Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရာဇဝင်ထဲက လက်မည်းကြီး

$
0
0
မန္တလေးမှာ လက်ရှိဖြစ်နေတာတွေနဲ့ပတ်သက်လို့ ရာဇဝင်ထဲကလက်မည်းကြီးတွေရဲ့ မသေမသပ် မသပ်မရပ်လက်ရာတွေကို မြင်တွေ့ရစပြုနေပါတယ်။ သတ်သူဘယ်သူဘယ်ဝါပါ လို့ ယတိပြတ်တရားခံမမိသေးပေမယ့် ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအရ လက်ယဉ်နေတဲ့ ပုဂ္ဂိုလ်ဟောင်းများဆိုတာ တွေ့နေရပါပြီ။

ပုဏ္ဏားကျွန်းကိစ္စအပြီးသံတွဲမှာကားပေါ်ကဆွဲချသတ်ခဲ့ကြတဲ့လူစုဟာဒေသခံတွေမဟုတ်ဘူး ဘယ်ကရောက်လာမှန်းမသိတဲ့သူတွေ ဆိုတဲ့ဇာတ်လမ်းဟာ နောက်ဆုံးသမ္မတပါးစပ်ထဲ ထိရောက်ခဲ့ပါတယ်။
နောက်ကွယ်မှာကြိုးကိုင်နေတဲ့သူတွေရှိတယ်တို့ကျူးလွန်သူတွေဟာစနစ်တကျလေ့ကျင့်ထားပုံပေါက်တယ်တို့ ဆိုတာ လူတိုင်းလောက်သိထားခဲ့ပြီးပါပြီ။

ဒါပေမယ့် မိတ္ထီလာ သဲကုန်း လားရှိုးစသည် စသည်ဖြင့် ဇာတ်လမ်းတွဲတွေအားလုံးဟာလည်း ဒီပုံစံတွေပါပဲ။ ခုနောက်ဆုံးမန္တလေးမှာပေါ့။ ဘယ်တော့မှဆုံးတော့မှာလဲ။ နောက်ကွယ်ကကြိုးကိုင်သူတွေရဲ့ ကြိုးတွေကခိုင်လွန်းလှချည့်လား။ ဒါမှမဟုတ်ကြိုးကိုင်နေတဲ့လက်တွေကပဲ မညောင်းသေးတာလား။

ဘာမှစဉ်းစားမနေကြပါနဲ့။ အားလုံးဟာတစ်ပုံစံထဲဆိုရင် တရားခံဟာလည်း တစ်ယောက်ထဲ တစ်ဖွဲ့ထဲပဲဆိုတာ သဘောပေါက်ကြရမှာပါ။

ဒီနိုင်ငံမှာ ဒီလိုရာဇဝတ်မှုကြီးတွေကို လုပ်နိုင်တာ တစ်ဖွဲ့တည်းပဲရှိပါတယ်။ ၂၀၀၃ ဒီပဲယင်းအရေးအခင်းလိုမျိုးကို အကောင်အထည်ဖော်နိုင်တဲ့သူတွေပေါ့။ ဒီပဲယင်းအရေးအခင်းဟာ မတော်တဆဖြစ်ရပ်မဟုတ်ပါဘူး။ စည်းရုံးရေးခရီးထွက်နေတဲ့ NLD ဟာ ခြေဦးတည့်ရာသွားနေတဲ့အိမ်ပြေးတွေမဟုတ်ဘူး။ သူတို့သွားတဲ့ခရီးစဉ်တိုင်းမှာ စစ်ထောက်လှမ်းရေး
ကို ကြိုတင်အသိပေးခဲ့တာချည်းပဲ။ အဲဒီလိုအချိန်မျိုးမှာ ဒီလိုရာဇဝတ်မှုကြီး
ဖြစ်ရတယ်ဆိုတာဟာ ကြိုတင်ကြံရွယ်မှုမပါဘဲ အာဏာရှိသူတွေမပါဘဲ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတွေပါ။

အခုလည်း မန္တလေးမှာ ပထမနေ့ညကဖြစ်လို့ ရဲကလုံးဝနေရာယူ ဝင်ထိန်းပြီးပြီဆိုမှ ဒုတိယညမှာအသတ်ခံရတယ်ဆိုတော့ သိပ်သိသာ
ပါတယ်။ မိတ္ထီလာမှာတုန်းက မီးတွေရှို့ လူတွေသတ် ဆိုင်တွေ အိမ်တွေဖျက်နေတာတွေဟာ ရဲတွေမျက်စိရှေ့တင်ပါ။ သူတို့ရောက်လာမှ
ပြည်သူတွေရဲ့ဘဝတွေဟာ ပိုပြီးမလုံခြုံတော့တာလို့တောင် ပြောနိုင်ပါတယ်။

ဒါကြောင့် ခုဆိုရင် မန္တလေးမှာ ၈၈ တုန်းကလို သပိတ်တပ်ပေါင်းစုနဲ့ သံဃာတော်များပူးပေါင်းပြီး မြို့ကိုစောင့်ရှောက်ဖို့ ဆိုတာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ မှန်ပါတယ်။ ပြည်သူတွေကလည်း ခုပြန်ပြီးအမိန့်ထုတ်ရမှာပါ။
ည ၉ နာရီကျော်ရင် စစ်တပ် နဲ့ ရဲ အပါအဝင် လူစိမ်းများ ရပ်ကွက်အတွင်း
မဝင်ရဆိုတဲ့အမိန့်ပေါ့။

ပြည်သူ့တရားကို ပြည်သူကစောင့်ရမယ်ဆိုတဲ့ အသိဝင်လာဖို့အရေးကြီးပါတယ်။ ဒီအစိုးရဟာ ဓမ္မဘက်မှာ ရှိနေတဲ့အစိုးရမဟုတ်ပါ။ လက်သွေးစွန်းနေတဲ့အစိုးရ တရားဥပဒေဆိုတာ လိုသလိုဆွဲပြီး သူတို့ရပ်တည်ဖို့ရာလောက်သာ စဉ်းစားပြီးထုတ်ပြန်တဲ့အစိုးရမို့ တရားမျှတမှု လုံခြုံအေးချမ်းမှုဆိုတာ ပြည်သူတွေအဖို့ သူတို့ဆီကမျှော်လင့်လို့မဖြစ်နိုင်ပါ။

ဒီအစိုးရလက်ထက်မှာဖြစ်ခဲ့တဲ့ ဘာသာရေးဆန်ဆန်ပဋိပက္ခဖြစ်စဉ်တွေမှာ ဘယ်ကရောက်လာမှန်းမသိသော အမည်မသိလူအုပ်ကြီးထဲမှ အကြမ်းဖက်သမားတွေကိုဘယ်နှစ်ယောက်ဖမ်းမိတယ်ဆိုတာကြားမိရဲ့လား။နောက်ကွယ်ကကြိုးကိုင်နေပါတယ်ဆိုတဲ့သူတွေကိုရော ခြေရာခံမိပြီလား။ ဒီလောက်နေ့ခင်းကြောင်တောင် ပေါ်တင်ကျူးလွန်ခဲ့တဲ့အကြမ်းဖတ်မှုတွေတောင် တရားခံမဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဲဒီလက်စလက်နတွေဟာ ဘယ်သူတွေလုပ်နေတယ်ဆိုတာ ပြည်သူအများကသိရှိနေပါပြီ။

အရေးအကြီးဆုံးအချက်က ခုချိန်မှာ NLDနဲ. ၈၈ မျိးဆက်တို. က ပုဒ်မ-၄၃၆ပြင်ဖို့ တစ်တိုင်းပြည်လုံးကို လှုံ့ဆော်တိုက်တွန်းနေတဲ့အချိန်ပါ။ဥပဒေဘောင်ထဲကလှုပ်ရှားမှုကို ဘယ်လိုမှဟန့်တားလို့မရတော့တဲ့အဆုံး လုပ်နေကျအောက်တန်းကျကျအလုပ်တွေနဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ နှိပ်ကွပ်သတိပေးဖို့ ခြိမ်းခြောက်ပြနေ တယ်ဆိုတာ ပြည်သူအားလုံး မတွေမဝေသတိတရားရှိဖို့လိုသလို စစ်အစိုးရရဲ့ ခြိမ်းခြောက်မှု
တွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်သွားကြဖို့ လိုပါလိမ့်မယ်။

လေးစားစွာဖြင့်
( ကိုစိုးဝင်း )

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>