Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သန္တိသုခပြဿနာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ဝင်ရောက်ရှင်းလင်းရန် ရွှေညဝါဆရာတော် တောင်းဆို

$
0
0

သံဃာတော်ငါးပါး တရားဆွဲဆို ခံထားရသော မဟာသန္တိသုခကျောင်းတိုက် ပြဿနာနှင့် ပတ်သတ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ဝင်ရောက် ရှင်းလင်းပေးရန် ရွှေညဝါဆရာတော် ဦးပညာဝံသနှင့် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောကတ္ခကို့က တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၄ ရက်နေ့တွင် မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု နိုင်ငံတော် သံဃမဟာနာယကက သတ်မှတ်ထားပြီး သာသနာရေးဦးစီးဋ္ဌာနက သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးရာတွင် ၎င်းတို့က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ဒီလူ့လက်ထက်ကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စလေ၊ ခုချိန်မှ ဒီလူက ဝင်ရပ်ပြီး ပြောသင့်တာပေါ့။ အခုဘာမှ ဝင်မပြောလို့ ခွကျနေတာ။ သူက အဓိကပဲ” ဟု ရွှေညဝါဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

မဟာသန္တိသုခကျောင်းတိုက်သည် အုပ်ချုပ်ရေး အဆင်မပြေ ဖြစ်နေသောကြောင့် ခေတ္တထိန်းသိမ်းပေးရန် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော် သံဃမဟာနာယကထံသို့ အပ်နှံခဲ့ခြင်း ဖြစ်ပြီး ဆရာတော် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာပါက ပြန်လည်ပေးအပ်မည် ဖြစ်သည်ဟု ဦးခင်ညွှန့်က လျှောက်ထားခဲ့ကြောင်း ပီနန်ဆရာတော်က မီဒီယာများကို ဇွန်လအတွင်းက မိန့်ကြားထားသည်။

“အခုချိန်မှာ ဦးခင်ညွန့်အနေနဲ့ တစ်ဖက်ဖက်မှာ ဝင်ရပ်ဖို့ လိုအပ်နေပြီ။ သူဝင်ပေးမှ မဟနက မှန်လား ပီနန်ဆရာတော်က မှန်လားဆိုတာ ရှင်းလို့ရမှာလေ” ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

သို့သော်လည်း မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွှန့်က ၎င်းနှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် ဝင်ရောက် ရှင်းလင်းပေးမည် မဟုတ်ကြောင်း ဇွန်လ ၂၇ ရက်နေ့က မီဒီယာများကို ပြောကြားထားသည်။

နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြားချက်ဖြင့် မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၁ ရက်နေ့က ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်ငါးပါးကို ဖမ်းဆီး လူဝတ်လဲခဲ့သည်။ မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပီနန်ဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယကတို့အကြား ၂၀၁၃ ခုနှစ်မှ စတင်ကာ အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။
The voice weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>