Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အရောင်မဆိုးနဲ့......ko nay myo

$
0
0
လူရည်ချွန်လူငယ်တွေ...၊ ကင်းထောက်လူငယ်တွေကို ပျိုးထောင်ပေးတာ..၊ ချီးမြှောက်တာဟာ ကောင်းပါတယ်...။ အရည်ချင်းရှိရင် ရှိတဲ့သူတွေကို နေရာပေးတာဟာ ပိုကောင်းတာမို့ ဘာမှပြောစရာ မရှိပါဘူး...။

အရောင် မဆိုးရင်ပေါ့....။

ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ အစိုးရတွေဟာ လိုတာထက်ပိုပြီး လုပ်တတ်တာရယ်...၊ လိုရင်လိုသလို အရောင်ဆိုး အသုံးချ အရောင်းပြောင်းတတ်ကြတဲ့ $ကျင့်တွေကြောင့် သိပ်မကြိုက်မိတာ အမှန်ပါ...။ ဆိုရှယ်လစ်ခေတ်တုန်းကတော့ ခပ်ငယ်ငယ်ကျောင်းသား အရွယ်ဘ၀မှာ လမ်းစဉ်ပါတီ..၊ လမ်းစဉ်လူငယ်တွေ ဆိုပြီး လေ့လာရေးတွေ..၊ သင်တန်းတွေ ကျနော်ဘုမသိ ဘမသိ လိုက်သွားခဲ့ဘူးပါတယ်...။ တကယ်တော့ ဒါဟာ နိုင်ငံရေး ပေါ်လစီပြောင်းဖို့ မသိမသာ အားယူတာ ဖြစ်သလို..၊ အရောင်ပြောင်း ပုံသွင်းဖို့ သိပ်လွယ်လွန်းတဲ့ ကလေးတွေ ပုံစံခွက်ထဲသွတ်သွင်းဖို့ စီစဉ်ပြီး...၊ အများသဘောကျ အားကျစေလိုတဲ့ ရည်ရွယ်ချက်ကို ကာဗာယူပြီး ဒီလို လူရည်ချွန်မောင်မယ်တွေကို ကြိုဆိုဖို့ လမ်းမပေါ်မှာ လိုအပ်တာထက်ပိုတဲ့ လိမ်ဆင်ပြီး ဖိအားပေးကြို ဆိုခိုင်းတာ တွေမြင်ရတော့ ဦးနေ၀င်း နဲ့ လမ်းစဉ်ပါတီရဲ့ လုပ်ရပ်တွေကို မြင်ယောင်မိပါတယ်...။ ဒီတော့ ဒီလိုအပြုအမူတွေ နဲ့ ဒီလမ်းစဉ်တွေဟာ ဦးသိန်းစိန် နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မှန်ကန်တဲ့ လမ်းစဉ်တစ်ခုလို့ ယုံကြည်ယူဆဖို့ ကျနော့်အနေနဲ့ မချင့်မရဲဖြစ်မိတာပါ.....။

တကယ်တော့ ချီးမြှောက်တယ်...၊ အားပေးတယ်ဆိုရင်တောင်မှ အခြားသောသူတွေကို အလုပ်ပို ၀န်ပိစေတာမျိုး ရှောင်ရှားဖို့ လိုပါတယ်....။ ဒီနေ့ တောင်ကြီးမှာ ကလေးတွေကို ကြိုဆိုဖို့ ဆိုပြီး ဆရာတွေ..၊ ဆရာမတွေ..၊ ကျောင်းသား/သူတွေကို တန်းစီပြီး နေပူထဲ အတင်း ဖိအားပေးစောင့်ခိုင်းတာမျိုးဟာ အမြင်ကြည်သူတွေရှိနိုင်သလို...၊ အမြင် မကြည်တဲ့သူတွေလည်း ရှိလာနိုင်တာမို့ ရည်ရွယ်ချက်ထား သပ်လျှို ပြီးသွေးခွဲတာမျိုး လားလို့ သံသယ ဖြစ်မိပါတယ်....။ သံသယဖြစ်တာဟာ မကောင်းဘူးလိုပြောချင်ပြော...၊ ဒါပေမဲ့ ဒီနိုင်ငံမှာ အားကောင်းတဲ့ အဖွဲ့အစည်းတွေဟာ ဒီလိုပဲ သပ်လျှိုပြီး သွေးခွဲခဲ့ကြတာဟာ သက်သေတွေပါပဲ...။

ဒါကြောင့် အဖြူ ထည်လေးတွေကို အရောင်မဆိုးပါနဲ့..........


Ko Nay My0(ချယ်ရီမြေ)


အမေရိကန် သမ္မတ အိုဘားမား ကင်းထောက်မောင်မယ်များအား အိမ်ဖြူ တော်တွင် လက်ခံတွေ့ဆုံစဉ်..

Ko Nay My0



Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>