
အဆိုပါပေါက်ကွဲမှုများကြောင့် ကမ္ဘောဇဘဏ်အဆောက်အဦးပြတင်းမှန်များကွဲပျက်ခဲ့ပြီး ၊ အနီးအနားရှိ အဆောက်အဦးအချို့နေအိမ်တံခါးများ၊ မှန်များပျက်စီးခြင်း၊ မကြာခင်ဖွင့်လှစ်တော့မည့် “အောင်သီရိအဆင့်မြင့်ရုပ်ရှင်ရုံကြီး”၏ မှန်များ ကွဲပျက်ခြင်းများဖြစ်ခဲ့ကြောင်း ၊ CB Bank အဆောက်အဦးရှိမှန်များနှင့် ထရန်စဖော်မာအောက်ရှိ မီးဘုတ်ခုံတို့ ကြွေမွပျက်စီးခဲ့ကြောင်းနှင့် အခြား မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ချိန်ကိုက်ဗုံးဟုယူဆရကြောင်း၊ မည်သည့်ရည်ရွယ်ချက်ကြောင့် ဤဘဏ်(၂)ခုတွင် ချိန်ကိုက်ဗုံးဖောက်ခွဲရခြင်းအကြောင်းကို တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းစစ်ဆေးလျှက် ရှိကြောင်းသိရှိရသည်။
(ဘီဘီစီ ဦးကျော်စိုးဟိန်း)