Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မဲဆွယ်စည်းရုံးခြင်း ကန့်သတ်မှုအပေါ် နိုင်ငံရေးပါတီများ ဝေဖန်

$
0
0
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်သည့် နေရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဟု ဧပြီလ ၇ ရက်၊ ပုသိမ်မြို့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အပေါ် နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။

အဆိုပါ မဲဆွယ် စည်းရုံးခြင်းကို ကန့်သတ်မှုအပေါ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ““လာမယ့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မဲဆွယ်မှုကာလ သတ်မှတ်ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူ လာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျွန်တော်က အချိန်၊လူ၊ နေရာ၊ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်””ဟုပြောသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ မဲဆန္ဒနယ် တစ်ခုတွင် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များသာလျှင် အဆိုပါ မဲဆန္ဒနယ်တွင် မဲဆွယ်ခွင့်ရှိပြီး အခြားဒေသမှလူများ လာရောက် ဟောပြော မဲဆွယ်ခွင့် ပြုမည် မဟုတ်ဟုလည်း ထပ်မံ ပြောကြားခဲ့သည်။

NLD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဦးတင်အေး၏ ပြောဆိုချက်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ချုပ်ချယ် ကန့်သတ်ခြင်း ဖြစ်ကြောင်းကို ““ပါတီဥက္ကဋ္ဌဆိုရင် တစ်နိုင်ငံလုံး မဲဆွယ်ခွင့်ရှိတယ်။ ကိုယ့်မဲဆန္ဒနယ်မြေ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်ပေါ့။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဆိုရင်လည်း ဒီလိုပဲ မဲဆွယ်ကြတာပဲလေ။ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပဲ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပဲ။ ၂၀၁၂ လည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။ အခုကျမှ ချုပ်ချယ် ကန့်သတ်တာကိုတော့ နားမလည်နိုင်ပါဘူး”ဟု ဝေဖန်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောဆိုချက်အရ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကဲ့သို့ NLD ပါတီ အမတ်လောင်းများအတွက် လှည့်လည် မဲဆွယ်စည်းရုံးခွင့် ရတော့မည် မဟုတ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။

သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင်သာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဟု ပြောကြားမှုအပေါ် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က““ရွေးကောက်ပွဲလုပ်မယ့် နယ်မှာပဲ မဲဆွယ်ခွင့်ရှိတယ် ဆိုတာ မှန်တယ်လေ။ ရွေးကောက်ပွဲ လုပ်မယ့် မြို့နယ်မှာပဲ မဲဆွယ်ရုံသာမကပဲ တခြားမြို့နယ် တွေမှာလည်း အင်အားပြပြီး လုပ်ခဲ့တာတွေကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ကြုံခဲ့ပြီးပြီလေ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲက လွတ်လပ်တယ် ဆိုပြီး တရားမျှတမှုမှ မရှိဘဲ။ ဒါကြောင့် ဦးတင်အေးကနေ ကိုယ်ပြိုင်မယ့် နေရာမှာပဲ ကိုယ်မဲဆွယ်ရမယ်ဆိုတာ ကော်မရှင်က ဥပဒေနဲ့အညီ ပြောကြားတာ ဖြစ်တဲ့အတွက် ဒီပြောကြားချက်ကို ကြိုဆိုပါတယ်””ဟု သုံးသပ် ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ပါတီဥက္ကဋ္ဌဦးသုဝေက ““မဲဆွယ်တာကတော့ ဘယ်နေရာမှာမဆို မဲဆွယ်လို့ ရတာပေါ့။ အရွေးခံတယ် ဆိုရင်တော့ သက်ဆိုင်ရာ မဲဆန္ဒနယ်က လူပဲ အရွေးခံရမယ် ဆိုရင်တော့ သဘာဝ ကျတယ်လေ။ မဲဆွယ်တာ မဆွယ်ရဘူး ဆိုတာတော့ သဘာဝ မကျပါဘူး။ ကျွန်တော်တို့လို ပါတီဥက္ကဋ္ဌတွေဆိုရင် မြန်မာတစ်ပြည်လုံး လိုက်ပြီး မဲဆွယ်မှာပဲလေ””ဟု ဝေဖန် ပြောကြားခဲ့သည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတကာသံတမန်များက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လွတ်လပ်လွန်း၍ မမျှတသည့် ရွေးကောက်ပွဲဟု ပြောဆိုခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကဲ့သို့ မဲဆွယ်မှုများ ပြုလုပ်ပါက အရေးယူသွားမည်ဟုလည်း ထည့်သွင်း ပြောကြား ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ယခင် စစ်တက္ကသိုလ် DSA အပတ်စဉ်(၉) ဆင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) တစ်ဦး ဖြစ်သည့်အပြင် ယခင်က န၀တကောင်စီဝင်၊ ယခင် ဦးပိုင် လီမိတက်ဥက္ကဋ္ဌ၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>