ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ပသီရိမြို့နယ်တရားရုံးတွင် ယနေ့ နံနက် ၁၀း၄၀ အချိန်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက မတရားခံရတယ်လို့ မီဒီယာတွေကို အားတက်သရော ပြောဆိုခဲ့ပြီး သူ့မျက်ဝန်းတွေကလည်း ပုံမှာပါတဲ့ အတိုင်းပါပဲ။
ဝန်ကြီးတစ်ယောက် ဒီလောက်တောင်ဖြစ်သွားတာ စိတ်မကောင်းမိတာအမှန်ပါဘဲ။ ကားထဲရောက်နေတာတောင်မှ ကားအပြင်မှာရှိနေတဲ့ မီဒီယာတွေကို သူ့ခံစားချက်တွေပြောနေပါသေးတယ်။ မကြားရပေမယ့် အားပေးတဲ့သဘောမျိုးသက်ရောက်အောင်လို့ မီဒီယာတွေကလည်း နားထောင်နေခဲ့ကြပါတယ်။
ဦးဆန်းဆင့်ကို ၀ိုင်းပြီး ချုပ်ထားကြတယ်။ "အဘ.... ကားပေါ်တက်ပါ"လို့ပြောကြတယ်။ စကားသံကသာ အဘ၊ အဘနဲ့ သူတို့က အတင်းတွန်းတင်ကြတယ်။ သတင်းထောက်တစ်ယောက်ရဲ့ ဓါတ်ပုံမှာဆိုရင် ဦးဆန်းဆင့်က လမ်းမလျောက်ဘဲ ပြန်ဖြေနေလို့ ဘေးက နှစ်ယောက်က မချီပြီး ခေါ်တဲ့အထိဖြစ်ခဲတယ်။
သတင်းရသွားမှာ သိပ်ကြောက်နေသလား။
မီဒီယာကို အင်တာဗျူးပေးလိုက်လို့ ဘာဖြစ်သွားမှာလဲမသိဘူး။ မီဒီယာက လိုက်မေးတော့လည်း အသံဖမ်းစက်ထဲ ဦးဆန်းဆင့် စကားတွေမ၀င်အောင် ဘေးကအော်နေကြတယ်။ ပြီးတော့ အသံဖမ်းနေတဲ့ လက်ကို ဖယ်တဲ့လူကဖယ်။
အသံမ၀င်အောင် စက်ကိုပိတ်သွားအောင် လုပ်တဲ့လူကလုပ်နဲ့ ပြည်ပသတင်းဌာနက သတင်းထောက်အကိုကြီးတစ်ယောက်ဆိုရင် မြောင်းထဲတောင်ပြုတ်ကျသွားတယ်။ သူလည်းမခေဘူးဗျ။ ချက်ခြင်းပြန်ထပြီး သူ့အလုပ်သူဆက်လုပ်တော့တာပဲ။ သတင်းယူတာကို အနှောက်အယှက်ဖြစ်အောင်လုပ်နေတဲ့ သူတို့လုပ်ရပ်တွေအားလုံးကို ဗီဒီယို မှတ်တမ်းတွေရှိနေတယ်။ မကြာခင်လိုင်းပေါ်တက်လာပါလိမ့်မယ်ဗျာ။
"ဆရာတော်သံဃာတော်တွေနဲ့ လူထုပရိသတ် ကြီးက မှန်ကန်တဲ့ဖက်ကရပ်တည်ပေးကြပါ။ ကျွန်တော် သာသနာ့အကျိုးကိုဆောင်ရွက်ပါတယ်။ ဒါကြောင့် သာသနာ့အကျိုးဆောင်ရွက်တဲ့သူသည် သာသနာကစောင့်ရှောက်ပါလိမ့် မယ်။
သံဃာ့မဟာနာယက ဆရာတော်ကြီးများနဲ့ ဆရာတော် သံဃာတော်အပေါင်းတို့က မှန်ကန်စွာနဲ့ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ဆောင်ရွက်ပေးပါ။ ကျွန်တော့်ကို စောင့်ရှောက်ပါ။
သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကလည်းစောင့်ရှောက်ပေးကြပါ။
ကျွန်တော် မတရားမလုပ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး။ ကျွန်တော် သစ္စာကျိမ်ဆိုရဲ့ပါတယ်။ ကျွန်တော် ငါးပြား၊ တစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲ သုံးစားလုပ်ခဲ့တာမရှိပါဘူး။ ကျွန်တော့် ရပ်တည်ချက်ကမှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်။ "
ရုံးထုတ်စစ်ဆေးခံနေချိန်ထိ သာသနာ့အလံ သုံးစွဲနေဆဲ ဦးဆန်းဆင့်
(မိမိအနေဖြင့် သာသနာရေးအလုပ်လုပ်ခြင်းသည် ဖမ်းဆီးချုပ်နှောင့်ခံရစေရန် ပြုလုပ်နေရသည့် သဘောသက်ရောက်နေပြီး မိမိကိုယ်တိုင်က မဟုတ်တာမ လုပ်သဖြင့် မိမိတွင်အပြစ်မရှိဟုပြောလိုပါကြောင်း၊ သာသနာရေးတာဝန်ကို ထမ်းဆောင်သည့်သူဖြစ်သဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်သူသာဖြစ်ပါကြောင်းဖြင့်လည်း ပြော ဆိုခဲ့သည်။)
Swan Yehtut