Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လူမှုကွန်ရက် သတင်းမှားတွေကြောင့် လူသတ်မှုတွေဖြစ်နေတဲ့ အပေါ် WhatsApp ထိတ်လန့်

$
0
0

လူမှုကွန်ရက်မှာ တင်ပြီး ဖြန့်ဝေကြတဲ့ ကောလာဟလသတင်းတွေကြောင့် အိန္ဒိယနိုင်ငံမှာ လူအုပ်နဲ့ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်တာတွေ ဖြစ်ခဲ့တဲ့အပေါ် အထိတ်တလန့်ဖြစ်ရတယ်လို့ WhatsApp ကုမ္ပဏီက ဒီနေ့ ပြောလိုက်ပါတယ်။

WhatsApp လူမှုကွန်ရက်ပေါ်မှာ ကောလာဟလနဲ့ သတင်းမှားတွေ ရေးသားဖြန့်ဝေနေတာကို တာဝန်ယူမှုမရှိတာကို အိန္ဒိယအစိုးရက မနေ့ညနေက ကြေညာချက်ထုတ်ပြန် သတိပေးခဲ့အပြီးမှာ WhatsApp ကုမ္ပဏီက အခုလို ပြန်လည်ပြောကြားတာ ဖြစ်ပါတယ်။

အိန္ဒိယ အီလက်ထရောနစ်နဲ့ နည်းပညာရေးရာ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ... တာဝန်ခံမှုမရှိတဲ့ ဒီသတင်းအချက်အလက် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ WhatsApp အနေနဲ့ တာဝန်ယူ ဖြေရှင်းမှုမရှိတဲ့အပေါ် အထူးစိတ်ပျက်ရကြောင်း ဖော်ပြထားပါတယ်။

WhatsApp အနေနဲ့ လူတွေရဲ့လုံခြုံရေးကို အထူးဂရုစိုက်ပါကြောင်း၊ သတင်းမှားနဲ့ ကောလဟလတွေ ကင်းစင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း အိန္ဒိယအစိုးရကို ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

လူမှုရေးကွန်ရက်မှာ ကလေးပြန်ပေးဆွဲမှု၊ ခိုးယူလုယက်မှု၊ မုဒိမ်းမှု... စတဲ့ ကောလာဟလနဲ့ သတင်းမှားတွေ ရေးသားဖြန့်ဝေမှုကြောင့် သံသယဖြစ်သူတွေကို လူစုလူဝေးနဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြပါတယ်။ ဒီလိုသတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ ၂ လအတွင်း အိန္ဒိယမှာ လူ ၂ဝ ကျော် အသတ်ခံခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>