Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးဝင်းတင် ကွယ်လွန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အမေးအဖြေ(ဘာသာပြန်)-Spring Flowers

$
0
0
( ဦးဝင်းတင် ကွယ်လွန်ပြီးနောက်  ဒေါ်အောင်ဆန်းစုကြည်ကို မေးထားတာလေး ဘာသာပြန်ပြီး အမှတ်တရ အနေနဲ့ note  မှာ သိမ်းထားတာပါ ။ )




  • Suu။         ။  ဒါ ဆုံးရှုံးမှုကြီးတစ်ခုပါဘဲ .........ဒါပေမယ့်တချိန်တည်းမှာဘဲ  ''  ပျောက်ပျက်  '' သွားတာ လို့ ပြောလို့ မရပြန်ပါဘူး ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ အတွေးအမြင်တွေ ၊ သူ့စကားတွေ ၊ သူ့ရဲ့ နမူနာတွေဟာ ကျမတို့နဲ့ အမြဲတမ်း ရှိနေဦးမှာမို့ပါ ။ ထူးခြားစံပြုစရာလူတွေကို ဆုံးရှုံးရရင် ဖြစ်တတ် သလိုဘဲပေါ့....ဒါဟာ ဆုံးရှုံးမှု ပါ  ။ ဒါပေမယ့် ပျောက်ပျက်သွားတာ မမည်ပါဘူး ။ သူ ကျမတို့နားမှာ ရှိနေဦးမှာပါ ။ 


  • မေး ။          ။  ၁၉၈၈  ကာလ  NLD   ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍကိုလည်း နည်းနည်းလောက်ပြောပါဦး ။ 



  • Suu။          ။    NLD   ကို ဖွဲ့စည်းဖို့ ကျမတို့တတွေ အတူဆွေးနွေးခဲ့ကြတယ် ။  နိုင်ငံရေးပါတီတစ်ခု မဖွဲ့လို့ မရတော့ဘူး ဆိုတာ ကျမတို့ နောက်ဆုံးမှာ လက်ခံဆုံးဖြတ်လိုက်ရတယ်လေ   ။ သူရော ကျမရော  နှစ်ယောက်လုံးက ပါတီ ဖွဲ့ရမှာကို မလိုလားပါဘူး ။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက အခြေအနေတွေအရ ဖွဲ့ခဲ့ရတယ် ။ ဒီလိုနဲ့ စခဲ့ကြတာပါဘဲ ။ 





  • မေး။          ။   အကျယ်ချုပ်ကျခဲ့တဲ့ အချိန်ကာလ ပမာဏအတွက် ဒေါ်စုကို  ကမ္ဘာက သိကြတယ် ။ ဦးဝင်းတင်က ထောင်ထဲမှာ   ၁၉  နှစ်နေခဲ့ရတာနော် ။ 



  • Suu။           ။  ဟုတ်ပါတယ် ။ သူက ကျမထက် အများကြီး ခံစားခဲ့ရတာပါ ။



  • မေး ။          ။သူ့က အဘက်ဘက်မှာ ဒေါ်စုထက် ပိုပြီး ဒုက္ခခံခဲ့ရတယ်ပေါ့ ။ 



  • Suu။          ။  သိပ်မှန်ပါတယ် ။ ကျမ အမြဲပြောခဲ့ဖူးပါတယ် .....ထောင်ထဲ ၀င်ခဲ့ရတဲ့ လူတွေနဲ့ ယှဉ်ရင် ကျမခံစားရတာ ဘာမှ မပြောပလောက်ပါဘူးလို့ ပါ ။  ထောင်ထဲမှာ ငါးနှစ်လောက်ဘဲ နေရရင်တောင်  အကျယ်ချုပ်  ၁၅ နှစ်ထက် အများကြီး ပိုဆိုးပါတယ် ။ သူ ထောင်ထဲမှာ နေခဲ့ရတာ  ၁၉   နီးပါးပါ ။




  • မေး။          ။  အသက်ကြီးသူတစ်ယောက်ဖြစ်နေတော့ ပိုခံစားရတာပေါ့ ။ 




  • Suu။         ။  ဟုတ်ပါတယ် ။  အဲဒီတုန်းက သူ့ကျန်းမာရေးက ကောင်းလှတယ်လို့ ကျမတော့ မထင်ဘူး ။ ထောင်ထဲ ၀င်သွားရတဲ့အချိန်တွေမှာ ဒေါင်ဒေါင်မြည် ကျန်းမာရေးမျိုး မရှိခဲ့ဘူး ဆိုပါတော့ ။ အသက်ကလည်း  ၆၀  ကျော်နေပြီလေ ။ ထောင်ထဲမှာ သူ့ကို ထားတဲ့ ပုံကလည်း  မသက်သာလှဘူး ။ ဒီတော့ ကျန်းမာရေး ပိုဆိုးလာတယ် ။ သွားတွေအားလုံး ထောင်ထဲမှာဘဲ ဆုံးရှုံးခဲ့ရတာ ။ တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ကာလပါ ။ ဒါပေမယ့် သူကတော့ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ဘူး ။  ကွယ်လွန်သွားပြီဖြစ်တဲ့ အာဏာရှင် ဦးနေ၀င်းကလည်း သူ့ကို သိပ်ပြီး ကြည်ညို လေးစားခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ ဦးဝင်းတင်ရဲ့ ကလောင်စွမ်းကို သူသိတယ်လေ ။ နောက်ပြီး ဦးဝင်တင်ဟာ သိပ်ကို ရိုးသား ဖြောင့်မတ်တဲ့လူတစ်ယောက်ဆိုတာ သူသိတယ် ။ ဒီရိုးသားဖြောင့်မတ်မှုကဘဲ ခွန်အားကြီးတစ်ခုပါဘဲ ။ 





  • မေး။         ။   သူက ပါတီကိစ္စတွေ ၊ တခါတလေ ဒေါ်စု လုပ်ပုံကိုင်ပုံကို ဝေဖန်ရမယ့် ကိစ္စတွေမှာတောင် သူ့အမြင်ကို ရိုးရိုးသားသား မထိန်မချန် ပြောတတ်တယ် ဆိုပြီး လူသိများတယ်နော် ။  ။ ဒီအတွက်ဘဲ ဒေါ်စုက သူ့ကို တစ်နည်းအားဖြင့် ပိုပြီး လေးစားခဲ့တာမျိုး ရှိခဲ့သလား ။ 



  • Suu ။        ။    ဒီအတွက်တော့ လေးစားမှု ပိုတယ် လျော့တယ် လို့ မရှိခဲ့ပါဘူး ။ ကိုယ့်အမြင်နဲ့ကိုယ် ရှိခွင့် ရှိတယ် ဆိုတာ ကျမတို့ နှစ်ယောက်လုံးက လက်ခံထားခဲ့ပါတယ် ။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ကျမတို့ တစ်ယောက်နဲ့ တစ်ယောက် အတော်လေး ရင်းရင်းနှီးနှီး ရှိခဲ့ပါတယ် ။ ကျမ   ( ၁၇ ) ရက်နေ့  ဥရောပက ပြန်လာပြီး သူ့ကို သွားတွေ့တော့ သူက ပြောတယ်.....ကျမကို အားကိုးပါတယ် ၊ ယုံလည်း ယုံကြည်ပါတယ် ၊ ကျမဟာ အဲဒါကို လုပ်နိုင်စွမ်း ရှိမယ့် တစ်ဦးတည်းသောသူပါဘဲ  တဲ့ ....'' အဲဒါ '' ဆိုတာ သူဘာကို ဆိုလိုတာဘဲဖြစ်ဖြစ် သူကတော့ အဲလို ပြောခဲ့တာပါဘဲ  ။ 




  • မေး။        ။   သူမရှိတော့တဲ့ လက်ရှိကာလမှာ  မြန်မာပြည်ဟာ သူဖြစ်စေချင်တဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ်ကို ရောက်ဖို့ နီးနေပြီလို့များ ဒေါ်စု ထင်ပါသလား ။


  • Suu။      ။    ၁၉၈၈  ထက်စာရင်တော့ နီးပြီပေါ့ ။ သူ့လို လူတွေရဲ့ ကျေးဇူးကြောင့်ဘဲ  သူဖြစ်စေချင်တဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့ ကျမတို့ နီးလာပြီဆိုတာ သံသယ ရှိစရာ မလိုပါဘူး ။ 


                                *****************************************











Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>