Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်လေဆိပ်တွင် ခရီးသည်များ၏ ပစ္စည်းများ အတင့်ရဲစွာ ခိုးယူခံနေရ

$
0
0
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်၏ ပစ္စည်းများအား အတင့်ရဲစွာပင် ခိုးယူနေမှု ရှိနေကြောင်းနှင့် စောင့်ကြည့် စစ်ဆေးရန် အတွက်လည်း စီစီတီဗီများ တပ်ဆင်ထားခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့သူမှာ ရန်ကုန်မှ ဘန်ကောက်သို့ မေလ၂၃ရက်နေ့တွင် Nok Air လေကြောင်းဖြင့် ခရီးသွားသူ တစ်ဦးဖြစ်ကာ ဘန်ကောက်မြို့ တည်းခိုရာနေရာ အရောက်တွင် သူ၏ခရီးဆောင် သေတ္တာကို ဖွင့်ကြည့်ရာမှ Samsung Galaxy 8.0 ပျောက်နေသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ယင်းသို့ သိရှိသည်နှင့် ဘန်ကောက်လေဆိပ်သို့ တိုင်ကြားရာ လေဆိပ်မှ သေတ္တာကို ကားပေါ်တင်သည်အထိ CCTV လုံခြုံရေး ကင်မရာများဖြင့် ကြည့်ရှုထားသည့် အတွက် ပြန်လည် စစ်ဆေးပေးခဲ့ရာ မည်သူမှ အိတ်ကိုဖွင့်သည်ကို မတွေ့ရဟု ပြန်လည်ဖြေကြား ခဲ့သည်ဟုလည်း ဆိုသည်။

“ရန်ကုန်ပြန်ရောက်တော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တိုင်ကြားခဲ့ပေမယ့်လည်း ခရီးသည်တွေရဲ့ သေတ္တာတွေကို တန်ဆာလုပ်တဲ့ နေရာကနေ လေယာဉ်ပေါ်တင်တဲ့ နေရာတွေမှာ CCTV တပ်မထားလို့ မသိကြောင်းသာ ဖြေကြားခဲ့ပါတယ်”ဟု အဆိုပါ ခရီးသည်က ပြောကြားခဲ့သည်။

ယခုအခါ ရန်ကုန်လေဆိပ်တွင် ခရီးသည်ကြို ယာဉ်ကားနားအထိ အလုပ်သမားများက လာပြီး တန်ဆာ လုပ်ထားသော သေတ္တာများပါက အခကြေးငွေယူပြီး အမြန်ရောက် ရမည်ဟု ပြောကာ တောင်းယူနေသလို ယခုကဲ့သို့ ခရီးသည်များ၏ အိတ်များအတွင်းမှ ပစ္စည်းများ မကြာခဏ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။ ရန်ကုန်လေဆိပ်၏ စီမံခန့်ခွဲမှု အားလုံးကို Asia world၏ ကုမ္မဏီခွဲ ဖြစ်သော Pioneerမှ လွှဲပြောင်းတာဝန်ယူထားပြီး ဖြစ်သဖြင့် ဖြစ်ပေါ်လာသော ကိစ္စအ၀၀ အတွက် Pioneerမှ တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်သော်လည်း ပြဿနာ ဖြစ်ပေါ်လာက တာဝန်မဲ့စွာ ဖြေရှင်းပေခြင်း မရှိသည့်အတွက် ပစ္စည်းပျောက်ဆုံးသူ ခရီးသွား ပြည်သူများ အနေဖြင့် မကျေမနပ် ခံစားနေရကြောင်း သတင်းရရှိသည်။

အဆိုပါ နိုင်ငံတော်၏ ၀င်ပေါက်ထွက်ပေါက် ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဘိန်းဘုရင်ဟု နာမည်ကျော်ကြားသည့် လော်စစ်ဟန်၏ သားဖြစ်သူ ထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် Pioneerသို့ နှစ်ရှည်လုပ်ကိုင်ခွင့် ပြုထားကြောင်းလည်း သတင်းရရှိသည်။
Tomorrow news journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>