Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေးကို ကာကွယ်ခြင်း

$
0
0
Report by ဖြိုးဖြိုးဇော်၊
http://thevoicemyanmar.com/
မန်းမြို့တော်နေလူထု၏ ရင်တွင်းတွင် စိုးရိမ်စိတ်များ ပိုကဲလာသည်။ သိပ်မဝေးလှသေးသော မိတ္ထီလာဥပမာက သူတို့ကို ခြောက်လှန့်နေသည်။

ဇူလိုင် ၁ ရက်နေ့နှင့် ၂ ရက်နေ့ည အဓိကရုဏ်းတို့ပြီးနောက် မြန်မာနိုင်ငံ အထက်ပိုင်းမြို့တော် တစ်မြို့လုံးတွင် စိုးရိမ်တိမ်တိုက်များသာ လွှမ်းမိုးနေတော့သည်။
“အခု အလုပ်လုပ်ရတာကို ရင်ထိတ်ထိတ် ဖြစ်နေတယ်။ အိမ်မှာကျန်ခဲ့တဲ့ အဖေအမေကို စိတ်ပူနေတာ။ မိတ္ထီလာလို ဖြစ်မှာကြောက်တယ်။ မနေ့ညက လူသတ်မှု ဖြစ်တယ်လို့ကြားတော့ ရင်ထဲမှာ အရမ်းကြောက်နေတာ။ တကယ်ဖြစ်ပြီလား” ဟု ဖုန်းဟန်းဆက် အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သည့် အသက်၂၀ နှစ်အရွယ် မသက်မွန်က စိုးရိမ်စိတ် ပြည့်နှက်စွာ မေးခွန်းထုတ်သည်။

မန္တလေးမြို့သည် တခြားမြို့များထက် သွားလာရလွယ်ကူခြင်း၊ မြို့သူမြို့သားများ၏ နွေးထွေးသော ဆက်ဆံရေး၊ ဈေးချိုနှစ်လိုဖွယ် အစားအသောက်၊ မြန်မာတို့ နောက်ဆုံး နန်းကျခဲ့ရာမြို့ စသည်တို့ကြောင့် ယဉ်ကျေးမှု မြို့တော်အဖြစ်လည်း ခင်တွယ်လေ့ရှိကြသည်။

သို့သော် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ စိုးရိမ်ဖွယ်ရာများ စတင်ရောက်ရှိလာသည်။

ထုံးစံအတိုင်း မုဒိမ်းမှုတစ်ခုကိုတော့ အရင်းတည်လိုက်သည်။ နောက်တစ်ဖက်နှင့်တစ်ဖက် ချေမှုန်းရေး စကားများ စပြောသည်။ ညဦးပိုင်းရောက်သောအခါ လူအုပ်ကြီး ရောက်ပြီဖြစ်ကြောင်း မည်သူမည်ဝါမှန်း မသိသူတစ်ဦးက အော်ဟစ်ပြောဆိုသွားပြီး တစ်မုဟုတ်ချင်း ပျောက်သွားတော့သည်။

ထုံးစံအတိုင်းပင် မြို့ခံမဟုတ်သော လူအုပ်စုတစ်စုက ပစ်မှတ်ထားထားပြီးဖြစ်သော နေရာများကို စတင်လှုံ့ဆော် ဖျက်ဆီးတော့သည်။ ပထမရက်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရသည်။

ဒုတိယနေ့ ထပ်ဖြစ်သည်။ လူအုပ်က ပိုများလာပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ လုပ်ကိုင်လေ့ရှိသူ တစ်ဦးအပါအဝင် နှစ်ဦးသေသည်အထိ ဖြစ်သွားရသည်။ ပထမရက် ဖြစ်သွားသည့် နေရာတွင် ရဲအင်အားပိုချထားသဖြင့် အခြားနေရာများတွင် လာရောက် တိုက်ခိုက်ချိန်၌ မထိန်းလိုက်နိုင် ဖြစ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ရှင်းလင်းပြောဆိုသည်။

တတိယညကို မန္တလေးမြို့ခံများ တွေးပူနေချိန် ည ၉ နာရီမှ ၅ နာရီအကြား မန္တလေး ခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် အစိုးရက ထုတ်ပြန်လိုက်သည်။

တတိယညတွင်မူ မန်းမြို့သူမြို့သား တစ်ဦးချင်းရော သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများကပါ ပိုမိုသတိရှိရှိ လုံခြုံရေးယူရမည့် သဘောရှိနေသည်။

ရဲတပ်ရင်း သုံးရင်း၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်နှင့် လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ဇူလိုင်လ ၃ ရက်နေ့ အနေအထားကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များကိုလည်း အဖွဲ့လိုက်ခွဲ၍ ၂၄ နာရီ တာဝန်ချထားပေးကာ မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အင်အား ၄၀၀၀ ခန့်ရှိပြီး ယခင်ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ခရိုင်များတွင် ကူးစက်မှု ထပ်မံဖြစ်ပွားခြင်း မရှိစေရေးအတွက် လုံခြုံရေးအသင့်ထားရှိကာ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။
“ရဲတပ်ရင်းကလည်း တစ်ရင်းထပ် တိုးထားတယ်”ဟု ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။

ဇွန် ၃ ရက် ည ၉ နာရီ နီးချိန်တွင်တော့ ဈေးဆိုင်အားလုံး သိမ်းလိုက်ပြီ။ ကျူရှင် ကျောင်းသားများလည်း စောစောအိမ်ပြန်ရသည်။ လမ်းလည်းရှင်း၊ လူလည်းရှင်း။ ယင်းည မန်းအခြေအနေမှာ “အေးချမ်းရုံမက အေးစက်နေပြီ” ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ကိုယ်ပျောက်စီမံမှုဖြင့် မည်သည့်အချိန်တွင် မည်သို့ပေါ်လာမည်မှန်း မသိသော လူအုပ်ကြီးရန်မှ မန္တလေးကိုကာကွယ်ရန် လုံခြုံရေးဌာနများ အပြင် မယုံရဲသော မြို့သူမြို့သားများကလည်း ကိုယ့်လုံခြုံရေး ကိုယ့်အစီအစဉ်ဖြင့် အဆင်ပြေသလို စီမံကြရတော့သည်။

မန္တလေးမြို့ပေါ်ရှိ ဗလီများတွင် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေပြီး သက်ဆိုင်ရာ ဘာသာဝင်များ ကလည်း ဗလီအတွင်း စောင့်ကြပ်နေကြောင်း ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၂၁ အရွယ်ရှိ လူငယ်တစ်ဦးက ဆိုသည်။ သူ့အမျိုးသမီးနှင့် ကလေးများကို ဆွေမျိုးများရှိရာ အခြားမြို့သို့ ပို့ဆောင်လိုက်ပြီး သူကတော့ ယခုဗလီအတွင်း အစောင့်ကျနေသည့် သဘောဖြစ်နေသည်။
“လာလုပ်ရင်တော့ ခုခံဖို့ အသင့်ပဲ” ဟု ယခု အဓိကရုဏ်းကို မြို့ခံမဟုတ်သူများက ဖန်တီးနေကြောင်း တစ်ထစ်ချ သေချာနေသူ ၎င်းကဆိုသည်။

အခြား လူမှုရေးအသင်း များကလည်း လက်ရှိအခြေအနေ၊ ညမထွက်ရအမိန့်တို့နှင့် ပတ်သက်၍ လိုက်လံအသိပေးနေပြီး တစ်ခုခု ဖြစ်ပွားလာပါက ကယ်ဆယ်တုံ့ပြန် ဆောင်ရွက်ရန် အသင့်ရှိကြောင်း မန္တလေးအခြေစိုက် ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ညမထွက်ရအမိန့် ထုတ်ထားသော်လည်း မယုံရဲသေး။ “အဓိကကတော့ဗျာ မိတ္ထီလာလိုဖြစ်မှာ ကြောက်တာပေါ့။ ကာဖျူး (ညမထွက်ရအမိန့်) ထုတ်ပြီးမှ ဖြစ်တဲ့ပြဿနာတွေကလည်း ရှိတော့” ဟု မန္တလေးမြို့တွင်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင်အရွယ် လုပ်ငန်းရှင် အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆိုသည်။

နှစ်ဖက်ဘာသာဝင်များကို တွေ့ဆုံမေးမြန်းမှုအရ မည်သူမျှ ပြဿနာ ဖြစ်ပွားလိုခြင်းမရှိဘဲ မန္တလေးသားစစ်စစ် အချင်းချင်း အတူတကွ ငြိမ်းချမ်းစွာနေလိုကြောင်း နှစ်ဖက်ဘာသာဝင်များက တူညီစွာ ဖြေကြားသည်။ သို့သော် မည်သူ၏ စီမံချက်ဖြင့် မည်သည့်အချိန်တွင် မည်သို့ပေါ်လာမည် မသိသော လူအုပ်စုရန်ကို ကာကွယ်ရန် မန္တလေးမြို့မှာ နှစ်ဦးနှစ်ဖက်စလုံး စိုးရိမ်ကြောင့်ကြ စီစဉ်နေရပြီ ဖြစ်သည်။ အစိုးရ၏ လုံခြုံရေး၊ ပုဒ်မ ၁၄၄ မျှဖြင့် မလုံလောက်တော့။

“ပြဿနာကတော့ အစိုးရကို မယုံရဲဘူးဖြစ်နေတာ” ဟု အသက် ၄၀ ဝန်းကျင်အရွယ် လုပ်ငန်းရှင် အစ္စလာမ်ဘာသာဝင် တစ်ဦးကဆိုသည်။

Report by ဖြိုးဖြိုးဇော်၊

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>