Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မဟာသန္တိသုခကျောင်းတော်ကြီးအကြောင်းတစေ့တစောင်း-Ashin Tejinda

$
0
0
၁၉၉၃-ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်၍လာရောက်ယူစဉ် ဦးစောမြင့်မှ အသက်ကြီးလာလျှင်ဆရာတော်ကြီးသီတင်းနေထိုင်ရန်ကျောင်းတစ်ကျောင်းဆောက်ပါရန်လျှောက်ထားခဲ့သည်။ ဆရာတော်ကြီးမှ ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ယင် ပြည်ပသာသနာပြုလေ့ကျင့်ရေးကျောင်း
ဆေက်ချင်တယ်ဟု မိန့်ကြား သည်မှ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ကျောင်းတော်ကြီးကို
ပြည်တွင်းပြည်ပစေတနာရှင်များ၏လှူဒါန်းငွေနှင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၉၉-ခုနှစ် ဒီဇင်ဘာလတွင်ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူများမှ ရေ
စက်ချလှူဒါန်းခဲ့ပါသည်။ ဦးသန်းရွှေနှင့်အတူ လူမမယ် ဖိုးလပြည့်လည်းပါဝင်ရေစက်ချ
ခဲ့ပါသည်။ ထိုဒီဇင်ဘာလမှာပင်ပြည်ပသာသနာပြုရဟန်းတော်များကို သတင်းစာမှတ
ဆင့်ခေါ်ယူခဲ့ပါသည်။ ဝင်ခွင့်ကို အင်္ဂလိပ်ဘာသာဖြင့်ဖြေဆိုခဲ့ရပါသည်။ တာမွေမြို့နယ်
ထဲမှ အထက်တန်းကျောင်းတစ်ခုတွင်ဖြစ်ပါသည်။ ရဟန်း သီလရှင်အပါး ၁၀၀-ကျော်
ဖြေဆိုခဲ့ရာ ၄၄-ပါးရေးဖြေအောင်မြင်ခဲ့ပါသည်။ နှုတ်ဖြေ အင်္ဂလိပ်ဘာသာဖြင့်ပင်ဖြေ
ဆိုခဲ့ရပြီး ရဟန်းတော် ၂၁-ပါးနှင့် သီလရှင် ၅-ပါးရွေးချယ်ခဲ့ပါသည်။ နောက်မ တရုတ်
သီလရှင် ၁-ပါးလာရောက်သင်တန်းတက်ရောက်ခဲ့ပါသည်။ ရဟန်းတော် ၁-ပါးကျန်းမာ
ရေးမကောင်းသောကြောင့်သင်တန်းမှ နှုတ်ထွက်ခဲ့ပါသည်။
၂၀၀၂-ခုနှစ်တွင်သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆-ပါးကိုထိုင်ဝမ်သို့လည်း
ကောင်း၊ ၂-ပါးကို အမေရိကန် သို့လည်းကောင်း၊ ၂-ပါးကို နယူးဇီလန် သို့လည်း
ကောင်း သာသနာပြုစေလွှတ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ဆရာတော်ကြီးမှ သင်တန်းဆင်းလက်မှတ်နှင့် အတွင်းရေးမှူး ၁ ဦးခင်ညွန့်မှခရီးဆောင်အိပ်တစ်လုံးစီဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီးမှာ ပြည်ပတွင်သာအနေများပြီး သင်တန်း
ဖွင့်ပြီးသည်မှ သင်တန်းဆင်းသောအခါမှ ဤကျောင်းတော်ကြီးသို့ ပြန်လည်ကြွရောက်
ခဲ့ပါသည်။

ဆရာတော်ကြီးပြန်လည်ကြွရောက်လာစဉ် ကျောင်းတော်ကြီး၏ ဥပဌာက ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဦးစောမြင့် ( မဆလ ခေတ်ရာတန်များငွေမဲ မကျေငြာမှီ သတင်းပေါက်ကြားမှုဖြင့်ပြုတ်ခဲ့၊ မဟေသီမဂ္ဂဇင်းတိုက်ပိုင်ရှင်၊ ယခုသေဆုံးပြီး)
အား ခင်မြားဥက္ကဌရာထူးမှနားတော့ဟုပြောဆိုခဲ့ပါသည်။

ဆရာတော်ကြီး၏ နိုင်ငံအသီးသီး၌ရှိသောကျောင်းတိုက်အားလုံး၏စည်းမျဉ်းတွင် ဂေါပက ဥက္ကဌတာဝန်ကို ၂-နှစ်
သာထမ်းဆောင်စေပါသည်။ထိုသို့ မိန့်ကြားပြီးဆရာတော်ကြီး ပြည်ပသို့ ပြန်လည်ကြွ
သွားခဲ့ပါသည်။ ဦးစောမြင့် ဥက္ကဌရာထူးမှနားရန်ဖြစ်လာသောအခါငွေစာရင်းများရှင်းရန်
ကိစ္စပေါ်ပေါက်လာပါသည်။ ငွေစာရင်းများ အဓိကကိုင်တွယ်နေသူမှာ ဦးတင်ရွှေ (ဗိုလ်မှူးးငြိမ်း၊ ဦးစောမြင့်၏ယောက်ဖ) ဖြစ်ပါသည်။
ငွေစာရင်းများရှင်းလင်းရန်အခက်ခဲရှိလာခဲ့ပြီး ဦးစောမြင့်နှင့် ဦးအံမောင် (ဘုန်းကြီးလူထွက်၊ ယခင်သာသနာညွှန်ကြားရေးမှူးး၊ နအဖခေတ် နိုင်ငံတော်ကောင်စီ အကြံပေး၊ ဦးသန်းရွှေနှင့်ရင်းနှီး၊ ယခုကမ္ဘာအေးတွင်နေထိုင်ကာ မဟန အားဆရာ လုပ်လျက်ရှိ) နှင့်ပေါင်းမိကာ ၂၀၀၂-ဒီဇင်ဘာလတွင် မဟနဆရာတော်များအား
ကျောင်းတော်ကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။ ပင့်ရသည့်အကြောင်းမှာ သြဝါဒခံယူရန်ဟု ဆိုပြီး အမှန်တကယ်အခန်းအနားတွင်ကျောင်းတော်ကြီးကိုထိုးအပ်ခဲ့ပါသည်။ မဟန လည်းဘုမသိ ဘမသိနှင့် လက်ခံခဲ့ရခြင်းဖြစ်ပါသည်။

ထိုစဉ်က မဟန ဥက္ကဌမှာ မကွေး ဆရာတော် ဦးကုမာရ ဖြစ်ပေလိမ့်မည်။ RFA နှင့် အင်တာဗျူးးစဉ် မကွေးဆရာ
တော်မှကျောင်းတော်ကြီးကို မဟန သိမ်းတာမဟုတ်ကြောင်း အစိုးရသိမ်းတာဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။

ဤသို့ဖြင့်ကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်တော်မူသောရဟန်းတော်တို့အား ၂၀၀၃-ခုနှစ် ဖေဖော်ဝါရီ ၂၈ နေ့တွင်မောင်းထုတ်ခဲ့ပါသည်။
အမှန်တကယ်တွင်ကျောင်းတော်ကြီးကို အစိုးရသိမ်းတာလဲမဟုတ်၊ မဟနသိမ်းတာလဲမဟုတ်ဘဲ ဦးအံ့မောင်အကြံနှင့်ဦးစောမြင့်သိမ်းခဲ့ခြင်းသာဖြစ်သည်။ ယခုအချိန် ထိဦးတင်ရွှေမှာ ကျောင်းတော်ကြီးတွင်နေထိုင်လျက်ရှိပါသည်။ ( ညကအဖြစ် အပျက်မတိုင်မှီအထိ)။
ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာညီလာခံမကျင်းမမှီ မလေးရှားသံရုံးမတဆင့် ဆရာတော်ကြီး ကြွလာရန်နှင့် ကျောင်းတော်ကြီးပြန်လည်လွှဲအပ်ရန် စီစဉ်ခဲ့ကြပါသည်။ စီစဉ်
သူဦးခင်ညွန့်မှာ ညီလာခံမတိုင်မီပြုတ်သွားခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးပွင့်လင်းမြင် သာမှုရှိပြီထင်၍ဆရာတော်ကြီးမှ ကျောင်းတော်ကြီးပြန်ရရန်ကျိုးးစားခဲ့ခြင်းဖြစ်ပါသည် ။ ဆရာတော်ကြီးနေရန်မဟုတ်ဘဲ သာသနာ့အကျိုးဆောင်ရွက်ရန်သာဖြစ်ပါသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အချိန်ခါကြအောင် စာရင်းရှင်းတမ်း မကြားဘူးပေ။ ၁၁-ထပ်တွင် တယ်လီဖုန်းတာဝါတိုင်များငှါးရမ်းထားရှိစေခြင်း၊ ၄-ထပ်တွင် ရုံးခန်းများ ငှါးရမ်းထားခြင်း၊ ၂-ထပ်တွင် Video ရိုက်ရန်အခန်းများငှါးထား
ခြင်း၊ မြေညီထပ်တွင် မင်္ဂလာခန်းမ ငှါးရမ်းခြင်းတို့ဖြင့်စီးပွါးရေးလုပ်စားနေကြပါသည်။
ထိုသို့ဝင်ငွေကောင်းနေပါသောကြောင့်ကျောင်းတော်ကြီးအားပြန်လည်မပေးလိုခြင်းသာဖြစ်ပါသည်။

မဟာသန္တိသုခမှမွေးထုတ်လိုက်သော ပထမပတ်သင်တန်းသားများမှ စင်္ကာပူတွင် ၄-ပါး၊ အမေရိကန်တွင် ၂-ပါး၊ ကနေဒါတွင် ၁-ပါး၊ အင်္ဂလန်တွင် ၁-ပါး၊ ထိုင်ဝမ်တွင် ၂-ပါး၊ သြစတေလျတွင် ၁-ပါး၊ နယူးဇီလန်တွင် ၂-ပါး၊ ပြည်တွင်း၌ ၄-ပါး သာသနာပြုလျက်ရှိပါကြောင်း။
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခကျောင်းတော်ကြီးကို ပြန်ပိုင်ဆိုင်ဘို့ကြိုး စားတာဟာ ကျောင်းကြီးကိုမက်မောလို့ မဟုတ်ဘူး။ မတရားမှုကို မခံချင်လို့။ ဆန္ဒရှိယင်ဒီကျောင်းမျိုး ၁၀-ကျောင်းမက ထပ်ဆောက်နိုင်တယ်။ ပြည်ပခရီးမထွက်ခင် ဒကာမတစ်ဦးက US$ 100000-မဟာသန္တိသုခပြုပြင်ဘို့လှူထးတာသက်သေဘဲ။ ဒီလိုဒကာ၊ ဒကာမ အသိုင်းအဝိုင်း ရေတွက်လို့မရဘူး။ မြန်မာပြည်လို ရေမမှန် မီး မမှန် ချင်ယင်တလှောင်းလှောင်းထနေတဲ့ ဒေသမှာ တလပြည့်အောင် နေတာ သာသနာတော်အတွက်ပါ။

ပြည်ပမှာ ဆရာတော်ဦးဆောင်ဆောက်လုပ်ထားတဲ့ကျောင်းတွေ-
၁။ စင်္ကာပူ ၁-ကျောင်း
၂။ မလေးရှား ၃-ကျောင်း
၃။ ထိုင်ဝမ် ၃-ကျောင်း
၎။ ဂျပန် ၁-ကျောင်း
၅။ နယူးဇီလန် ၁-ကျောင်း
၆။ သြစတေလျ ၂-ကျောင်း
၇။ အင်္ဂလန် ၂-ကျောင်း
၈။ ဒိန်းမတ် ၁-ကျောင်း
၉။ ဂျမဏီ နေမည့်သံဃာမရှိ။
၁၀။ အမေရိကန် ၂-ကျောင်း
၁၁။ ကနေဒါ ၂-ကျောင်း ရှိတယ်ဆိုတာ သိထားကြပါ။

သီတဂူဆရာတော်ကြီးကိုယ်တိုင် အင်္ဂလန်မှာ နှစ်ပေါင်း ၂၀-ကျော်နေသွားတဲ့ ဦးသေဌိလ တောင်ကျောင်းဖြစ်အောင်မလုပ်နိုင်ခဲ့ဘူးလို့ ပီနန်ဆရာတော်ကို ချီးကျူးထားပါတယ်။ ပြည်ပရောက်ဘူးတဲ့ သံဃာတိုင်းသိပါတယ်။

အချို့သော မဟန ကိုယ်တော်ကြီးတွေလို ရာထူးမက်၊ ခြင်းကပ် တာလေးသာယာ အံ့မောင် ခိုင်းသမျှလုပ် ရာထူးမပြုတ်ပီးရောဆိုတဲ့အထဲမှာ ပီနန်ဆရာတော်ကြီးမပါဘူး။ ရောက်လေရာအရပ်မှာ ကျောင်းထောင်ပီး အိပ်စားလုပ်မနေဘူး။ အနည်းဆုံး Sunday School ဖွင့်ပီး လူတွေကို အသိညဏ်ပေးတယ်။ ယခု စင်္ကာပူ အိုးအိမ်ဝန်ကြီး Mr Khaw Boon Wang (ယခင် ကျန်းမာရေးဝန်ကြီး) တို့ဇနီး မောင်နှံဟာ ပီနန် SundaySchool ကျောင်းထွက်တွေဘဲ။

အရှက်မရှိလို့ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ကျောင်းကို အနုကြမ်းစီး ဘုန်းကြီးတွေကို ထင်ရှားတဲ့အပြစ်မရှိဘဲ လူဝတ်လဲ၊ ထောင်းထဲပို့။ ဒါလား ဘုရားသားတော်။ ဒါလား ဗုဒ္ဓဘာသာ တိုင်းပြည် ရှက်လွန်လွန်းလို့ ...။ 

ဤ Post တွင် မမှန် မကန် ရေးသားမှုများပါခဲ့သော် မဟာအဝီစိငရဲသို့ ကြပါစေသား။ မှန်မှန်ကန်ကန် ရေးသားထားသည်ရှိသော် ဤ ဘဝ၌ပင် မဂ်ညဏ် ဖိုလ်ညဏ်ရ ၍ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုမှကင်းဝေးရာဌာနသို့ရောက်စေသော် ....။
Ashin Tejinda'

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>