The serpentine Shweli River can be seen north of Namhkam where the Burma-China border (yellow line) cuts through the town. Shan farmers north of this line say they want to remain in Burma and have farmed this land for generations. (Google Earth)
မြန်မာနိုင်ငံမှာ ၉၆၉ တွေ၊ မဘသတွေ တစခန်းထလာပြီဆိုရင် မျက်ခုံးလှုပ်စရာ တစ်ခုခုတော့ ဖြစ်ပြီ ဆိုတာ မြဲမြဲ မှတ်ကြပါ။ ဟိုတခါ မိတ္ထီလာမှာ ဘာသာရေး ပဋိပက္ခ ဖြစ်နေချိန် ကျောက်ဖြူ-ကူမင်း ဂက်စ်ပိုက်လိုင်းကြီး ဖွင့်လိုက်တာ တစ်ပြည်လုံးမှာ သိလိုက်တဲ့လူတောင် ခပ်ရှားရှား။ အဲဒီလို ကစားသွားတာ ဘယ်လောက် ပိုင်သလဲ။
ခုလည်းပဲ ကြည့်ပါ။ အူရဒူး ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းပဲ ရှမ်းပြည်နယ်မှာ နယ်နိမိတ် မိုင်ဝက်လောက် တရုတ်လက်ကို ပါသွားပြန်ပြီ။ ကျနော်တို့ ပြည်သူတွေကို မဲမဲမြင်ရာ ဟောင်ဖို့ မဘသတွေက အူရဒူးကို ရှူးတိုက်ပေးနေချိန်မှာ ကိုယ့်နယ်မြေတွေ တရုတ်က အသာလေး သိမ်းပိုက်လိုက်တာပါပဲ။
https://www.dvb.no/news/border-demarcations-leave-shan-farmers-on-chinese-soil-burma-myanmar/41331
နမ်းခမ်းမြို့နယ်က ဆယ်ခုံ၊ ခုံသာနဲ့ ဘန်နောင်းကျေးရွာတွေက နယ်မြေ မိုင်ဝက်လောက် တရုတ်လက်ကို ပါသွားပြီး နယ်နိမိတ် မှတ်တိုင်တွေ စိုက်လိုက်လို့ ရှမ်းလယ်သမားတွေ နေရင်းထိုင်ရင်း တရုတ်နယ်ထဲ ရောက်သွားသတဲ့။ လယ်မြေ ဧက ၂၀၀ လောက် တရုတ်ဆီ ပါသွားလို့ ရှမ်းတောင်သူလယ်သမားတွေက ပြည်ထောင်စုနဲ့ မခွဲမခွာ နေရဖို့အရေး သမ္မတကြီး ဦးသိန်းစိန်ဆီ စာပေးပို့ တိုင်ကြားထားကြောင်း သိရပါတယ်။
ကိုယ့်မြေကို တစ်လက်မမှ အကျူးကျော်မခံ ဆိုတဲ့ မြန်မာ့တပ်မတော်ကြီးကို ကျည်ဆံတစ်တောင့်တောင် မဖြုံးဘဲ တရုတ်က ဆော်သွားတာလေ။ အဲဒီ တပ်မတော်ကလည်း ကိုယ့်တိုင်းရင်းသားတွေအပေါ်သာ လက်သံပြောင်ပြောင်နဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ရဲတာပါ။ သူများနိုင်ငံနဲ့များဆိုရင် တရုတ်မဆိုထားနဲ့၊ ဘင်္ဂလားဖြစ်ဖြစ် ထိုင်းဖြစ်ဖြစ် အမြီးကို ကုပ်နေတာပဲ။ ဒို့မြေကြီးကို ကာကွယ်ဖို့ထက် ဒို့အဖေကြီးကို ကာကွယ်ဖို့ အဓိကမဟုတ်လား။
ပြည်သူလူထုမှာလည်း ကိုယ့်ဆီက သယံဇာတတွေ၊ ပိုင်နက်နယ်မြေတွေ တရုတ်လက်ထဲ တတိတိ ပါနေတာ သတိမထားဘဲ တစ်ဆိတ်ရှိ မူစလင်ကုလား ဆန့်ကျင်ရေးမှိုင်းတွေပဲ မိနေကြရင် အမျိုး၊ ဘာသာ၊ သာသနာ ပျောက်မှာ အမှန်ပဲ။ ပြည်သူလူထုကိုယ်တိုင် လူမျိုးရေး၊ ဘာသာရေး သွေးထိုးတာမှန်သမျှ အသိစိတ်ဓာတ်ရှိရှိ ဆန့်ကျင်မှ ဖြစ်မယ်ဆိုတာ မြဲမြဲ မှတ်ကြပါလို့ပဲ ပြောလိုက်ချင်တော့တယ်။
Ref..Min Myat Maung