Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ် ဆက်လက်ကူညီမည်

$
0
0
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က Kutupalong ဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်/ Photo: AFP
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး နဲ့ လူမှုအသိုင်းအ၀ိုင်းအကြား သဟဇာတဖြစ်ရေး ကြိုးပမ်းမှုတွေမှာ ကမ္ဘာ့ဘဏ်က ဆက်လက်ကူညီသွားမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဒု-ဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ ရုံးခွဲ သတင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးလင်းက ပြောပါတယ်။

"ကျနော်တို့ ဒု-ဥက္ကဋ္ဌ လည်း လာမယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဖို့ရှိတယ်၊ ကျနော်တို့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပြင် ရခိုင်ကိုလည်း အထူးပြုပြီးတော့မှ နိုင်ငံတော်အစိုးရကလည်း အထူးပြုဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်တယ်၊ ရခိုင်တင်မကဘူး တစ်နိုင်ငံ လုံးမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ကိစ္စတွေ၊ လူမှုအသိုင်းအဝိုင်းတွေ အတူတကွပြန် လည်ပေါင်းစည်းနိုင်ရေးကိစ္စတွေ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့အပေါ်မှာ ကမ္ဘာ့ဘဏ်ကလည်း ပံ့ပိုးသွားဖို့ရှိပါတယ် တိုးမြှင့်သွားဖို့ရှိပါတယ်"

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင်က ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နောက်ထပ်စီမံကိန်းတွေမှာ ငွေကြေးကူညီဖို့ အဆိုပြုမှုအားလုံး ရပ်တန့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးနဲ့ တွေ့ဆုံပြောကြားခဲ့အပြီး ၂ ရက်အကြာမှာ အခုလို ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ ခရီးစဉ်နဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒုတိယ ဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာဟာ လာမယ့် ဇူလိုင်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။

မြန်မာနို်င်ငံရဲ့ အသွင်ကူးပြောင်းရေးကဏ္ဍမှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး၊ စီးပွား ရေး ပြုပြင်ပြောင်းလဲရေး စတဲ့ ကဏ္ဍအသီးသီးအတွက် အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်နဲ့ ညီမျှတဲ့ နှစ်ရှည်ချေးငွေတွေနဲ့ ပံ့ပိုးပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က ချုပ်ဆိုထားတဲ့ မြန်မာအစိုးရနဲ့ UNHCR/UNDP တို့ရဲ့ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးအပြင် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ဆောင်ဖို့အတွက်လည်း ဝိုင်းဝန်းလုပ်ဆောင်ပေးနေတယ်လို့ ပါရှိပါတယ်။

ဒု-ဥက္ကဋ္ဌ ရဲ့ခရီးစဉ်အတွင်းမှာ အစိုးရတာဝန်ရှိသူတွေအပြင် ရန်ကုန်မြို့က အရပ်ဖက်လူမှုအဖွဲ့အစည်း တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့လည်း ဦးကျော်စိုးလင်း က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>