Photo..Mya thein။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီး( နာဂစ်အခြေခံဥပဒေကြီး) က ရာနှုံး ၉၀ ကျော်နဲ့ ထောက်ခံအတည်ပြုခဲ့ပါတယ် မျက်စိပိတ်ပြီးအော်နေလည်း ဒီမိုကရေစီနည်းမကျ စစ်အာဏာရှင်အရှည်တည်တံ့ရေး ကမ္ဘာ့ပြင်ရန်အခက်ခဲဆုံးအခြေခံဥပဒေ ကြီးဖြစ်တယ်ဆိုတာ တတိုင်းပြည်လုံးသိကြပါတယ်။ ပြည်သူတွေ အဖွဲ့အစည်းတွေ ကျယ်လောင်စွာ ပြင်ဆင်ဖို့တောင်းဆိုခဲ့ကြပေမယ့်လည်း တာဝန်ရှိသူတွေက ဟုတ်ကဲ့ ပြင်မှာပါခင်ဗျာ၊ ကျတော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)နဲ့အညီပြင်ဆင်ဖို့ဆောင်ရွက်နေပါတယ်တဲ့။ သူတို့လက်ကိုင်ပြုနေတဲ့ အခန်း(၁၂)က အဓိက အခက်အခဲဆုံးအရာပါပဲ။ ကျတော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းကနေ ပြင်ဆင်နိုင်ရန် သူတို့ဖွဲ့စည်းပေးထားတဲ့ကော်မတီထံကို ပြင်ဆင်ရန်အချက်(၁၆၈)ချက်တင်ပြခဲ့ပါတယ်။ အခြားအဖွဲ့အစည်းများ ပြည်သူများကလည်း တင်ပြခဲ့ကြပါတယ်။ လွှတ်တော်ပြင်ပကနေပြီးတော့လည်း ဆန္ဒဖေါ်ထုတ်ခဲ့ကြပါတယ်။ အဲဒီပြင်ဆင်ရန်အချက်များအားလုံး ဘာမှသုံးစားလို့မရအောင် ဟန့်တားနေတာကတော့ အခန်း(၁၂) ပုဒ်မ(၄၃၆)ဖြစ်တဲ့အတွက်ကြောင့်လည်း အခု ကျတော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူထုဟောပြောပွဲတွေလုပ်မယ်။ လူထုဆန္ဒဖေါ်ထုတ်တဲ့အနေနဲ့ လက်မှတ်ရေးထိုးပွဲတွေပြုလုပ်သွားပါတော့မယ်။ ပြည်သူလူထုကြီးအနေနဲ့ ပုဒ်မ(၄၃၆)ကို ကြိုတင်လေ့လာထားလို့ရအောင် အောက်မှာဖေါ်ပြပေးလိုက်ပါတယ်။
အခန်း(၁၂)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
၄၃၆(က) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ။ အခန်း(၂) ပုဒ်မ
၄၉ မှ ၅၆ ထိ။ အခန်း(၃) ပုဒ်မ ၅၉။ ၆၀။ အခန်း(၄) ပုဒ်မ ၇၄။ ၁၀၉။ ၁၄၁။
၁၆၁။ အခန်း(၅) ပုဒ်မ ၂၀၀။ ၂၀၁။ ၂၄၈။ ၂၇၆။ အခန်း(၆) ပုဒ်မ ၂၉၃။ ၂၉၄။
၃၀၅။ ၃၁၄။ ၃၂၀။ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ။ အခန်း(၁၂) ပုဒ်မ ၄၃၆
တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလ္ခင် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုံးကျော်က ပြင်ဆင်ရန်
သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
( ခ ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်
များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုံး
ကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊...........
ပြည်သူများအားလုံး ပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြပါစို့ခင်ဗျာ။
KayToe Burma