Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ DVB သတင်းထုတ်ပြန်ကြေညာချက်

$
0
0
မကွေးမြိုံ့နယ် ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)နှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောက်ယှက်မှု ပုဒ်မ - ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ - ၄၄၈ တို့ ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်နေ့တွင် မကွေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့သည်။ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်)သည် အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ်ပညာရေးဌာနမှတဆင့် ရယူခဲ့ခြင်းမှာ သတင်းထောက် တယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း DVB သတင်းဌာနက ယုံကြည်ပါသည်။ ထိုကြောင့် သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ပြစ်ဒဏ်ချမှတ်မှုကီုီိDVB သတင်းဌာနအနေနှင့် လုံးဝ ကန့်ကွက်ရှုတ်ချပါသည်။ မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ပြောဆိုနေချိန်တွင် ယခုကဲ့သို့ သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) အား ထောင်ဒဏ်ချမှတ်ခြင်းသည် စာနယ်ဇင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တားမြစ် ခြင်းဟု DVB သတင်းဌာနက ယုံကြည်သည်။ DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) နှင့် အမှုတွဲ ကိုဝင်းမြင့်လှိုင်တို့အား ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။

DVB သတင်းဌာန
ဆက်သွယ်ရန် - (၀၁)၂၉၉၆၄၄၊ (၀၉)၄၂၁၁၁၁၆၄၆၊ (၀၉)၇၃၂၅၇၀၀၁


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>