Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဖွဲ့စည်းပုံပြင်ဆင်ရေး အန်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်းကော်မတီဖွဲ့စည်း။

$
0
0
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲတွေနဲ့ ပြည်သူ လူထုလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ၁၀ ဦးပါ ပူးပေါင်း ကော်မတီတရပ်ကို ဒီကနေ့ မနက်က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းလိုက်ပါတယ်။

တဖက် ၅ ဦးကျစီနဲ့ ဖွဲ့စည်းထားတဲ့ ဒီကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖက်က ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု တို့ ပါဝင်ပြီး ၈၈ မျိုးဆက်တွေဘက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေးနဲ့ ကိုဂျင်မီတို့ ပါဝင်ပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ကျင်းပဖို့ရှိတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေနဲ့ လူထုလက်မှတ်ရေးထိုး ဆန္ဒကောက်ခံမှု လုပ်ငန်းတွေအတွက်တော့ ဒီကနေ့ပဲ နှစ်ဖက် ပူးပေါင်းကော်မတီခွဲတွေ သီးခြားဖွဲ့စည်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်း မကျတဲ့ ပြဌာန်းချက်တွေ အများကြီးရှိနေပေမယ့် ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးအတွက် အခုလို ဆောင်ရွက်လာရ တာနဲ့ ပတ်သက်လို့ ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလိုပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အမှန်အတိုင်းပြောရင် ကျနော်တို့က လက်ကိုခံခဲ့တာ မဟုတ်ဘူး။ မဲလည်း မထည့်ခဲ့ဘူး။ ပြည်သူလူထုနဲ့ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့လည်း ကျနော်တို့ မယူဆဘူး။ သို့သော်ငြားလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ခြေမပြတ်စေပဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားတာ။ ပြောရမယ်ဆိုရင် အားလုံးသိပြီးသားပါ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၃၆ ဟာ ပြုပြင်ရခက်အောင်လုပ်ထားတဲ့ ပုဒ်မပေါ့။ ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မတွေ ရှိသမျှကာလပတ်လုံး ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သွေးထွက်သံယိုမှုတွေနဲ့ပဲ ပြင်ဆင်ဖို့အတွက် အဆုံးသတ်ခဲ့ရတယ်။ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြင်ရလွယ်ဖို့ လိုတာပေါ့။ နောင်လာနောင်သားတွေ ပြင်ချင်တဲ့အချိန်မှာ အလွယ်တကူ ပြင်နိုင်အောင် လုပ်ပေးရလိမ့်မယ်။ အဲဒီတော့ ပြင်ဆင်ဖို့အတွက်ကို ကျနော်တို့က အဓိကထားပြီး ဆောင်ရွက်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ချို့ယွင်းချက်အားနည်းချက်က အများကြီး ရှိနေတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေရဖို့ စီးပွားရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ချင်ရင် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ကို ပြင်ရလိမ့်မယ်။”

လာမယ့် မတ်လ ၁၇ နဲ့ ၁၈ ရက်တွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တို့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းဟောပြောမှုတွေ ပြုလုပ်သွားကြဖို့ ရှိနေပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကတော့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ပါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောတူတဲ့ ဘယ်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ဖို့သင့်တာကတော့ အများကြီး ပြင်သင့်တာပေါ့လေ။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရလည်း ခဲယဉ်းပါတယ်၊ ငြိမ်းချမ်းရေးရရှိဖို့လည်း ခဲယဉ်းပါတယ်၊ ခေတ်မီတဲ့ နိုင်ငံတော်ဖြစ်ဖို့လည်း ခဲယဉ်းပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ ပြင်ဖို့လိုပါတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့အတွက် သဘောတူတယ်ဆို ကျနော်တို့က ပူးပေါင်းဖို့ ဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။”

လွှတ်တော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်ရေး ကော်မတီကိုဖွဲ့ စည်းပေးထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းရေးဆွဲဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုမှာ ဒီကိစ္စ အပြီးအပြတ် ဆောင်ရွက်ဖို့ တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်း စတင် ရေးဆွဲတဲ့အဆင့်တောင် မရောက်သေးဘူးလို့ အကောင်အထည်ဖော်ရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

လတ်တလော ဖွဲ့စည်းပုံပြင်ဆင်ရေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် မြန်မာနိုင်ငံ တ၀န်း မြို့တွေ နယ်တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက် ပေါ်ပေါက်နေတာ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတွေ ကလည်း ပူးပေါင်းဟောပြောမှုတွေ လူထုဆန္ဒ လက်မှတ်ကောက်ယူ စုဆောင်းမှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်။

DVB

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>