Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကိုထွန်းထွန်း ဓါးခုတ်ခံရစဉ် အတူပါလာပြီး သေဘေးမှလွတ်မြောက်ခဲ့သူနှင့် The Voice အင်တာဗျူုး

$
0
0

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူမျိုးရေးနှင့်လူမျိုးရေးဆိုင်ရာ ပဋိပက္ခများကို သွားရောက် ကြည့်ရှုပြီး ပိတ်မိနေသောသူများကို ကယ်ထုတ်ရန် ကြိုးပမ်းစဉ် ဓားကိုင်ရန် လိုသည့်သူများကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် ရွှေကြေးစည် လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုထွေး (ခေါ်) ဦးသိန်းနိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

Voice : ဇူလိုင်လ၃ရက်နေ့ ည ဖြစ်စဉ်မှာ ကိုထွေးတို့သူငယ်ချင်းက ဘယ်လိုဖြစ်သွားတာလဲ။

UTNO : အဲဒီအရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေက ၈၄ လမ်းနဲ့ ၃၅ လမ်းထောင့်ရောက်နေတယ် ဆိုတဲ့ သတင်းစကားကို သေဆုံးသွားတဲ့ လူ (ပဋိပက္ခကြောင့် သေဆုံးသွားသူတစ်ဦး) ဆီကို သူ့သူငယ်ချင်းတွေက ဖုန်းဆက်တယ်။ ဖုန်းသတင်းရရချင်းပဲ ၃၅ လမ်းကို လိုက်သွားတော့ ၃၅ လမ်းမှာ လူအုပ်ကြီးက လမ်းပိတ်နေတော့ ၈၄ လမ်းကို တောက်လျှောက် မဆင်းနိုင်ခဲ့ဘူး။ အဲဒီလို မဆင်းနိုင်တဲ့အတွက် ၃၄ လမ်းကနေ အောက်ကို တောက်လျှောက် ဆင်းသွားတော့ ၈၃ လမ်းထောင့်မှာ ဓားကိုင်ပြီး ရန်မူနေတဲ့သူတွေ ရောက်နေတယ်။ သူတို့ကတားပြီး မင်းဘာလူမျိုးလဲ၊ ဘာလာလုပ်တာလဲလို့ မေးတယ်။ ကျွန်တော် တို့က ၈၄ လမ်းမှာရှိတဲ့ အရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်ဖို့ လာတာလို့ ပြောခဲ့တယ်။ အဲဒီလိုပြောပြီးတဲ့နောက် မင်းတို့က ဗမာလူမျိုးလားလို့ မေးပြီး ဓားကိုင်ရန်မူနေတဲ့ လူတွေက အခုသေသွားတဲ့ လူဆီမှာပါတဲ့ ဖုန်းနှစ်လုံးနဲ့ ငွေတစ်သိန်းကျော်နဲ့ ကျွန်တော့်ဆီမှာပါတဲ့ ဖုန်းတစ်လုံးနဲ့ငွေတစ်သောင်းကျော်ကို ဓားကိုင်ထားတဲ့သူတွေက တောင်းတဲ့အတွက် ပေးခဲ့ရတယ်။

ပိုက်ဆံအိတ်နဲ့ ဖုန်းတွေကို ပေးပြီးတဲ့နောက်ဓားကိုင်ထားတဲ့သူတွေက ကျွန်တော်နဲ့ အတူပါလာတဲ့သူကို ခုတ်ပစ်လိုက်တယ်။ ခုတ်ပစ်လိုက်ပြီးနောက် ကျွန်တော်နဲ့ အဲဒီလူအုပ်ချကြတယ်။ ကျွန်တော့်ကို ဓားတွေနဲ့ ဝိုင်းခုတ်ကြတော့ ဓားခုတ်တဲ့ လူအုပ်ကိုတွန်းပြီး ထွက်ပြေးခဲ့ရတယ်။

Voice : အခုလို ပြဿနာဖြစ်နေတဲ့ နေရာကို သိသလား။ သိရဲ့သားနဲ့ အရေးအခင်းသွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်တာလား။

UTNO : အဲဒီလို ပြဿနာရှိတဲ့နေရာဆိုတာမသိဘူး။ ဒီလိုလုပ်လိမ့်မယ် မထင်ဘူး။ အရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်တာပါ။

Voice : ဓားနဲ့မခုတ်ခင်မှာ ရန်မူတဲ့ လူအုပ်က ဘာပြောသေးလဲ။

UTNO : မင်းတို့က ဗမာလူမျိုးလားလို့မေးတယ်။ မင်းတို့ပစ္စည်းတွေ ထားခဲ့ဆိုလို့ ထားခဲ့ရတယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဓားနဲ့ဝိုင်းခုတ်ကြတယ်။

Voice : ဓားနဲ့ခုတ်တဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်နားမှာ ရှိသလဲ။

UTNO : ကျွန်တော်တို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တစ်ပြကျော်ဝေးပါတယ်။ ကျွန်တော်တို့ ဓားနဲ့ အခုတ်ခံရတဲ့ နေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံးဝမရှိပါဘူး။ကျွန်တော်ဒဏ်ရာနဲ့ ဆေးရုံရောက်မှ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျတဲ့ရဲက အကြောင်းကြားလို့ အခင်းဖြစ်တဲ့ ဝန်းကျင်မှာရှိတဲ့ လုံခြုံရေးတာဝန်ကျ ရဲတွေ သိကြရပါတယ်။

Voice : မင်းတို့ ဒဏ်ရာရတဲ့ အကြောင်းကို ရွှေကြေးစည် နာရေးကူညီမှုအသင်းက ဘယ်အချိန်မှာ သိသလဲ။

UTNO : ကျွန်တော်ဆေးရုံရောက်တဲ့အခါ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူနာတွေဆီက ဖုန်းကိုခဏတောင်းပြီး အသင်းကို ဆက်သွယ်ပါတယ်။ ကျွန်တော် ဆက်သွယ်မှုရတာနဲ့ အသင်းက လိုက်လာပါတယ်။

Voice : အခုလို ပဋိပက္ခဝန်းကျင်ကနေ ဒဏ်ရာရရှိတဲ့အတွက် အာဏာပိုင်တွေဘက်က ဘာတွေ အကူအညီပေးသလဲ။

UTNO : အခုလောလောဆယ်မှာကတော့ သေတဲ့လူအတွက် အမှုဖွင့်ထားပေးပါတယ်။ ကျွန်တော့်အတွက်ကတော့ သက်ဆိုင်ရာက ဆေးစာရေးပေးပြီးတော့ လိုအပ်တာ လုပ်ပေးထားပါတယ်။ ကျွန်တော်ဒဏ်ရာရတဲ့အပေါ် ဘုန်းကြီးတွေနဲ့ လူမှုအဖွဲ့အစည်းတွေက လာရောက် အားပေးပါတယ်။ အစိုးရဘက်ကတော့ လာရောက်ခြင်း မရှိသေးပါဘူး။

Voice : အခုလိုဖြစ်ခဲ့တဲ့အတွက် ဘာပြောချင်လဲ။

UTNO : သေတဲ့လူတွေလည်း မနစ်နာစေချင်ပါဘူး။ ဘာမှမလုပ်တဲ့ လူတွေကိုလည်း ဘာမှထိခိုက်မှု မရှိစေချင်ဘူး။ ဒီပဋိပက္ခ ပြဿနာတွေကို အားလုံး ပြေပြေလည်လည် ဖြေရှင်းစေချင်ပါတယ်။

======
တင်လင်း
======

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>