Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အ မျိုးသားဒီမိုရေစီအဖွဲ့ချုပ် ဦးဝင်းတင်၏ ဈာပနကျင်းပရေးကော်မတီမှ ကျေးဇူးတင်လွှာ

$
0
0
အ မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်
အ မှတ် (၉၇/ခ) အ နောက် ရွှေ ဂုံတိုင် လမ်း
ဗ ဟန်း မြို့ နယ် ၊ ရန် ကုန် မြို့
ရက်စွဲ - ၂၀၁၄ခုနှစ်၊ ဧပြီလ(၂၄)ရက်

ကျေးဇူးတင်လွှာ
(၂၁.၄.၂၀၁၄)နေ့တွင် ကွယ်လွန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပနတွင် အဘက်ဘက်မှ အဆင်ပြေချောမွေ့အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် သုခရိပ်မြုံ အဖွဲ့သားများ၊ ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ၊ ကဗျာများ၊ ပန်းချီကားများ ၊ ပန်းခြင်း ၊ ပန်းခွေများ ပေးပို့၍ ဂါရ၀ပြု လိုက်ပါပို့ဆောင်ခဲ့ကြသော လူပုဂ္ဂိုလ်များ။ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံမှူးကြီးများ၊ အစိုးရဌာနများ၊ နိုင်ငံရေးပါတီများ၊ အနုပညာရှင် အတတ်ပညာရှင်များ၊ စာနယ်ဇင်းနှင့် စာပေနယ်ပယ်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs) ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ(INGOs) နှင့် လူမှုအဖွဲ့အစည်း(CSOs) အသီးသီးမှပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်ရပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူများ အားလုံးနှင့် အခြားပံ့ပိုးကူညီသူများအားလုံးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပနကျင်းပရေးကော်မတီမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။


သဘာပတိအဖွဲ့ဝင်ဦးဝင်းတင်၏ဈာပနကျင်းပရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟန်းမြို့နယ်၊ ရန်ကုန်
Nld Central

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>