Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးသိန်းစိန်အား ပထမဆုံးဖိနပ်စီးပြီး စိန်ဖူးတော် သယ်ဆောင်သော သမ္မတဟု တောင်ကလေးဆရာတော်မိန့်

$
0
0
ရန်ကုန်၊ ဇူလိုင် ၂
တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်၊ လော့ယန်မြို့တွင် ရွှေတိဂုံ စေတီတော် ပုံစံတူ မဟာစိနပဘာ စေတီတော် ထီးတော်တင် မင်္ဂလာ အခမ်းအနားကို ဇွန်လ ၃၀ ရက် နေ့က ကျင်းပပြုလုပ်ခဲ့သည့် သတင်းအား ဇူလိုင်လ ၂ ရက်နေ့ထုတ် အစိုးရ အာဘော် သတင်းစာ ဖြစ်သော ကြေးမုံနှင့် တပ်မတော်ပိုင် မြ၀တီ သတင်းစာတို့တွင် ရတနာစိန်ဖူးတော်အား ပင့်ဆောင်သည့် သမ္မတဦးသိန်းစိန် ဖိနပ်စီးထားသည့် ဓာတ်ပုံအား ဖော်ပြထားရာ နိုင်ငံ့ခေါင်းဆောင် တစ်ဦးအနေဖြင့် မလုပ်ဆောင်သင့်သည့် ကိစ္စဖြစ်ကြောင်း သံဃာ တော်များက ဝေဖန် လျက်ရှိသည်။

 ကြေးမုံသတင်းစာ မျက်နှာ ဖုံး၌ စိန်ဖူးတော် ကိုင်ထားကာ ဖိနပ်စီးထားသော သမ္မတ ဦးသိန်းစိန်၏ ဓာတ်ပုံအား ““နိုင်ငံတော် သမ္မတ ဦးသိန်းစိန် စေတီတော် အထွတ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်ကို ပင့်ဆောင် ၍ စေတီတော် အား လက်ယာရစ် လှည့်လည်ပူဇော်စဉ်”” ဟု ဖော်ပြ ထားပြီး ဓာတ်ပုံတွင်မူ သမ္မတ ဦး သိန်းစိန် မှအပ ကျန်သူများအားလုံး ဖိနပ်စီးထားခြင်း မရှိပေ။…

““ဒီလို စိန်ဖူးတော်ကို ပင့်ဆောင်လှည့်လည်တဲ့အခါမှာ ဖိနပ်စီးတာ တစ်ခါမှ မမြင်ဖူးဘူး။ မတွေ့ဖူးဘူး။ မြန်မာပြည် သမ္မတ အစဉ်အဆက် ဘယ်သမ္မတကိုမှ ဒီလိုမျိုး မမြင်ဖူးဘူး။ ဦးသိန်းစိန် သမ္မတကိုပဲ စေတီ တော်မှ စိန်ဖူးတော်ကို ကိုယ်တိုင်ပင့်ဆောင် လှည့်လည်နေတုန်း ဖိနစ်စီးတာ တွေ့ဖူးတော့တယ်”” ဟု ကရင် ပြည်နယ် တောင်ကလေး ဆရာ တော် ဦးပညာသာမိက မြန်မာသံ တော်ဆင့်သို့ မိန့်သည်။

ရွှေည၀ါ ဆရာတော် ဦးပညာ သီဟကလည်း ““အများအားလုံးက ဖိနပ်ချွတ်ထားပြီး ဂါရ၀ပြုတဲ့ ဒီရင်ပြင်တော် ပေါ်မှာ သမ္မတက ဘာဖြစ်လို့ မချွတ်တာလဲ ဆိုတာကို ဝေဖန်စရာတွေ၊ စဉ်းစားစရာ တွေ။ ဂါရ၀တရားနဲ့ ပတ်သက်ပြီး သမ္မတသည် ဗုဒ္ဓဘာသာကို ဟန်ဆောင်ပြီးတော့ အဂါရ၀ တရားကို နားမလည်ဘူးလားဆိုတာ ဒါပဲ ပြောချင်ပါတယ်”” ဟု မြန်မာသံတော်ဆင့်သို့ မိန့်သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက အိန်္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီး စဉ်အတွင်း ကလည်း ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားကျောင်းကန်များအတွင်း သမ္မတ ဦးသိန်းစိန် လှည့်လှည် ဖူးမြော်ရာ၌ အတူပါရှိလာသည့် သံဃာတော်နှင့် အရပ်သား အားလုံး ဖိနပ်မပါသော်လည်း ဦးသိန်း စိန်တစ်ဦးသာ ၀တ်ဆင်ထားသည့် အတွက် ဝေဖန်ခံခဲ့ရသေးသည်။

““ဘယ်သူပဲ စီးစီး၊ ဗုဒ္ဓအဂါရ၀ဆိုတာ ဘုရားကို မရိုသေ မလေးစားတဲ့ အပြစ်ပေါ့ဗျာ။ အဲဒီ ဗုဒ္ဓအဂါရ၀ အကုသိုလ်ကတော့ အပြစ်သင့်တယ်။ နိုင်ငံတော် အကြီးအကဲတစ်ယောက် အနေနဲ့ ကတော့ ဒါတွေကို သတိမူကို မူရ မှာလေ။ ကိုယ်က စပြီး ချိုး ဖောက်တော့ ခေါင်က မိုးမလုံသလို ဖြစ်သွားတာပေါ့။ ဘာသာ၊ သာသနာ ထွန်းကားအောင် လုပ်နေပါတယ် ဆိုတာကြီးက အပြောသက်သက် ဖြစ်သွားမှာပေါ့”” ဟု မစိုးရိမ် တိုက်သစ်ဆရာတော် ဦးဝီရသူ မြန်မာသံတော်ဆင့်သို့ မိန့်သည်။
ယခုကဲ့သို့ သမ်္မတမှ ဘုရား စိန်ဖူးတော်ကိုင်ကာ ဖိနပ်စီးထား သည့် ဓာတ်ပုံအား နိုင်ငံပိုင်သတင်း စာ၌ ဖော်ပြ ထားမှုနှင့် ပတ်သက်၍ ““ရွှေတိဂုံပုံတူ ပတ်လည်မှာ နန်းမြို့ရိုးပုံ ဖော်ထားတယ်။ သမ္မတကြီးက ဘုရားရဲ့ ရင်ပြင် ပေါ်မှာ လက်ယာရစ် လှည့်တာ ရှိတယ်။ စိန်ဖူးတော်ကို လက်ယာရစ် လှည့်တဲ့အချိန်မှာ ဖိနပ် မစီးဘူး။ လှေ ကားက ဆင်းပြီးတော့ စိန်ဖူးတော်ရယ်၊ ငှက်မြတ်နားတော်ရယ်၊ ဘုံအဆင့်တွေရယ်ကို ပန်းရထားနဲ့ တင်တဲ့ အချိန်မှာ စီးတာ။ နိုင်ငံခြား ဧည့်သည်တော်တွေ သွားရာလမ်းတစ်လျှောက်ကို ကော်ဇောခင်းတယ်။ ခင်းတော့ ရင်ပြင်ပေါ်မှာ လှည့်တဲ့ပုံနဲ့ အောက်မှာ သွားတဲ့ပုံနဲ့ အထင်မှားပြီး ဘုရားပေါ် ဖိနပ်စီးတယ်လို့ ပြောတာ။ ဖိနပ် စီးထားတဲ့ပုံက အများသူငါ သွားလာတဲ့ နေရာမှာ စီးတာ။ ဘုရားပေါ်မှာက လုံးဝ ဖိနပ်မစီးဘူးပေါ့။ သမ္မတ ကြီးနည်းတူ အဲဒီ ပန်းရထားဘေးမှာရှိတဲ့ လူတွေ အကုန် စီးတယ်။ အဲဒါက ဘုရားရင် ပြင်ပေါ် မဟုတ်ဘူး။ သမ္မတကြီး ဘုရားရင်ပြင်ပေါ်မှာ ဖိနစ်စီးတယ်ဆိုတာက မှားတယ်။ ဘုရားပေါ် တက်ရင် ဖိနပ်ချွတ်တဲ့ နေရာ ပေါ့။ အဲဒီလှေကားပေါ်က ဆင်းပြီးမှ။ ဘုရားရင်ပြင်နဲ့ မဆိုင်ဘူး။ မြေကြီးပေါ်မှာပေါ့။ အဲဒီ ပန်းရထားနဲ့ တင်တဲ့ နေရာကျမှ စီးတာ။ သမ္မတကြီးက ပန်းရထားနဲ့ စိန်ဖူးတော်ရယ်၊ ငှက်မြတ်နားတော်ရယ်ကို ပို့ဆောင် ဆက်ကပ် တာပေါ့။ ကော်ဇောနီပေါ်မှာ ဘာလို့စီးလဲဆိုရင် သူသွားတဲ့ တောက်လျှောက်မှာ ကော်ဇောနီ ခင်းထားတဲ့ အတွက် ကော်ဇောပေါ်မှာ စီးတာပေါ့”” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာသံတော်ဆင့် သို့ ပြောသည်။ အလားတူ မေလ ၁၃ ရက်နေ့၊ ကဆုန်လပြည့်နေ့ကလည်း ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် အစိုးရ အဖွဲ့ဝင်များ ဆံတော်ရှင် ရွှေမော်ဓော ဘုရားပေါ်သို့ ကားဖြင့် တက်ရောက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ သေးပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မလုပ်ဆောင်သင့်သည့် ကိစ္စဖြစ်ကြောင်း လည်း ဝေဖန်ခံခဲ့ရဖူး သည်။
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>