အရက်နဲ့နို့ ဘာကိုသောက်မလဲ ၊
ဒီမှာ အရက်နဲ့နို့နဲ့ နို့နဲ့အရက်နဲ့ ၊
မဆုံးဖြတ်ရဲဘူး ဆိုတဲ့အပြောမျိုး ၊
အပြောကတော့ ရွှေမန်းပါ ၊
ကလိုက်ရင်ဗျာသမီးလေးရွာပျက် ၊
သမီးလေးရွာက ကံကောင်းတယ် ၊
လက်ပံတောင်းတောင်လို မီးလောင်ဗုံးမသုံးဘူး ဆိုတဲ့
သံချပ်မျိုး သတ္တိရှိရှိတင်ဆက်ထားပါတယ်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့  ပေးဆပ်သူများ သံချပ်-၁
နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့  ပေးဆပ်သူများ သံချပ်-၂
တာမွေ သင်္ချိုင်းလည်း ပြောင်ပြောင်ကြီး၊
ကြံတော သင်္ချိုင်းလည်း ပြောင်ပြောင်ကြီး၊
ကျိုက္ကဆံ သင်္ချိုင်းလည်း ပြောင်ပြောင်ကြီး၊
မန္တလေးရွာဟိုင်း သင်္ချိုင်းလည်း ပြောင်ပြောင်ကြီး ဆိုတဲ့
သံချပ်သံတွေ
နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့  ပေးဆပ်သူများ သံချပ်-၃
မြန်မာနိုင်ငံအရေးကိစ္စတွေဖြစ်တဲ့
- လက်ပံတောင်းတောင်
- ဧရာဝတီမြစ်ဆုံ အကြောင်းအရာတွေအပြင်
- နယ်လှည့်ပါးရိုက်တဲ့ အဘရေ
ဝန်ကြီးဖြစ်ပြီး မိုက်ရိုင်း မိုက်ရိုင်း ဆိုတဲ့စာသားမျိုး ၊
ထောင်ထွက်ဘ၀နဲ့ အဘရေ
ထောက်လှမ်းရေးကို ပြန်ဖွဲ့မလို့တဲ့ ဆိုတဲ့သံချပ်မျိုးတွေကို
အားပါးတရကြည့်ရှုကြရမှာပါ။
DVB entertainment