ပီနန်ဆရာတော်ကြီးမှ အဆိုပါသန္နိသုခကျောင်းတော်ကြီး မြေနေရာကို ဆရာတော်ကြီးအမည်ပေါက်ဖြင့် တပည့်ဒကာ၊ဒကာမများ စုပေါင်းအလှူငွေဖြင့်တည်ဆောက်ခဲ့ပါတယ်။နောက်ပိုင်းစစ်အစိုးရက ဝေဖန်မှုတွေပြုတဲ့
အပေါ် ဆရာတော်ကြီးကို ပြည်ဝင်ခွင့်မပေးတော့ပဲအဆိုပါကျောင်းတော်ကြီး
ကို သိမ်းယူလိုက်ကာ နိုင်ငံတော်သံယနာယကအဖွဲ.သို.လွှဲအပ်ထားခဲ့ပါတယ်။
တိုင်းပြည်ပြောင်းလဲလာတဲ့အခါ ပီနန်ဆရာတော်ကြီး မြန်မာပြည်သို.ပြန်ကြွလာချိန်မှာ ဆရာတော်ပိုင်ဆိုင်တဲ့သန္နိသုခကျောင်းတော်ကိုပြန်လည်သတင်းသုံးရယူခဲ့ရာ ၊ နိုင်ငံတော်သံယနာယကအဖွဲ.မှ ၄င်းတို.ပိုင်ဆိုင်သည်ဟု
ဆိုပြီး ဆရာတော်ကို ဖယ်ရှားခိုင်းခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ကို သီတဂူဆရာတော်ကြီးကိုယ်တိုင်က ပီနန်ဆရာတော်ကြီး
ဘက်မှမားမားမတ်မတ်ရပ်တည်လျက် နိုင်ငံတော်သမတထံ မေတ္တာရပ်
ခံထားဆဲဖြစ်ပြီး၊ယခုအချိန်အခါ ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို.
ကြွရောက်နေစဉ် ရဲတပ်ဖွဲ.များနှင့်သာသနာရေးဦးစီးဌာနမှ အတင်း
ဝင်ရောက် သိမ်းယူနေခြင်းဖြစ်ပါကြောင်း ပီနန်ဆရာတော်ကြီး၏
တပည့်တစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။