Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မင်းဘူးမြို့နယ် သံဃမဟာနာယကအဖွဲ့ တားမြစ်သော်လည်း ဒယ်အိုး ဆရာတော် ဥူးသုမင်္ဂလ တရားပွဲ ဆက်လက်ကျင်းပခဲ့ ။

$
0
0
မင်းဘူးမြို့နယ်တွင် ကျင်းပမည့် ဆရာတော် ဥူးသုမင်္ဂလ တရားပွဲအား နယ်လှည့်
ဓမ္မကထိက ဆရာတော်၏ အင်္ဂါရပ်များဖြင့် မညီညွတ်ဟုဆိုကာ မင်းဘူးမြို့နယ် သံဃမဟာနာယက အဖွဲ့မှ တားမြစ်ခဲ့ကြောင်း မြို့နယ် သာသနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက Tomorrowသို့ ပြောသည်။

“တားတာဆီးတာတွေ မလုပ်ပါဘူး အင်္ဂါရပ်တွေနဲ့ မညီညွတ်တဲ့ အတွက်ကြောင့်
ဒီတရားပွဲကို မလုပ်သင့်ဘူးလို့ နူးညံသိမ်မွေ့စွာ ပြောခဲ့ပါတယ်၊ ဒါပေမယ့် ဂရုမစိုက်
ပါဘူး ဆက်ပြီး ဟောပြောခဲ့တယ်၊ တရားနာတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားအရ တရား
မဟုတ်တဲ့ဟာတွေ ဟောတာ မတွေ့ရဘူး ဒါကြောင့် ဒီတရားပွဲကို အသာတကြည်ဘဲ ထားခဲ့တယ်”ဟု မြို့နယ် သသာနာရေး ဦးစီး အရာရှိ ဦးကျော်ဆွေက Tomorrowသို့ ဆက်လက်ပြောသည်။

တရားဟောကြားမည့် ဓမ္မကထိက ဆရာတော် တစ်ပါး၏ ဂုဏ်အင်္ဂါ အရည်အချင်း
များနှင့် ပတ်သတ်၍ နိုင်ငံတော် သံဃ မဟာနာယက (၄၇)ပါးမှ အချက်(၉)ချက် သတ်မှတ်ထားကြောင်းနှင့် ဂုဏ်အင်္ဂါ အရည်အချင်းများ ပြည်စုံမှသာ တရားဟောကြား
ရမည် ဖြစ်ကြောင်း ဆရာတော် ဥူးသုမင်္ဂလအား အဆိုပါ ဂုဏ်အင်္ဂါ ကိုးချက်ဖြင့် မပြည်စုံသောကြောင့် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် သသာနာရေး ဦးစီးအရာရှိ ဦးကျော်ဆွေက ရှင်းပြသည်။

ဆရာတော် ဥူးသုမင်္ဂလထံသို့ တိုက်ရိုက် မပြောကြားခဲ့ကြောင်းနှင့် သက်ဆိုင်ရာ တရားပွဲ ကျင်းပ ပြုလုပ်သော တရားပွဲ ဖြစ်မြောက်ရေး အဖွဲ့ကိုသာ ဂုဏ်အင်္ဂါနဲ့ မညီညွတ်၍ တရားပွဲမ ပြုလုပ် စေလိုကြောင်း မြို့နယ် သံဃမဟာ နာယကအဖွဲ့မှ ပြောကြားခဲ့သည်။

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ အမှတ် ၄ရပ်ကွက်ရှိ ချမ်းသာကြီး ဘုန်းကြီးကျောင်း
တွင် ဇွန်လ ၆ ရက်နှင့် ၇ရက်ညများတွင် ဆရာတော် ဥူးသုမင်္ဂလမှ မြို့နယ် သံဃမဟာ
နာယက အဖွဲ့မှ တားမြစ်ခဲ့ သော်လည်း တရားဟောခဲ့ကြောင်း သိရသည်။

( Tomorrow သတင်းဂျာနယ် )

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>