အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မုံရွာမြို့လူထုဟောပြောပွဲကို
ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက် ၈း ၀၀ နာရီက စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြ၀တီရပ်ကွက်၊ ကန်ဦးကျောင်းရှေ့၊ ကျောက္ကာလမ်းရှိ ဦးလှမြင့်၏ နေအိမ်ဝင်းအတွင်း ကျင်းပပြုလုပ်ရာ လူထု ပရိသတ် ကိုးထောင်ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
မှ ကိုကိုကြီးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မုံရွာခရိုင် အလုပ်အမှုဆောင် အတွင်းရေးမှူး ဒေါ်သီတာဝင်း တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောသွားခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မုံရွာမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးနေငယ် (ခေါ်) ဦးကျော်ထွန်း က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ် လက်မှတ်ရေးထိုးရခြင်း ကိစ္စနှင့် လုပ်ငန်းစဉ်ကို ရှင်းလင်း
ပြောကြားပြီး အခမ်းအနားကို နံနက် ၁၀း ၃၀ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းဓါတ်ပုံ-The 88 Generation Peace and Open Society