Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပါတီခေါင်းဆောင်တိုင်း အဖေဓါတ်ပုံသုံး၍ မဲဆွယ်နိုင်သည်

$
0
0
မနေ့က ရွေကောက်ပွဲကော်မရှင်ဥက္ကဌ ကိုတင်အေးရဲ.၂၀၁၅ခုရွေးကောက်ပွဲမှာ အမတ်လောင်းတွေ စည်းရုံေးရးဆင်းတဲ့ အခါ မြိုနယ်တခုမှာ သက်ဆိုင်ရာမြို့နယ်က အမတ်လောင်းကိုသာ မဲဆွယ်ခွင့်ပြုမယ်ဆိုတာနဲ့ပတ်သက်လို့ ပြောဖြစ်ခဲ့ပါတယ်။ ဒီကနေ့တော့ ကြံ့ဖွတ်ပါတီက ကိုလှဆွေက ကိုတင်းအေးစကားကို ထောက်ခံပြောပြန်တာ ကြားရပြန်တယ်။ မနေ့ညက အာအက်အေသတင်းဌာနမှာပြောသွားခဲ့တာပါ။

ကိုလှဆွေက ကိုတင်အေးထက်တောင် ကဲနေသေးတယ်။ သူကတော့ အတိုက်အခံပါတီကြီးဖြစ်တဲ့ဒီချုပ်မှာဗိုလ်ချုပ်အောင်ဆန်းရဲ.အင်္ဂလန်ကိုအောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုဘို့ သွားစဉ်ကရိုက်ထူးထားတဲ့ ဓါတ်ပုံထောင်ထားတဲ့ ကိစ္စကိုပါထဲ့ပြောတယ်။

ကိုလှဆွေ ပြောတာက -- ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးပြောတာက သိပ်ဖြစ်သင့်တဲ့အရာဗျ။ ဒါမှ free and fair ဖြစ်မှာပေါ့။ ကျွန်တော်တို့က NLD နဲ့အဓိကပြိုင်ရမှာဗျ။ ကျွန်တော်တခါတုံးကပြောဘူးပါတယ်။ နံ့သာတုံးနဲ့ လက်ပံတုံးလို့ ပြောဘူးပါတယ်။ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူးဗျ။ တကယ်တန်းက ဗိုလ်ချုပ်အောင်ဆန်းက သေရာကထ လာပြီးတော့ လွှတ်တော်ထဲဝင်လာမှာ မဟုတ်ဘူးဗျ။ အခုဟာက တခါလာလဲ ဗိုလ်ချုပ်ဆောင်ဆန်း ဗိလပ်သွားတဲ့ပုံကြီး အိတ်ကပ်ထဲလက်နှိုက်နေတဲ့ပုံကြီး စစ်ဝတ်စုံနဲ့ပုံကြီးဘဲ ပြပြပြီးတော့၊ ဒေါ်စုကြည်ပုံကြီးဘဲပြပြပြီးနေတော့ ဒါကြီးက ဖရီးအင်ဖဲယားမဖြစ်ဘူး။ အခု ဥက္ကဌကြီးပြောတာ free and fair ဖြစ်သွားတာပေါ့လို့ပြောသွားသဗျ။ ခက်တယ်။ ကိုလှဆွေဟာ free and fairဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကိုတောင် နားမလည်ဘူး။ထင်တယ်။

free ဆိုတာ ချုပ်ချယ်ကန့်သတ်မှုမပါတာ။ လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်တာ။ fairကတရားမျှတတာ။ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို သူ.သမီးပါတီက သုံးတာ လွတ်လပ်စွာသုံးစွဲခွင့်ရှိရပါမယ်။ အဖေ့ပုံသမီးပါတီက ယူသုံးတာ တရာ;ပါတယ်။ မျှတပါတယ်။ ကျွန်မသာ အတိုက်အခံ ခေါင်းဆောင်ဖြစ်ရင်လဲ ကျွန်မအဖေရဲ့ ရိုးသားဂုဏ်ကို ဖေါ်ပြ မဲဆွယ်ရမှာဘဲ။ ကိုယ့်မျိုးရိုးဂုဏ်ကို ဖေါ်ပြီး ပြည်သူကို ကျွန်မဟာ မျိုးကောင်းရိုးကောင်း၊ ဆွေကောင်းမျိုးကောင်းကလာတာပါ။ မျိုးသန့်ရိုးသန့်ကလာတာပါဆိုတာ ဖေါ်ပြရမှာဘဲ။ ဒီလို မျိုးရိုးဂုဏ်၊ ဆွေဂုဏ်မျိုးဂုဏ်ပြ မဲဆွယ်စည်းရုံးမှုဟာ ထုံ;စံ။ ကြက်မှာ အရိုး၊ လူမှာ အမျိုလို့ဆိုတယ်မဟုတ်လား။ တိုးတက်နေတဲ့ နိုင်ငံတွမှာတောင် ပြည်သူက မျိုးဂုဏ်ရိုးဂုဏ်အစဉ်အလာကိုကြည့်သေးတာဘဲ။ ပွင့်လင်းမြင်သာမျုတွေ မရှိခဲ့တဲ့ ကျွန်မတို့ မြန်မာပြည်လို နိုင်ငံမှာ ဆွေဂုဏ်မျိုးဂုဏ်ဆိုတာ ပြဘို့လိုကို လိုအပ်တယ်။ အမေရိကန်လိုနိုင်ငံမှာတောင် မစ္စတာဘွတ်ရှ်စီနီယာနဲ့ ဂျူနီယာ။ တိုင်းပြည်က ကြည့်တာဘဲ။ ထိုင်းမှာ မယဉ်လတ်အာဏာရတာ အကိုမျက်နှာနဲ့ဘဲ။ အိန္ဒိယမှာ ဂန္ဓီမျိုးဆက်တခုလုံး အစဉ်အဆက် မျိုးရိုးဂုဏ်ပြ မဲဆွယ်တာဘဲ။ ဒါများ ဆန်းသလား။ ပွင့်လင်းမြင်သာမှုနည်းပါးလေလေ မျိုးရိုးဂုဏ်နဲ့ မဲဆွယ်ဘို့လိုအပ်လေလေဘဲ။

တကယ်တော့ ပါတီခေါင်းဆောင်တိုင်းမှာ အဖေတွေရှိကြတာဘဲ။ NLDက ပါတီခေါင်းဆောင်ရဲ့ ဖခင်ဓါတ်ပုံကို ထောင်ပြီးမဲဆွယ်သလို ပါတီခေါင်းဆောင်တိုင်း ကိုယ့်အဖေဓါတ်ပုံထောင်ပြီး မဲဆွယ်နိုင်ပါတယ်။ တခြားသူတွေလဲ ဘိလပ်သွားတဲ့ ပုနဲ့ဘဲ မဲဆွယ်ဆွယ်။ လယ်ထွန်နေတဲ့ ပုံနဲ့ဘ မဲဆွယ်ဆွယ်။ ပြည့်တန်ဆာခန်းထဲ ၀င်သွားတဲ့ ဓါတ်ပု့နဲ့ဘဲ မဲ ဆွယ်ဆွယ် ဆွယ်နိုင်ပါတယ်။ ကျွန်မဆိုရင်တော့ ကျွန်မအဖေ ကျောင်းဆရာ စာသင်နေတဲ့ ဓါတ်ပုံနဲ့ ဆွယ်မယ်တော်။ တိုင်းပြည်ရဲ့ ပညာရေးကောင်းကိုကောင်းစေရမယ်လို့။ သဘောပြောတာ။ တကယ်တော့ ကျွန်မတို့ အတိုက်အခံတွေ ဗိုလ်ချုပ်ဓါတ့်ုံကို သုံးပြိး စည်းရုံးတာ အခုမှမဟုတ်ဘူး။ ၁၉၈၈ခု အရေးတော်ပုံကြီး စတင်ဖြစ်ကတဲက ကျောင်းသားလူငယ်လေးတွေ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ ခေါင်းပေါ်ရွက်၊ ပုခုံးပေါ်ထမ်းပြိးဆန္ဒပြလာတာဘဲ။ ဒီလို ဗိုလ်ချုပ်ဓါတ်ပုံခေါင်းပေါ်ရွက်ပြီး ဒီမိုကရေစီစနစ်ကို တောင်းခံခဲ့ရတာကလဲ ဗိုလ်ချုပ်ချမျတ်ရွေးချယ်ခဲ့တဲ့ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကေရစီဖွဲ့စည်းပုံကို ပြန်လိုချင်လို့ပါဘဲ။

ဗိုလ်ချုပ်အောင်ဆန်းက မျိုးချစ်အစွန်းဖက်ဆစ်ဝါဒလဲ မတည်ထောင်ခဲ့ဘူး။ လက်ဝဲ ကွန်မြူနစ်စနစ်လဲ မတည်ထောင်ခဲ့ဘူး။ နိုင်ငံရေးအယူဝါဒမျိုးစုံကိုလေ့လာပြီး ဒီမိုကရေစီစနစ်သည်သာတိုင်းပြည်အတွက် အသင့်တော်ဆုံးထင်လို့ထူထောင်ခဲ့တာ။ ဒါက သိပ်ကိုရှင်းပါတယ်။ ၁၉၈၈ခုနောက်ပိုင်းမှာ ကမ္ဘာ့ပြည်သူတွေ ဒီမိုကရေစီ-ဒီမိုကရေစီလို့ ရေငတ်သလို မတောင်းဆိုခင်ကတဲက ကိုယ့်ပြည်သူနဲ့ ဘယ်စနစ်နဲ့သင့်တော်မလဲ။ ဘယ်စနစ်က အကောင်းဆုံးလဲ သေချာရွေးထားတာ။ ကမ္ဘာ့နိုင်ငံရေးစနစ်များစွာူးကို စာတွေ့လက်တွေ့ ပေါင်းစပ်လေ့လာပြီး သေချာရွေးပေးခဲ့တာ။ အလောင်းအစားဝိုင်းနဲ့ ပြည့်တန်ဆာခန်းမှာ အချိန်ဖြုန်းပြီး ထင်ရာမြင်ရာ ရမ်းတုတ်ထားတဲ့ အာဏာပါဝါ မဟုတ်ဘူး။ အခု ကျွန်မတို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်သွားတဲ့ ဒီမိုကရေစီစနစ်ကို ပြန်ပေးလက်က ပြန်လု နေရတယ်။

ဒါကို ပြည်သူတွေ ကောင်ကောင်းသဘောပေါက်ရမယ်။ ပေါက်လဲ ပေါက်တယ်။ ဒါကြောင့် အောင်ဆန်းလမ်းစဉ်ကို ပြန်ထူုထောင်ဘို့ အောင်ဆန်းဓါတ်ပုံကို ပြထားရတယ်။ မူဝါဒနဲ့ ပတ်သက်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကလဲ ဦးနေ၀င်းရဲ့ မူဝါဒကို ပြန်ပြီးအကောင် အထည်ဖေါ်ချင်တယ်ဆိုရင် ဦးနေ၀င်းဓါတ်ပုံထောင်ပြီး မဲဆွယ်ပါ။ ရတယ်။ ကြံ့ဖွတ်ပါတီကလဲ ဦးသန်းရွေမူဝါဒကို ပြန်လည်အကောင်အထည်ဖေါ်မယ်ဆိုရင် ဦးသန်းရွေဓါတ်ပုံ ထောင်ပြီးမဲဆွယ်ပါ။ ရပါတယ်။

မဲထဲ့မထဲ့ဆိုတာကတော့ ပြည်သူအများစု အဆုံးအဖြတ်ပါဘဲ။ ၂၀၁၅ခုသာမက ရှေ.ဆက်ရမဲ့ နိုင်ငံရဲ့ ခရီးမှာ အကျီသုံးထည်နဲ့ နိုင်ငံအတွက်အသက်ပေးပြီး အလုပ်လုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမူဝါဒမျိုး ခိုင်မာ တည်မြဲဘို့လိုတယ်။ ကိုယ်ကျိုးရှာသူတွေ၊ ကိုယ့် အာဏာခိုင်မြဲရေးလုပ်နေသူတွေ နိုင်ငံမှာ အလိုမရှိဘူး။

ဘယ်လိုလဲ--ကိုလှဆွေ။

ရှင်က ကိုယ့်အိတ်ထဲကိုယ် များများထဲ့မူဝါဒကို ဆက်ချင်သေးတယ်ပေါ့နော်။ ဒါမှ မဟုတ် မနာလို ၀န်တိုနေတာလား။

ဒါဆိုလဲ ရှင့်အဘကြီးတွေရဲ. ဓါတ်ပုံတွေထောင်ပြီးမဲ ဆွယ်လိုက်လေ။.

မျှတသွားတာပေါ့။ နော။

Ma Khin Oo ( ၁၁-၄-၁၄)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>