Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သံဃာများကို လူဝတ်လဲပြီး အင်းစိန်ထောင် ပို့လိုက်သည့်လုပ်ရပ် “စစ်အုပ်ချုပ်ရေးစနစ်”ဟု ဝေဖန်ခံရ

$
0
0
လူဝတ်လဲ ခံရတဲ့ လန်ဒန် က ဆရာတော် သန္တိသုခကျောင်းတိုက်က အင်္ဂလန်ဆရာတော်ဦးဥတ္တရ
မဇ္ဈိမ။ ။ အင်အားသုံးပြီး ဖယ်ရှားခြင်းခံခဲ့ရသည့် မဟာသန္တိသုခကျောင်းတိုက်မှ သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ေ ထာင်သို့ ပို့ဆောင်လိုက်ခြင်းသည် စစ်အစိုးရ၏ အုပ်ချုပ်ရေးစနစ်သာဖြစ်သည်ဟု ဆရာတော်တစ်ပါးက မိန့်ကြားလိုက်သည်။

မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေမှု ၂ဝ/၉ဝဖြင့် စွဲချက်တင်ပြီး လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ဇွန် ၁၃ ရက်၊ နေ့လည်က ပို့ဆောင်လိုက်ပြီဖြစ်သည်။

`လူဝတ်လဲပြီး အချုပ်ထဲထည့်တာမတရားဘူး။ စစ်အစိုးရပြန်အုပ်ချုပ်နေတယ်လို့ ခံစားရတယ်” ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တိသုခကျောင်းတိုက်မှ သံဃာတော်များကို ဇွန်လ ၁ဝ မနက် ၁နာရီက စည်းကမ်းထိန်းသိမ်းရေးဘုန်းကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေးမှ တာဝန်ရှိသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ယင်းနောက် ကျောင်းတိုက်မှ သံဃာတော် အပါး ၂ဝကို မှန်လုံယာဉ်များဖြင့် အတင်းအကြပ် ပြောင်းရွှေ့စေခဲ့သ ည်။ ထိုအထဲမှ သံဃာတော်ငါးပါးကို ယခုကဲ့သို့ လူဝတ်လဲစေခဲ့ခြင်းဖြစ်သည်။

ယခုလုပ်ရပ်အပေါ် “လူဝတ်လဲရမယ့် အမှုမဟုတ်ပါဘူး” ဟု ဦးပါမောက္ခက မိန့်သည်။

လူဝတ်လဲခံရသည့် သံဃာတော်ငါးပါးမှာ ပီနန်ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သူ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် ဦးသုန္ဒရ၊ ဦးပညာဝံသနှင့် ဦးတေဇိန္ဒတို့ဖြစ်ပြီး ၎င်းတို့ကို ဇွန်လ ၂ဝတွင် ၎င်းတို့အား တာမွေတရားရုံးတွင် ပြန်လည်ရုံးထုတ်မည်ဖြစ်သည်။

ယခုလုပ်ရပ်များသည် ၂ဝဝ၇ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ရွေးဝါရောင်တော်လှန်ရေးကဲ့သို့ ထပ်မံပေါ်ပေါက်ရန် ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု ဆရာတော် ဦးဝီရသူက ဇွန် ၁၂ရက်တွင် မိန့်ကြားထားသည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>