ရွေးကောက်ပွဲ ကာလအတွင်း အိမ်စောင့်အစိုးရအဖြစ် တည်ရှိနေတဲ့ ၀န်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်နဲ့  ၀န်ကြီးတချို့ တို့ ကိုတာဝန်ကနေရပ်စဲဖို့ ထိုင်း ဖွဲ့ စည်းပုံခုံရုံးက အမိန့် ချမှတ်လိုက်ပါတယ်။
ထိုင်းလုံခြုံရေးကောင်စီ အတွင်းရေးမှူး ထ၀င် ပလီယန်စီ ကို ပြောင်းရွေ့ ဖို့ ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် ဦးဆောင်တဲ့ 6/9/2011 ရက်နေ့  ၀န်ကြီးများအစည်း ဆုံးဖြတ်ချက်ဟာ ဥပေဒေနဲ့ မကိုက်ညီဘူး။ ဒါ့အပြင် ၀န်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် ရဲ့ ဆွေးမျိုးတော်စပ်သူ ရဲဗိုလ်ချုပ်ကြီး ပရိုးဖန်း ဒါးမားဖုန်းကို ရဲချုပ်ရာထူးပေးဖို့ အတွက် ရဲချုပ်ဝိချီးယန်းကို လုံခြုံရေးကောက်စီ အတွင်းရေးမှူးရာထူးကိုပြောင်းရွေ့ ခဲ့တယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ အစိုးရ၀န်ထမ်းတွေရဲ့ ရာထူးနဲ့ ရပိုင်ခွင့်တွေကို အစိုးရက ၀င်ရောက်စွက်ဖက်တာဖြစ်တယ်။ ကိုယ်ကျိုးပါဝင်နေတယ်။ အခုလုပ်ဆောင်ချက်တွေဟာ ဖွဲ့ စည်းပုံနဲ့ မကိုက်ညီဘူးဆိုပြီး ဖွဲ့ စည်းပုံခုံရုံးက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
အခုဆုံးဖြတ်ချက်ကြောင့် လက်ရှိအိမ်စောင့် အစိုးရမှာ လက်ရှိတာဝန်ရှိနေတဲ့ ၀န်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်နဲ့ ဝန်ကြီး 10 ပါး က တာဝန်ကနေ ရပ်စဲခံလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုဝန်ကြီးချုပ်တချို့ အပါအ၀င် ၀န်ကြီး 26 ပါး ကျန်သေးတဲ့အတွက် ၀န်ကြီးများအစည်းအဝေးကျင်းပပြီး ၀န်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ပြန်လည်ခန့် အပ်တာဝန်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရတစ်ဖွဲ့ လုံးက ရွေးကောက်ပွဲက တက်လာမယ့် အစိုးရသစ် မပေါ်ပေါက်မီကာလအတွင်း အိမ်စောင့်အစိုးရအဖြစ်သာ ယာယီတာဝန်ယူထားရမှာဖြစ်ပါတယ်။
Winmit WinMyint ထံမှ