Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်သို့ ကူးပြောင်းတော့မည့် မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမာယတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်တို့၏ နှစ်သစ်ကူး ဆုတောင်းစကားများ ....

$
0
0
ဘဘဦးတင်ဦး (နာယက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်မှသည် ၁၃၇၆ခုနှစ်သို့ ကူးပြောင်းလာတော့မည်ဖြစ်ပါသည်။ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သော နိုင်ငံတော်အတွက် အကျိုးများပျက်ဆီးစေတဲ့ အကြောင်းတရားများကို လုပ်ဆောင်ခဲ့သောကိစ္စအချို့ကြောင့် တိုင်းပြည်ရှိ တိုင်းရင်းသားအချို့နဲ့ ပြည်သူပြည်သားများတို့သည် မလုံခြုံသော စိတ်ဖြင့် ဆိုးကျိုး မကောင်းမှုများကို ခံစားခဲ့ရသည်။ အလားတူ နိုင်ငံတွင်း ဖြစ်ပျက်ခဲ့သောအချို့ကိစ္စများသည် မကောင်းမှု အကြောင်းပြုပြီး ဆိုးကျိုးများခံစားခဲ့ရခြင်းကြောင့် အပျက်ပျက်ဖြစ်ခဲ့ကြတာတွေရှိပါတယ်။ ဒါတွေကိုတိုင်းသူပြည်သားများရဲ့ မျက်နှာကိုထောက်ထား၍ အကောင်းမြင်ဝါဒသဘောပိုက်ကာ ရှေ့ဆက်လက်လုပ်ဆောင်သွားကြရန် အနူးအညွတ်တိုက်တွန်းချင်ပါတယ်။ ယနေ့အခြေအနေအရ နိုင်ငံအတွက် အချို့မကောင်းသောကိစ္စများရှိငြားသော်လည်း အချို့အစိတ်အပိုင်းများတွင် အကောင်းမြင်လာအောင် ကြိုးစားလုံ့လအားထုတ်၍ အချင်းချင်းယုံကြည်ခြင်း၊ သံသယစိတ်များကင်းစင်ခြင်း ၊ အပြန်အလှန်နားလည်သဘောပေါက်ခြင်း၊ ခွင့်လွှတ်ခြင်း၊ပြန်လည်၍ ရင်ကြားစေ့ရေးကိစ္စများဆောင်ရွက်ခြင်းကိစ္စများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နေသည်ကို တွေ့မြင်ရပါသည်။ ဒါ့ကြောင့် တိုင်းပြည်အတွက် ပြည်သူလူထုတစ်ရပ်လုံးခံစားရသော ဒုက္ခအန္တရာယ်အပေါင်းမှ မိမိကိုယ်စိတ်နှစ်ပါးလုံခြုံရေးကို အကြောင်းပြု၍ ဆက်လက်ပြီးရှေ့ဆက်၍ တိုင်းရင်းသားများအားလုံးတို့သည် ကျားမ မဟူ ၊ လူမျိုးမရွေး ဘာသာမရွေး လွတ်လပ်စွာဖြင့် သံသယကင်းစွာဖြင့် အတူယှဉ်တွဲ သဟဇာတဖြစ်ကာ နေနိုင်ခြင်းဖြင့် တိုင်းပြည်တိုးတက်မှုများကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အခြေအနေသည် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲမှု ကောင်းကျိုးဘက်ကို ပြည်သူလူထုတစ်ရပ်လုံးက ပြည်တွင်းရှိ တိုင်းရင်းသားများအားလုံးငြိမ်းချမ်းရေးကို အလိုရှိကြသည်ဖြစ်သဖြင့် ထိုငြိမ်းချမ်းရေးကို ရရှိနိုင်မည့် အကြောင်းတ၇ားများကိုသာလျှင် စုစည်းရှာဖွေကြ၍ တိုင်းရင်းသားအားလုံး အတူတကွပူးပေါင်းဆောင်ရွက်သွားကြလျှင် ယခုလာမည့်နှစ်သည် ၁၃၇၆ ခုနှစ်သည် သူတိမင်္ဂလာအပေါင်းနှင့် ပြည့်စုံမည့်နှစ် တစစဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း အလေးအနက် ပြောကြားရင်း သုတိမင်္ဂလာအပေါင်းပြည့်စုံပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

ဦးဥာဏ်ဝင်း( ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ်သည် မြန်မာနိုင်ငံသားအားလုံးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အရေးကြီးသောနှစ်ဖြစ်ပါသည်။ ထိုအရေးကြီးသောနှစ်တွင် မြန်မာနိုင်ငံသားအားလုံး ညီညီညွတ်ညွတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၀ိုင်းဝန်းပံ့ပိုးနိုင်ရန် မြန်မာနိုင်ငံသည် ဒီမိုကရေစီအပြောင်းအလဲသည် သိသာထင်ရှားစွာ တိုးတက်သွားပါလိမ့်မည်။

ဦးဝင်းမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ချုပ်)
နှစ်သစ်မှာ မြန်မာနိုင်ငံသားအားလုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ လူသစ်စိတ်သစ်နဲ့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဦးထွန်းထွန်းဟိန်(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
လာမည့်နှစ်ဦးတွင် လူတိုင်း ကျန်းမာချမ်းသာ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ဦးသိန်းဦး (ရုံးအဖွဲ့မှူး)
နှစ်သစ်မှာ လူသားတိုင်း လူသားတိုင်း ဘ၀အမောများ ပြေပျောက်ကြပါစေ။

ဦးစိုးဝင်း (တာဝန်ခံ၊ ပါတီဝင်ကတ်ပြားများ ပြုစုထိန်းသိမ်းရေးဌာန)
မြန်မာနှစ်သစ်တွင် ပြည်ထောင်စုကြီး တစ်ကယ်ငြိမ်းချမ်းသာယာ၍ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

ဒေါက်တာမေ၀င်းမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ချုပ်)
အေးချမ်းသာယာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်နိုင်ဖို့ တိုင်းရင်းသားအားလုံး ပါဝင်ခွင့်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်
အခုနှစ်သစ်သည် ထူးခြားတဲ့နှစ်ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲလဲ ကျင်းပမည်ဖြစ်သောကြောင့် ရင်ခုန်ရသော နှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများသည်လည်း မိမိတို့လိုအင်ဆန္ဒများပြည့်ဝ၍ ပြည်သူတွေ လိုလားတောင့်တနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအမြန်ဆုံးပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Nld Central

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>