Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ယခင်စစ်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူအချို့ မီဒီယာအပေါ်ပြောကြားချက်များ စစ်အာဏာရှင် အလေ့အထ အတွေးအခေါ် အတိုင်းသာဖြစ်ဟု ၀ါရင့်သတင်းစာဆရာဆို

$
0
0

လက်ရှိနိုင်ငံ၏ ဖွဲ့စည်းပုံ မဏ္ဍိုင်သုံးရပ်တွင် ပါဝင်လျက် ရှိဆဲဖြစ်သည့် ယခင်စစ်အစိုးရ အဖွဲ့ဝင်များ၏ သတင်းမီဒီယာ အပေါ် ပြောကြား သုံးသပ်နေသည့် စကားများမှာ စစ်အာဏာရှင် အလေ့အထ အတွေးအခေါ် အတိုင်းသာဖြစ်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သော၊ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုဥက္ကဋ္ဌ ဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး)က သုံးသပ် ပြောကြားလိုက်သည်။

လက်ရှိ သတင်းစာ မီဒီယာ လောက အတွင်း ဖြစ်ပေါ်နေမှု များအပေါ် ဆွေးနွေးမှု ပြုလုပ်စဉ် ဧပြီလ (၉) ရက်နေ့ထုတ် 7 Day ဂျာနယ် တွင် ဖော်ပြခဲ့သည့် ပြည်ထောင်စု လွှတ်တော် နာယကနှင့် တွေ့ဆုံခန်းပါ သူရဦးရွှေမန်း၏ သတင်း မီဒီယာ ဆောင်ရွက်ချက်များ အပေါ် သုံးသပ် ပြောကြားချက် သည် သတင်းမီဒီယာ အပေါ် ခြိမ်းခြောက်သည့် အသွင်ဆောင်ကြောင်းကို အခြေပြုကာ ဆရာကြီးဖိုးသောကြာ (ခေတ်+မိုး)က သတင်း မီဒီယာ ကိုသာမဟုတ် စစ်အာဏာရှင် အလေ့အထ အတွေးအခေါ် ရှိသူများက တစ်တိုင်းပြည်လုံး ကိုပင် ခြိမ်းခြောက်လျက် ရှိနေကြောင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။

““သူတို့က စိတ်ဓာတ်ကကို စစ်သား၊ အာဏာရှင် အလေ့အထ အတွေးအခေါ်ပဲ။ သူတို့က မီဒီယာ တစ်ခု တည်းတောင် မဟုတ်ဘူး။ တစ်တိုင်းတစ်ပြည်လုံး ခြိမ်းခြောက်ထားတာ။ မီဒီယာက အသေးအမွှားပဲ။ ရိုးရိုးလေး ပြောရရင် တစ်တိုင်း တစ်ပြည်လုံးနဲ့ ယှဉ်လိုက်ရင် မီဒီယာက အသေးအမွှားပဲ။ တစ်တိုင်းပြည်လုံးကို ခြိမ်းခြောက် ထားတာ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ကြည့်ရင် စစ်တပ်က ၂၅ရာခိုင်နှုန်း ယူထားတာပဲကြည့်၊ ဒီမိုကရေစီ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းပဲ ပေးတယ်။ ဒါပဲ””ဟု ပြောသည်

ယင်းပြောကြား သုံးသပ်မှု ရည်ညွှန်း အခြေပြုခဲ့သည့် သူရဦးရွှေမန်း၏ ပြောကြားချက်မှာ ““မီဒီယာ သမားတွေကို လိုလားတယ်။ မေးရင်လည်း ဖြေချင်တယ်။ မဖြေ နိုင်ဘူးဆိုတာလည်း မဖြစ်စေချင် ဘူး။ မဖြေချင်တဲ့ကိစ်္စကိုတော့ မဖြေခြင်းဖြစ်တယ်။ မီဒီယာများရဲ့ ၀ိုင်းဝန်းအကြံပြုမှု၊ ဝေဖန်မှုကို လည်း ကိုယ်တို့ခံဖို့လိုတယ်။ အဲဒါမှ ကိုယ်တို့အနာဂတ်မှန်မယ်။ မီဒီယာ သမားတွေ စပွင့်လာ၊ တက်တက် ကြွကြွပါလာသလို တချို့လွန်ကျွံ တဲ့အတွက် သက်ဆိုင်ရာ၊ သက် ဆိုင်သူတွေက မီဒီယာသမားတွေ ကို ခံပြင်းနေကြတယ်။ တချို့ဆို တုံ့ပြန်မှုတွေက နည်းနည်းတောင် ပြင်းထန်တယ်။ ဒါကြောင့်မို့ ကိုယ့်လုပ်ငန်းကိုယ် လုပ်ကြမယ်။ မီဒီယာတွေက မီဒီယာလုပ်ငန်းကို လုပ်ကြရလိမ့်မယ်။””ဟု ဖြစ်သည်။

သူရဦးရွှေမန်းက ထိုပြောကြားမှုနှင့် တဆက်တည်းတွင် ““ကိုယ်ရဲ့ အကျင့်သိက္ခာကို ပြန်ထိန်းရမယ်။ ဒီလို ဆောင်ရွက်မယ် ဆိုရင် ကိုယ်တို့ မြန်မာနိုင်ငံ တိုးတက်မှာပဲ။ ပြောမယ် ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေ ပိုလိုအပ်တယ်။ ဒီထက် ထပ်ပြောမယ်ဆိုရင် အခွင့်အရေးကို ဒီထက် ပိုမယူဖို့လိုတယ်”” ပြောကြားချက်အပေါ်လည်း ဆရာကြီးဖိုးသောကြာ (ခေတ်+မိုး)က ““တစ်တိုင်းပြည်လုံးတောင် ဒီမိုကရေစီ ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းပဲပေးတာ။ သတင်းစာက ဘယ်လိုလုပ် တစ်ရာရာခိုင်နှုန်း ဘယ်ရအုံးမလဲ”” ဟု သုံးသပ် မှတ်ချက် ပြုသည်။

ယခုကာလတွင် သတင်းမီဒီယာ လောကအတွင်း ၀ိဝါဒများ ကွဲပြားလျက်ရှိပြီး ယခင်ပါလီမန် ဒီမိုကရေစီ ခေတ်များက သတင်းစာများကဲ့သို့ ညီညွတ်မှု မရှိကြောင်းနှင့် ထိုသို့ဖြစ်ပေါ်စေရန် စစ်အာဏာရှင် အလေ့အထ ရှိသူများကပင် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ဆရာကြီးဖိုးသောကြာ (ခေတ်+မိုး)က ပြောသည်။

သတင်းစာလောကအတွင်း ကိုယ်ကျိုးစီးပွားကြည့်၍ ကာကွယ်သူများက မိမိကိုယ်ကို ကာကွယ်ခြင်း၊ အကျိုး ရှာခြင်းဖြင့် မီဒီယာလောကကို ထိခိုက်အောင် ပြုမှုနေကြောင်း၊ ယင်းမှာ သတင်းစာ ကျင့်ဝတ်နှင့် မညီညွတ် ခြင်းသာ ဖြစ်ကြောင်းလည်း သုံးသပ် ပြောကြားလိုက်သည်။

မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>