Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရွေးကောက်ပွဲ ကော်မရှင်ဟာ ဘယ်သူ့လက်အောက်ခံလဲဆိုတာ ထင်ရှားမြင်လိုက်ရတာပါဘဲ - ထင် လင်း ဦး

$
0
0
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းခေါင်းဆောင်များရဲ့ဟောပြောပွဲတွေမှာ ဒီအချက်ကို ထောက်ပြပြောဆိုလာကြပါတယ် ။ ဒီပုဒ်မ ၄၃၆ ဟာ တပ်မတော်အကြီးအကဲကို ပြည်သူသန်း ၆၀ ထက်ပိုပြီး အခွင့်အရေးပေးထားတဲ့ ဥပဒေ ၊ တပ်မတော် နဲ့ပြည်သူကြားရန်တိုက်ပေးထားတဲ့ ဥပဒေ ၊ တပ်မတော်နဲ့ပြည်သူကို သွေးခွဲထားတဲ့ ဥပဒေ လို့ ထောက်ပြပြောဆိုခဲ့ကြပါတယ် ။ တပ်မတော်နဲ့ပြည်သူပြန်လည်ချစ်ကြည်နိုင်ဖို့ ဒီဥပဒေကို ပြင်ဆင်ဖို့ လုပ်ရမယ်လို့ အသိပေးတင်ပြခဲ့ကြပါတယ် ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ကဆိုရင် ဒီလိုမမျှတတဲ့ အခွင့်ထူးခံဥပဒေကို ပြင်ဆင်နိုင်ဖို့ တပ်မတော်သားများကိုယ်တိုင် ပါဝင်ဖို့လိုပါတယ် လို့ တိုက်တွန်းခဲ့ပါတယ် ။

တိုက်တွန်းတယ်ဆိုတာ စိန်ခေါ်တာပါပဲလို့လဲ ပြောခဲ့ပါတယ် ။ တပ်မတော် သားတွေဟာ အာဏာအတွက်လုပ်နေတာမဟုတ် ၊ စည်းစိမ်ဥစ္စာအတွက် လုပ်နေတာမဟုတ် ၊ အခွင့်ထူးခံဖို့ လုပ်နေတာမဟုတ်ဘူးလို့ သက်သေပြရဲ့သလားလို့ စိန်ခေါ်ခဲ့တာပါ ။
အဲဒါကို တပ်မတော်ကို ခုတုံးလုပ်နေကြလူတွေက ဆတ်ဆတ်ခါနာခဲ့ကြပါတယ် ။ တပ်မတော်ကို စိန်ခေါ်နေပါပြီလို့ အသံကုန်ကြုံးအော်လာကြပါတယ်။ ဒီလိုပြောဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့လည်း ဆိုလာပြန်ပါတယ် ။

ထူးခြားတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီညွတ်ဘူး ညီညွတ် တယ်ဆိုတာကို ဆုံးဖြတ်ရမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အသံထွက်မလာဘဲ ဘယ်ဘက်ကမှ မလိုက် ကြားနေရမယ်ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်က စူးစူးဝါးဝါးအသံထွက်လာတာဖြစ်လေတော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဘယ်သူ့လက်အောက်ခံလဲဆိုတာ ထင်ရှားမြင်လိုက်ရတာပါဘဲ ။ NLD နဲ့ ၈၈အဖွဲ့တို့ရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူတွေတစ်ခဲနက် ပါဝင်လာကြပြီး အာဏာရှင်ဖုတ်သက်သွင်း ဥပဒေကို ပြင်ဆင်ဖို့ အုံးအုံးကြွက်ကြွက်လုပ်ဆောင်လာကြလေတော့ ဒီဖုတ်ကို အမှီသဟဲလုပ်ပြီး အာဏာ သက်ဆိုးကလေး ရှည်အောင် ထူထောင်ထားလိုကြသူတွေ မျက်ကလဲဆန်ပြာဖြစ်မယ်ဆိုလဲ ဖြစ်စရာပါဘဲ။
ထင်လင်းဦး

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>