Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အခြေခံဥပဒေနဲ့ ပါတ်သတ်ပြီး -ဟံသာဝတီဦးဝင်းတင်

$
0
0
"ကျွန်တော့်အယူအဆကတော့ ကျွန်တော့်မှာ ကိုယ်ပိုင်နိုင်ငံရေးသဘောထားရှိပါတယ်။ တချို့ကတော့ ပါတီရဲ့သဘောထားအတိုင်း လုပ်ရတာရှိသလို၊ ပါတီနဲ့ မတူညီတာတွေလဲ ရှိပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပါတ်သတ်ပြီး အခြေခံဥပဒေက အသစ်ပြန်လည်ရေးဆွဲရမယ်လို့ ထင်တယ်။ ဒီဥပဒေက စစ်အာဏာရှင်စနစ် အခြေခိုင်ဖို့ အုတ်မြစ်ချနေတာပဲ။ ဒါနဲ့သာသွားရင် တကယ့်ဒီမိုကရေစီစနစ်ကို ရောက်နိုင်ဖို့ လမ်းမရှိဘူး။ ရောက်နိုင်ဖို့ မလွယ်ဘူး။

ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဆိုးတွေ အမြစ်စွဲနေတာတွေကို နုတ်ပစ်နိုင်မယ့် အနေအထားမရှိဘူး။ ဒါ့ကြောင့် အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲသင့်တယ်လို့ ဆန္ဒရှိတယ်။

ကျွန်တော်တို့ ပါတီက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာတော့ မသိသေးဘူး။ အခုလဲ လူထုဆန္ဒခံယူတာတွေ လုပ်နေတာရှိတယ်။ လူထုရဲ့ အဆုံးအဖြတ်နဲ့ ပါတီက ရပ်တည်သွားဖို့ ရှိတယ်။

ပါတီဆန္ဒ လူထုရပ်တည်ချက်အတိုင်း ကျွန်တော်ကလဲ ရပ်တည်သွားမှာပါ"

ဟံသာဝတီဦးဝင်းတင်
Ven Kind Ness



Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>