Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာပြောင်းလဲရေးအပေါ် အမေရိကန်အကောင်းမြင်မျှော်လင့်ချက်များလျော့ကျ

$
0
0
မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် အမေရိကန်က ကြေညာလိုက်ပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်နေမှုများအပေါ် ဝါရှင်တန်၏ မျှော်လင့်ချက်များ ကျဆင်းလာနေသလို လူနည်းစုအရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုး၍လာနေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲနှုန်း နှေးကွေးနေပြီး အမေရိကန်လွှတ်တော်က ဝေဖန် မှုများ ပြင်းထန်လာနေသဖြင့် အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတစ်ခုအနေနှင့် ယူဆထားခဲ့သော ဒီမိုကရက်ရော ရီပက်ဘလေကန်ကပါ ထောက်ခံအားပေးထားသည့်မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒ၏ ရှေ့ဆက်သွားရမည့်လမ်းက ချောမွေ့မည့်ပုံ မတွေ့ရပေ။

အစိုးရအဖွဲ့က မြန်မာစစ်တပ်နှင့် ဆက်ဆံရန်ကြိုးပမ်းမှုအပေါ် လွှတ်တော်အမတ်များက လက်မခံလိုကြပါ။ အကယ်၍ လာမည့်နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကသမ္မတ ရွေးခံခွင့်မရရှိလျှင် မနှစ်မြို့မှုများ က ပို၍ပင်တိုးလာနိုင်ဖွယ်ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မျှော်လင့်နိုင်သေးကြောင်း အမေရိကန်အစိုးရက ပြောဆိုနေသော်လည်း နှစ် ၅၀ စစ် အာဏာရှင်အုပ်ချုပ်မှုမှတစ်ကွေ့ ချိုးကြားကာလ၏ အရေးပါသည့် ၂၀၁၅ ခုနှစ်အကုန် အထွေထွေရွေးကောက်ပွဲမတိုင်မီ ယင်းပြင်ဆင်ချက်ဖြစ်လာနိုင်မှုအပေါ် အမေရိကန်အစိုးရအဖွဲ့က သံသယရှိနေကြောင်း အစိုးရအဖွဲ့အကြံပေးများက ပြောဆိုသည်။

အိုဘားမားအစိုးရအဖွဲ့နှင့် ဥပဒေပြုအမတ်များ အများဆုံး ထုတ်ဖော်ပြောဆိုနေသည့် အဓိ က စိုးရိမ်ပူပန်မှုတစ်ခုမှာ ဗုဒ္ဓဘာ သာနှင့် အစ္စလာမ်ဘာသာဝင် လူအုပ်စုများအကြားက အကြမ်းဖက်မှုများဖြစ်ပြီး လာမည့်ရွေးကောက်ပွဲအထိပင် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒက အရှိန်မြင့်လာနိုင်သည့် အချက်ဖြစ်သည်။

အောက်လွှတ်တော်နိုင်ငံ ခြားရေးရာကော်မတီက ပြီးခဲ့သည့် သီတင်းပတ်တွင် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းသည် ယခုအချိန်အထိ မြန်မာအစိုးရသစ် အပေါ် ဝေဖန်ချက်များထဲ၌ အပြင်းထန်ဆုံးဖြစ်သည်။ မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေဆိုးရွားနေချိန်၌ အမေရိကန်အနေနှင့် သံတမန်ဆက်ဆံရေး ပြန်လုပ်သင့်၊ မသင့်ဆိုသည်ကို ကော်မတီ၏ ရီပက်ဘလေကန် ဥက္ကဋ္ဌအဒ်ရွိုက်စ်က မေးခွန်းထုတ်လိုက်သည်။

နိုင်ငံခြားဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မာရီယာဟာ့ဖ်ကလည်း လူသားချင်းစာနာထောက်ထားမှုကပ်ဆိုးကြီးအပေါ် အလွန် စိုးရိမ်ကြောင်း ဧပြီ ၂ ရက်က ပြောဆိုလိုက်သည်။

‘‘လတ်တလောမှာ လူအတော်များများက ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ မိလ္လာ၊ အစားအစာတွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ပံ့ပိုးမှုတွေမရကြဘူး။ လူသားချင်းစာနာထောက်ထားမှုအတွက် အကူအညီပေးနေတဲ့ လုပ်သားတွေ သူတို့ရဲ့အသက်ကယ်တဲ့အလုပ်တွေ ပြန်လုပ်နိုင်ဖို့အတွက် အစိုးရကလည်း အခုအချိန်ထိ လုံလောက်တဲ့လုံခြုံရေးနဲ့ ခရီးသွားလာခွင့်တွေကို ပေးဖို့ပျက်ကွက်နေပါတယ်’’ဟု ပြောဆိုလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က မြန်မာ နိုင်ငံဆိုင်ရာ သံအမတ်ကိုခန့်အပ်လိုက်ပြီး နှစ် ၂၀ ကြာ မြန်မာနိုင်ငံအား ဖယ်ကြဉ်ထားမှုကို ရပ်တန့်လိုက်ကြောင်း ကြေညာခဲ့ပြီး ၂ နှစ်အကြာတွင် ဤသို့ ပြင်းထန်သော ဝေဖန်ပြောကြားမှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပါလီမန်လွှတ်တော်တွင် အမတ်နေရာ ရရှိစေခဲ့သည့် မျှတသော အထူးရွေးကောက်ပွဲအတွက် ဖြေလျှော့ ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် အမေရိကန်က ကူညီပံ့ပိုးမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ပိတ်ပင်မှုအများစုကို ဖယ်ရှားပေးခဲ့ပြီး သမ္မတအိုဘားမားမှာ မြန်မာ နိုင်ငံသို့ ပထမဆုံးသွားရောက်လည်ပတ်သည့် အမေရိကန်သမ္မတဖြစ်ခဲ့သည်။

အလျင်အမြန်ပြောင်းလဲလာနေသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် သမ္မတအိုဘားမား၏ လာရောက်လည်ပတ်မှုက သရဖူဆောင်းပေးလိုက်ပြီး အမေရိကန်အရာရှိများက မြန်မာနိုင်ငံအပေါ် အကောင်းမြင်မျှော်လင့်ချက်များရှိနေသေးကြောင်း ပြောဆိုကြသည်။ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းနှင့် မီဒီယာနှင့် အလုပ်သမားသမဂ္ဂများအပေါ် ကန့်သတ်မှုလျှော့ချခဲ့ခြင်းတို့ကို ထောက်ပြခဲ့ကြသည်။ လွတ်လပ်ရေးရချိန် ၁၉၄၈ ခုနှစ်ကတည်းက ဗဟိုအစိုးရအုပ်ချုပ်မှုကို တော်လှန်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေးရအောင် အစိုးရက ကြိုးစားနေသည်။

အမေရိကန်နိုင်ငံ နိုင်ငံတကာ ရီပက်ဘလေကန်အဖွဲ့က ကမကထပြုလုပ်ကာ မြန်မာနိုင်ငံတစ်ဝန်းကောက်ခံခဲ့ပြီး ဧပြီ ၃ရက်က ထုတ်ပြန်လိုက်သည့် စစ်တမ်းတစ်ခုအရ ဖြေကြားသူ ၈၈ ရာခိုင် နှုန်းက မြန်မာနိုင်ငံတွင်းဖြစ်ပေါ် နေမှုများသည် မှန်ကန်သည့်လမ်းကို ဦးတည်သွားနေသည်ဟု ယူဆကြသည်။ ၅၇ ရာခိုင်နှုန်းက လာမည့်နှစ်အနည်းငယ်တွင် ၎င်းတို့၏ စီးပွားရေးအခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု ယူဆကြသည်။ ယင်းစစ်တမ်းတွင် အမှားအယွင်းက အတိုးအလျှော့ ၂ ရာခိုင်နှုန်းမျှ ရှိနိုင်သည်။

နောက်ဆုံး သံတမန်တိုးတက်မှုတစ်ခုက ယခုသီတင်းပတ်အတွင်း ကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်က မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးကို အရှေ့တောင်အာရှ နိုင်ငံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံသည့် ဟာဝိုင်အီတွင် ကြို ဆိုဧည့်ခံခြင်းဖြစ်သည်။

အစိုးရပိုင်းအမြင်အရ စစ်ရေးဆက်ဆံမှုအားဖြင့် မြန်မာစစ်တပ်အား နိုင်ငံတကာစံနှုန်းကို လက်ခံကျင့်သုံးလာရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ကာကွယ်ရေးမူဝါဒများကို ကြီးကြပ်သော လွှတ်တော်အမတ်များအကြားတွင်လည်း ယင်းသို့ ချဉ်းကပ်မှု အပေါ် ထောက်ခံအားပေးမှုများရှိ နေရာ မြန်မာစစ်တပ်ကို လူ့အခွင့် အရေး၊ ဥပဒေစိုးမိုးရေးနှင့် အရေး ပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် လေ့ကျင့်သင်ကြားပေး ခြင်းတို့ပါဝင်သည်။

သို့သော်လည်း ယင်းလုပ်ရပ်တို့မှာ နိုင်ငံခြားရေးရာမူဝါဒကို ကြီးကြပ်သော လွှတ်တော်အမတ်များကြောင့် အဟန့်အတားဖြစ်နေသည်။ သတ်မှတ်ထားသည့် လိုအပ်သောအဆင့်တစ်ခုရောက်aအာင် မြန်မာနိုင်ငံဘက်က ပြုပြင်နိုင်ခြင်းမရှိသေးဘဲ တရားဝင်သင်တန်းများပေးမည်ဆိုလျှင် စစ်တပ်ချင်းဆက်ဆံမှုကို တဖြည်းဖြည်းတိုးချဲ့သကဲ့သို့ ဖြစ်နိုင်ပြီး မုဒိမ်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ စသည့် ဖိနှိပ်မှုများကျူးလွန်ရာတွင် ပါဝင်နေဆဲဖြစ်သည့် မြန်မာစစ်တပ်ကို ဂုဏ်မြှင့်ပေးရာရောက်မည်ကို စိုးရိမ်နေကြသည်။

စစ်အုပ်ချုပ်မှုအောက်က အချိန်နှင့်နှိုင်းယှဉ်လျှင် မြန်မာ နိုင်ငံက များစွာပွင့်လင်းလာနေaသ်ာလည်း သမ္မတအိုဘားမား လာရောက်ခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာက ကတိပြုခဲ့သလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဖွင့်လှစ်ခွင့်မပြုသေးပါ။ ယင်းအတွက်ကြောင့် အီရန် နှင့် မြောက်ကိုရီးယားကို စောင့်ကြည့်နေသလိုပင် မြန်မာနိုင်ငံကို စောင့်ကြည့်ရန် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်အတွက် ကုလသမဂ္ဂကလည်း ပြီးခဲ့သည့် သီတင်းပတ်ကပင်မဲပေးဆုံးဖြတ် လိုက်ကြသည်။

ကိုးကား-အေပီ
ဘာသာပြန်..Sitt Paing

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>