Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မဟနဟာ စစ်အစိုးရရဲ့  လက်ရင်း တပည့်ဟောင်းဖြစ်ပြီး မဘသအဖွဲ့ ဟာလည်း နောက်ပေါက် တပည့်ကလေးဖြစ်တာကို သတိချပ်ဖို့ လိုပါတယ်

$
0
0
ဘုန်းကြီးအင်အား ၅ သိန်းရှိတဲ့ ဗမာပြည်မှာ ဘုန်းကြီးအုပ်စု အချင်းချင်း
ကျောင်းလု မြေလု ဖြစ်ရပ်တွေ မရေမတွက်နိုင်အောင် ဖြစ်ပေါ်ခဲ့ဖူးပေမယ့်
ဘယ်သူပိုင်သလဲ ဆုံးဖြတ်ချက် ထွက်မလာမီ အငြင်းပွားနေတဲ့ ကျောင်းကို
အစိုးရရဲတပ်ဖွဲ့ က အင်အားပြပြီး ချိတ်ပိတ်လိုက်တဲ့ ဖြစ်စဉ်မျိုးဟာ
တွေ့ ရခဲပါတယ်။ ဒီလို ထူးခြားတဲ့ အဖြစ်အပျက်တခု မနေ့ ညနက်ပိုင်းက
ရန်ကုန်မြို့  တာမွေမြို့ နယ်မှာ တည်ရှိတဲ့ မဟာသန္တိသုခဘုန်းကြီးကျောင်းမှာ
ဖြစ်ပေါ်ခဲ့ပါတယ်။

ရဲဘက်အဆိုအရ တိုင်းမဟနအဖွဲ့  ညွှန်ကြားချက်နဲ့ အညီ လုပ်ဆောင်ရတာပါလို့ 
ဆိုပေမယ့် သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဘုန်ကြီးအဖွဲ့  နှစ်ခုမှာ မဟနအဖွဲ့ 
ကိုယ်၌က တဘက်အဖွဲ့ အဖြစ် ကာယကံမြောက် ဒုတ်ဒုတ်ထိပါဝင်နေခြင်းဟာ
အခုလို သင်္ကန်းတဖားဖား ရဲတလွှားလွှားနဲ့  ရုပ်ပျက်လောက်တဲ့အထိ ရောက်သွားရ
တာပါ။ ဒီပြဿနာကြောင့် စွန့် လွှတ်ခြိုးခြံ လောဘကင်းစင်ခြင်းဆိုတဲ့ ဗုဒ္ဓအဆုံးအမ
တွေလည်း လှောင်ရယ်ဟားတိုက် မေးခွန်းထုတ်ခံရတော့မှာပါ။

၁၉၉၆ ခုနှစ်မှာ ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့
မဟာသန္တိသုခကျောင်းဟာ လက်ရှိ အငြင်းပွားရာ ဘက်တဘက်ဖြစ်တဲ့
ပီနန်ဘုန်းကြီးကို ၀န်းရံပြီးမှ ပေါ်ပေါက်လာတာဖြစ်သလို စစ်အစိုးရခေါင်းဆောင်
ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့  ဗိုလ်ခင်ညွန့် တို့ ကိုယ်တိုင် ရေစက်ချ ဖွင့်လှစ်ပေးခဲ့
တာပါ။ ကျောင်းတိုက်ပေါ်လာပြီး ၃ နှစ်ခန့် အကြာမှာ ကျောင်းဂေါပကအဖွဲ့ အတွင်း
ငွေရေးကြေးရေး အရှုပ်အထွေးများ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ 
မဟနအဖွဲ့ က လွှဲပြောင်းရယူခဲ့ပါတယ်။ ဒီ့နောက်မှာတော့ အလှူမင်္ဂလာပွဲများ၊
ရုပ်ရှင်ရိုက်ကွင်းများ၊ ဈေးပွဲတော်များ၊ အကသင်တန်းများစတဲ့ သာသနာရေးနဲ့ 
မအပ်စပ်တဲ့ စီးပွားရှာလုပ်ရပ်များကို လက်ခံလာခဲ့တာကြောင့် မဟာသန္တိသုခဟာ
ဟိုတယ်ကြီးသဖွယ်ဖြစ်နေပြီလို့  ပီနန်ဘုန်းကြီးက ဝေဖန်ခဲ့ပြီး မူလရည်ရွယ်ချက်
ဖြစ်တဲ့ သာသနာပြုကျောင်းကြီးအဖြစ် ပြန်လည်ပြောင်းလဲလိုတဲ့အပေါ် ကြိုးပမ်း
လာခြင်းရဲ့ နောက်ဆက်တွဲအဖြစ် မဟနအဖွဲ့ ကြီးနဲ့  ကျောင်းပိုင်ဆိုင်မှုကိစ္စ
ထိတ်တိုက်တိုး အငြင်းပွားကြတာပါ။

လတ်တလော ပြဿနာဖြစ်ပွားနေတဲ့ ကျောင်းတိုက်မှာ ပီနန်ဘုန်းကြီးအုပ်စုနဲ့ 
မဟနအဖွဲ့ အုပ်စု နှစ်စုစလုံးက ဘုန်းကြီးတွေ နေထိုင်ကြပါတယ်။ ဘယ်ဘက်ကမှ
ကျောင်းကို အရှင်း စွန့် ခွာမသွားကြဘဲ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့  တိုက်ပွဲ
ဝင်နေကြပါတယ်။ ဒါပေမယ့် သာသနာရေးဌာန အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့
မဟနအဖွဲ့ က ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့  နောက်ဆုံးထားပြီး ပီနန်အုပ်စုဝင်
ဘုန်းကြီးများကို ကျောင်းတိုက်ထဲက ထွက်ခွာပေးရမယ်လို့  ရာဇသံပေးပါတယ်။
ဒီထုတ်ပြန်ချက်ကို ပီနန်ဘုန်းကြီးက ပယ်ချလိုက်ပြီး မဟနအာဏာကို ဖီဆန်ကာ
သူ့ နောက်လိုက်များကို ကျောင်းတိုက်မှာ ဆက်နေထိုင်ဖို့  ညွှန်ကြားတဲ့အပြင်
လွန်ခဲ့တဲ့ မတ်လ ၄ ရက်မှာ သတင်းစာရှင်းလင်းပွဲကြီးတခု ပြုလုပ်ခဲ့ပါတယ်။
ပီနန်ဘက်က ဥပဒေကြောင်းအရ တိုင်း မဟန၊ သမ္မတရုံး၊ လွှတ်တော် စတဲ့
သက်ဆိုင်ရာအဖွဲ့ အစည်းများသို့  ဖြစ်စဉ်နဲ့ ပက်သက်တဲ့ အကြောင်းစာများ
ပေးပို့ ထားပြီး ဒီအငြင်းပွားမှုကို အစိုးရမှ တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပေးရန်
တောင်းဆိုခဲ့ပါတယ်။ ပီနန်ဘုန်းကြီးရဲ့  မီဒီယာတွေ့ ဆုံပွဲကို နိုင်ငံရေးတက်ကြွ
လှုပ်ရှားသူများ၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး (မဘသ)ဘုန်းကြီးများ၊
၈၈ ငြိမ်းပွင့်ခေါင်းဆောင်တချို့ နဲ့  အတိုက်အခံပါတီဝင်များနဲ့  ထင်ရှားတဲ့
လူမှုရေးခေါင်းဆောင်များ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

မဟနဟာ မဟာသန္တိသုခကျောင်းကို သော့ခတ်ချိတ်ပိတ်သွားတဲ့ လက်သည်ပါ။
မဟနဟာ စစ်အစိုးရရဲ့  လက်ရင်း တပည့်ဟောင်းဖြစ်ပြီး မဘသအဖွဲ့ ဟာလည်း
နောက်ပေါက် တပည့်ကလေးဖြစ်တာကို သတိချပ်ဖို့ လိုပါတယ်။ မဘသဘုန်းကြီး
ဝီရသူရဲ့  ဧပြီလဆန်းက တင်ထားတဲ့ ၀က်ဘ်ဆိုဒ်စာမျက်နှာမှာ ပီနန်ဘုန်းကြီးရဲ့ 
မဟနအဖွဲ့ ရာဇသံ အာခံတဲ့ အကြောင်းအရာကို တခုတ်တရ တင်ထားခဲ့တာ
တွေ့ ရပြီး အဲဒီအချိန်က မဘသဟာ ပီနန်ဘုန်းကြီးဘက်က ရပ်တည်ပေးခဲ့ပါတယ်။
သာသနာရေးဝန်ကြီးရဲ့  ပွဲစားလုပ်ပေးမှုနဲ့ အတူ မကြာခင်ရက်ပိုင်းက မဟနနဲ့ 
မဘသတို့  ယာယီ ပေါင်းထုတ်ခဲ့ကြပါတယ်။ နှစ်ဖွဲ့ စလုံး အာဏာပိုင်ရဲ့ ရင်ငွေ့ မှာ
ခိုလှုံခဲ့ကြပြီး အစိုးရရဲ့  နိုင်ငံရေးအာသီသများကို ဖြည့်ဆည်းပေးရန် တာဝန်ခွဲယူ
လိုက်ကြပါတယ်။ ပီနန်ဘုန်းကြီးဘက်က တိုက်ပွဲဝင်ပေးမယ့် နာမည်ကြီး မဘသ
အဖွဲ့ ဟာ သာသနာရေးဝန်ကြီး လက်အောက်ခံ မဟနနဲ့  နီးစပ်သွားတာကြောင့်
ပီနန်အုပ်စုရဲ့  မဟာသန္တိသုခကျောင်း ပြန်လည်ရရှိရေး ကြိုးပမ်းချက်ဟာ
အလွန်အားပျော့သွားပြီ ဆိုတာကို မဟနများက ရိပ်စားမိတဲ့အချက်ပေါ်ကနေ
အခုလို ရဲတပ်ဖွဲ့ ရဲ့  လက်နက်ပြ ကျောင်းသိမ်းပွဲကြီး ပေါ်ပေါက်လာရတာပါ။

ပီနန်ဘုန်းကြီးရဲ့  သတင်းစာရှင်းလင်းပွဲကို တက်ရောက် အင်အားပြခဲ့တဲ့ အခြား
နိုင်ငံရေးအင်အားစုများရဲ့  သဘောထားဟာလည်း လွန်ခဲ့တဲ့ မတ်လဆန်းကလို
မပြောင်းမလဲ ရှိနေပါဦးမလား၊ ကျောင်းနဲ့ ရင်းနှီးတဲ့ တကာတကာမ အများစုက
ပီနန်ဘုန်းကြီးဘက်မှာ တသားတည်းရှိနေတာကြောင့် ဒီပြဿနာရဲ့  နောက်ဆုံး
အဖြေဟာ မျှတတဲ့အခြေအနေ ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။
Aung myo tun

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>