Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို.နယ်ရှိ သန္နိသုခကျောင်းတော်ကြီးအား အင်အားသုံး ၀င်ရောက်စီးနင်းမှု တစ်ခုဖြစ်ပွား။

$
0
0
ယနေ. (၁၀-၆-၂၀၁၄)၊ ည(၁၁း၃၀) ခန်.တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို.နယ်ရှိ သန္နိသုခကျောင်းတော်ကြီးအား အင်အားသုံး ၀င်ရောက်စီးနင်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပီနန်ဆရာတော်ကြီး၏တပည့်တစ်ဦးအား
Tomorrow မှ ဆက်သွယ်မေးမြန်းခဲ့ရာ " ပီနန်ဆရာတော်ကြီးမှ အဆိုပါ
သန္နိသုခကျောင်းတော်ကြီး မြေနေရာကို ဆရာတော်ကြီးအမည်ပေါက်ဖြင့်
တပည့်ဒကာ၊ဒကာမများ စုပေါင်းအလှူငွေဖြင့်တည်ဆောက်ခဲ့ပါတယ်။
နောက်ပိုင်း စစ်အစိုးရက ဝေဖန်မှုတွေပြုတဲ့အပေါ် ဆရာတော်ကြီးကို ပြည်ဝင်ခွင့်မပေးတော့ပဲ အဆိုပါကျောင်းတော်ကြီးကို သိမ်းယူလိုက်ကာနိုင်ငံတော်သံယနာယကအဖွဲ.သို.လွှဲအပ်ထားခဲ့ပါတယ်။

တိုင်းပြည်ပြောင်းလဲလာတဲ့အခါ ပီနန်ဆရာတော်ကြီး မြန်မာပြည်သို.ပြန်ကြွလာချိန်မှာ ဆရာတော်ပိုင်ဆိုင်တဲ့သန္နိသုခကျောင်းတော်ကို ပြန်လည်သတင်းသုံးရယူခဲ့ရာ၊ နိုင်ငံတော်သံယနာယကအဖွဲ.မှ ၄င်းတို.ပိုင်ဆိုင်သည်
ဟုဆိုပြီး ဆရာတော်ကိုဖယ်ရှားခိုင်းခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင်က ပီနန်ဆရာတော်ကြီး ဘက်မှမားမားမတ်မတ်ရပ်တည်လျက် နိုင်ငံတော်သမတထံ မေတ္တာရပ်ခံထားဆဲဖြစ်ပြီး ၊ ယခုအချိန်အခါ ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို.ကြွရောက်နေစဉ် ရဲတပ်ဖွဲ.များနှင့်သာသနာရေးဦးစီးဌာနမှ အတင်းဝင်ရောက်
သိမ်းယူနေခြင်းဖြစ်ပါကြောင်း " ပီနန်ဆရာတော်ကြီး၏တပည့်တစ်ဦး
မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါနေရာရှိ ရန်ကုန်တိုင်းရဲတပ်ဖွဲ.မှ တာဝန်ရှိသူအား မေးမြန်းခဲ့ရာ
၎င်းဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မနက်ဖြန် သာသနာရေးဝန်ကြီးသို.မေးမြန်း
စေလိုပါကြောင်း၊ သာသနာရေးဦးစီးဌာနမှ တောင်းခံသဖြင့် ရဲတပ်ဖွဲ.များ
လာရောက်ရခြင်းသာဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

သတင်းဓါတ်ပုံ- Linn Kon
Tomorrowသတင်းဂျာနယ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>