Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မကွေးမြို့၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ အောင်မြင်စွာပြီးစီး

$
0
0
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ယနေ့
ဇွန်လ ၉ ရက်၊ နံနက် ၉း ၀၀ နာရီက မကွေးတိုင်း၊ မကွေးမြို့၊ အေးစေတီ
ကျောင်းဝန်း အတွင်းတွင် ကျင်းပပြုလုပ်ရာ လူထု ပရိသတ် ရှစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုဥပဒေ အထောက်
အကူပြု အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၈၈
မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဌေးကြွယ်နှင့် မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
အောင်မိုးညို တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး
အတွက် ဟောပြောသွားခဲ့ကြသည်။

နောက်ဆုံးအနေဖြင့် မကွေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော် က ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒ
ဖော်ထုတ် လက်မှတ်ရေးထိုးရခြင်း ကိစ္စကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို နံနက် ၁၁း ၃၅ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်း
ခဲ့ကြသည်။

အစောပိုင်းနေ့များက အခမ်းအနားကို တားဆီးပိတ်ပင်ခြင်း၊ ဟန့်တားခြင်း၊ ဖိအားပေးခြင်းများ ရှိခဲ့သော်လည်း ယနေ့ ကျင်းပပြုလုပ်ခဲ့သော အခမ်း
အနားကိုမှု တစ်စုံတစ်ရာ အနှောင့်အယှက်ပေးခြင်းမျိုး မတွေ့ခဲ့ရပေ။ ယခင်ရက်များက တားဆီး၊ ဟန့်တား၊ ဖိအားပေးခံရမှုများ အကြားမှပင်
ယနေ့ အခမ်းအနားကို မကွေးမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသခံ ရှစ်ထောင်ကျော်ခန့် တက်ရောက်အားပေးခဲ့ကြခြင်းကြောင်းသတင်း
ရရှိပါသည်။

သတင်းဓါတ်ပုံ-The 88 Generation Peace and Open Society

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>