ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကြံ့ခိုင်ရေးပါတီ မှ ဦးဆောင် ဆန္ဒဖော်ထုတ် တောင်းဆိုချက်များ
၁။ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး
၂။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး
၃။ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကြံ့ခိုင်ရေးပါတီက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အတွက် ဆန္ဒပြ ကြတယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတော့ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိအောင်ပါဘဲ။
မဆလ အစိုးရလက်ထက်နဲ့ စစ်အစိုးရ လက်ထက်တုန်းကလိုဘဲ မလာမနေရ အမိန့်ထုတ်ပြီး ခေါ်တယ်ဆိုတော့ ပိုလို့တောင် အံ့အားသင့်မိတယ်။
လယ်တီသိမ်ကို ဖျက်ဆီးခဲ့တဲ့၊ သံဃာတော်တွေကို မီးလောင်ဗုံးကပ်ခဲ့တဲ့ အမျိုးဘာသာ သာသနာ မစောင့်ရှောက်သူ လက်ရှိ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ကြီး သမ္မတ ဦးသိန်းစိန် ကိုများ ဆန့်ကျင်ပုန်ကန်ကြပြီလားလို့တောင် ဇဝေဇ၀ါ တွေးမိလိုက်သေးတယ်။
စုံစမ်းကြည့်တော့မှ၊ မဟုတ်ပါဘူးတဲ့ ၅၉စ ထောက်ခံပွဲ လုပ်ဖို့ညွှန်ကြားထားတာပါတဲ့။ အမျိုးဘာသာ သာသနာ နဲ့ ရောချလိုက်တာ အခု အဆဲခံနေရတယ်တဲ့ဗျား။
Ref : The Daily Eleven,Melvin moe,D myo chit