Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သီးသန့်နားနေခန်းများ ထည့်သွင်းတည်ဆောက်ထားသည့် မဏ္ဍပ်များကို ဖျက်သိမ်းသည့်အထိ အရေးယူမည်

$
0
0
သင်္ကြန်မဏ္ဍပ် တည်ဆောက်ရာတွင် အမြင်မတော်သည့် သီးသန့်နားနေခန်းများကိုထည့်သွင်းတည်ဆောက်ပါက ဖျက်သိမ်းသည်အထိ အရေးယူ
ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတည်ဆောက်နေသည့်မဏ္ဍပ်များတွင်လည်း ယင်းကဲ့သို့သီး သန့်နားနေခန်းများ တည်ဆောက်ထား မှုရှိမရှိကိုသင်္ကြန်မဏ္ဍပ်စည်းကမ်းထိန်း သိမ်းသိမ်းရေးကော်မတီနှင့်ခရိုင်မြို့ နယ်တာဝန်ရှိသူများက စစ်ဆေးသွား မည်ဖြစ်ကြောင်း အထက်ပါ
ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မဏ္ဍပ်များတွင် သီးသန့်နားနေခန်းများ ဆောက်လုပ်ထားသည်ကို တွေ့ရှိပါက ဖျက်သိမ်းခိုင်း
မည်ဖြစ်သဖြင့် မဏ္ဍပ်စီစဉ်ကြီးကြပ်သူများကိုလည်း ယင်းကဲ့သို့မဖြစ်စေရန်အတွက် တာဝန်ယူလက်မှတ်ထိုးခိုင်းသွားမည်ဖြစ်ကြောင်း ယင်းက
ဆက်လက်ပြောသည်။ သင်္ကြန်မဏ္ဍပ်စည်းကမ်းထိန်း သိမ်းရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက “သာမန်နားနေခန်းဆောက်တာကိုတော့ခွင့်ပြု
တယ်။ ဒါပေမဲ့ နှစ်ယောက် သီးသန့်အခန်းလိုဟာမျိုးထည့်ဆောက်ထားရင်တော့ ဖျက်သိမ်းခိုင်းရမှာပဲ။ ဒါကိုမှ ထပ်မလိုက်နာရင်တော့ နောက် တစ်ဆင့်တက် အရေးယူမှုတွေလုပ်မှာပါ”ဟု ပြောသည်။ ယင်းအပြင်သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေးအတွက် စီစီတီဗွီကင်မရာများကို တပ်ဆင်
ထားခြင်းရှိမရှိကိုလည်း သက်ဆိုင်ရာမြို့နယ် ခရိုင်တိုင်းအလိုက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ဒုရဲမှူးကြီးမြင့်အေး က ပြောသည်။

ဒုရဲမှူးကြီးမြင့်အေးက “မဏ္ဍပ် တွေကိုစစ်ဆေးမယ်။ အခန်းဆောက် လုပ်ထားမှုတွေနဲ့ စီစီတီဗွီကင်မရာ တပ်ဆင်ထားတာတွေကို စစ်ဆေးမယ်။ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ မညီတဲ့ အခန်းတွေဆောက်လုပ်ထား တာတွေ့ရင် ဖျက်သိမ်းခိုင်းသွားမှာပါ။ သင်္ကြန်တွင်းကာလတွေမှာလဲ
ရဲတပ် ဖွဲ့က သင်္ကြန်မဏ္ဍပ်တွေရဲ့လုံခြုံရေးနဲ့ တခြားလိုအပ်တဲ့ကိစ္စတွေကိုဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

သင်္ကြန်မဏ္ဍပ်တည်ဆောက်ရာတွင် မဏ္ဍပ်ကြီးတစ်ခုလျှင် စီစီတီဗွီခြောက်လုံးနှင့် မဏ္ဍပ်အသေးများတွင် လေးလုံးခန့်တပ်ဆင်ရမည်ဟု
မဏ္ဍပ်လုံခြုံရေးလုပ်သည့် တာဝန်ရှိသူများထံမှ သိရသည်။

ဘူခေုခြေု မဏ္ဍပ်တာဝန်ခံ ကိုစန်းစန်းဦးက “ကျွန်တော်တို့မဏ္ဍပ်မှာတော့ အဲဒီလိုနားနေခန်းမျိုးဆောက်တာမရှိဘူး။ မဏ္ဍပ်မှာကန်တင်းလို စားသောက်လို့ရတဲ့နေရာမျိုးပဲ ဆောက်တယ်။ တခြားဘာမှမရှိဘူး”ဟုပြောသည်။ ၂၀၁၂ခုနှစ် ရန်ကုန်သင်္ကြန်တွင် ကန်တော်ကြီးပတ်လမ်းရှိ
မဏ္ဍပ်နှစ်ခုတွင် အမျိုးသမီးတချို့ သရုပ်ပျက်ဝတ်ဆင်ကာ ကခုန်ခဲ့သောကြောင့် မဏ္ဍပ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အရေးယူပိတ်သိမ်းခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ရခိုင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးအောင်ကျော်သိန်းက “အခု သင်္ကြန်တွေ
ဟာ မောင်နဲ့နှမ သားနဲ့အမိ အတူတူမသွားရဲလောက်တဲ့ အနေအထားတွေကိုဖြစ်နေတာ။ ယဉ်ကျေးမှုအနေနဲ့ တော်တော်လေးပျက်ယွင်းနေပြီ။ ဒါကနိုင်ငံတော်အစိုးရအနေနဲ့ ထိ ရောက်တဲ့ဥပဒေတစ်ရပ်ကို ရေးဆွဲပြီး ကိုယ့်ယဉ်ကျေးမှုကို မြှင့်တင်သင့်တယ်။မိဘတွေကိုယ်တိုင်ကလဲ သားသမီးကို ဆိုဆုံးမနိုင်ရမယ်။ ပြီးတော့ မြန်မာ နိုင်ငံရဲ့သင်္ကြန်ကို တချို့နိုင်ငံခြားသားတွေက လာရောက်လေ့လာကြတာရှိ တယ်။

နိုင်ငံခြားသားတွေအမြင်မှာ မတင့်တယ်ဖြစ်သွားရင် မြန်မာ့သင်္ကြန်က အရှက်ရစရာဖြစ်သွားမယ်”ဟု သုံးသပ်ပြောဆိုခဲ့သည်။ မဏ္ဍပ်များတည်
ဆောက်ရာတွင် အထက်ပါတားမြစ်ချက်များကို ထည့် သွင်းတည်ဆောက်ထားခြင်းဖြင့် မလိုလားအပ်သောပြဿနာများဖြစ်ပွားလာနိုင်သဖြင့် ယင်းနှင့်ပတ်သက်ပြီး X2O မဏ္ဍပ်တာဝန်ခံ ကိုဘိုဘိုဇော်က “ဒီလိုမျိုးသီးသန့်နားနေခန်းတွေ ဆောက်မယ်ဆိုတဲ့သတင်းကို အခုမှ ကြားမိတာပါ။ အရင်ကအဲဒီလိုတွေ မရှိဘူး။ ဒီလိုမျိုးသီးသန့်နားနေခန်း
ဆောက်ခြင်းအားဖြင့် ဒါဟာဘယ်ကို ဦးတည်နေလဲ နားလည်ပါတယ်။ဒီလို မျိုးဆောက်တဲ့မဏ္ဍပ်တွေရှိရင်လဲ ဒါ ဟာမဖြစ်သင့်တဲ့ကိစ္စပါ။ အတာသင်္ကြန်ကို အရုပ်ဆိုးအကျည်းတန်စေပါတယ်” ဟု သုံးသပ်ပြောကြားသည်။ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
မဏ္ဍပ်ပေါင်း ၉၃ ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Democracy Today

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>