Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဧရာဝတီဘဏ်လီမိတက်က တောင်းပန်ပါပြီ

$
0
0
Social Media များပေါ်တွင် ပျံ့နှံ့လျှက်ရှိသော မိမိတို့ဝန်ထမ်းလေးများ၏ သရုပ်ပြကွက်မှာ ဗုဒ္ဓဘာသာဝင်များအားစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။ အဆိုပါ ဓာတ်ပုံမှာ ပြီးခဲ့သည့်
၂၀၁၄ခုနှစ် ဧပြီလ ၁၁ရက်ကပြုလုပ်ခဲ့သည့် ရုံးတွင်း Staff Party တွင် ဝန်ထမ်းလေးများက သင်္ကြန်ကာလအတွင်း ဖြစ်ပျက်တတ်သည်များကို သံချပ်ထိုးကပြခဲ့စဉ်က ဓာတ်ပုံဖြစ်ပြီး မထင်မှတ်ထားဘဲ ယခုကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေခဲ့ခြင်းဖြစ်ပါသည်။ ထိုကိစ္စနှင့်
ပတ်သက်၍ မိမိတို့ဘဏ်အုပ်ချုပ်မှုအဖွဲ့တွင် အဓိက တာဝန်ရှိပါကြောင်းနှင့် စိတ်အနှောင့်
အယှက်ဖြစ်ခဲ့ရသူ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များအားလုံးအား လက်အုပ်ချီမိုး
ရှိခိုးတောင်းပန်အပ်ပါသည်။

မိမိတို့ဘဏ်အနေဖြင့် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အားလျှော်စွာ သာသနာတော်ပြန့်ပွားရေး
နှင့် အဓွန့်ရှည်စေရန်အလိုငှါ ဘုရားကျောင်းကန်၊ စေတီပုထိုးများ ဆောက်လုပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဘာသာဝင်များ ရှင်ပြုရဟန်းခံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ နှစ်စဉ် ဝါဆိုသင်္ဃန်း
ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ တရားပွဲများ ဖြစ်မြောက်ရန်စီစဉ်ပေးခြင်း အစရှိသည့်
လှူဒါန်းမှုအစုစုတို့အား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဘဏ်အုပ်ချုပ်မှုအဖွဲ့ဝင်များအနေဖြင့် ရဟန်းသံဃာတော်များ
နှင့် ဗုဒ္ဓဘာသာဝင်သူတော်စင်အားလုံးအား ရိုသေလေးစားစွာ လက်အုပ်ချီမိုး ရှိခိုးတောင်းပန်အပ်ပါသည်။

အုပ်ချုပ်မှုအဖွဲ့
ဧရာဝတီဘဏ်လီမိတက်


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>