမှာ မိုးလိုက်ရွာသလိုပါကလား
ကျနော်တို့သွားလေရာမှာ
သေနတ်ကြီးတွေ ဒိုင်းကြီးတွေကာလို့
ကျနော်တို့မှာ ဘာအပြစ်များရှိလို့လဲ
အ၀တ်တစ်ထည်စီ ကိုယ်တစ်ခုစီနဲ့
ကျနော်တို့က
မျက်ရည်စက်လက် စွန့်ခွာရသူတွေပါ။
![]()
နည်းနည်းလေးမှ မသနားတော့ဘူးလား
နည်းနည်းလေးမှ ကိုယ်ချင်းမစာတော့ပြီလား
ပြေးစရာ မြေမရှိရင် ကျနော်တို့တွေဘာလုပ်ကြရမလဲ
ကျနော်တို့ ...
သေလိုက်ကြရတော့မှာလား။
![]()
ဒီကောင်တွေကို အသက်ရှူပေါက်မပေးနဲ့
ဒီကောင်တွေကို လွတ်မြောက်ခွင့်မပေးနဲ့
ဒီမှာ သေချင်သေ
ဒါမှမဟုတ်လည်း သေ
ဒီလိုပဲ စေတနာရှိလေရော့သလား။
![]()
ဆရာတို့ အဘတို့ရယ်
ကျနော်တို့ဟာ လူဆိုးတွေ မဟုတ်ကြပါဘူးခင်ဗျာ။
ကျနော်တို့ကို လွတ်မြောက်ခွင့်ပေးပါ
ကျနော်တို့ကို ဆက်အသက်ရှင်ခွင့်ပေးပါ
ကျနော်တို့ကို စာနာစိတ်ကလေးထားကြပါဦးဗျာ။
![]()
Written by Thorn Nay Soe
ကျနော်တို့ဟာ လူဆိုးတွေ မဟုတ်ကြပါဘူးခင်ဗျာ။
ဓါးမဦးချ ကျနော်တို့ နေထိုင်ဝမ်းကျောင်းလာခဲ့တဲ့မြေက
တပ်ပိုင် တံဆိပ်ကပ်
ပြောင်းပြောင်းဆိုတော့ ကျနော်တို့ပြောင်းခဲ့ပြေးခဲ့ရ..