မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီက ဦးဆောင်ကျင်းပသည့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သာသနာ့ဥသျှောင်ဆရာတော်ကြီးများ ထံမှ သြ၀ါခံယူပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ( ၆ ) ရက် တနင်္ဂနွေနေ့ မွန်းလွဲ ( ၁ ) နာရီ အချိန်က မန္တလေးမြို့ ၂၇ - ၂၈ လမ်းကြား ၊ ၈၉ - ၉၀ လမ်းကြားရှိ မိုးကောင်းတိုက် အလယ်ရွှေကျောင်းကြီးမှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။
.
အဆိုပါ အခမ်းအနားကို မန္တလေးမြို့ မြတောင်ကျောင်းတိုက် ၊ ရွှေဝါ၀င်းကျောင်းဆရာတော် ဘဒ္ဒန္တသာသနဘိဝံသ ၊
ဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ပဓာန မဟာနာယကဆရာတော် ဘဒ္ဒန္တ၀ိစာရိန္ဒာဘိဝံသ ၊
ပုသိမ်ကြီးမြို့နယ် ၊ ရန်ကင်းတောင်ခြေ ဥယျာဉ် ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဇောတိက
ဝါခင်းကုန်ဆရာတော် ဦးတိတ္ခ ၊ ဂဠုန်နီဆရာတော် ဦးကာဝိယ ၊ မစိုးရိမ်ဆရာတော် ၀ီရသူ ၊ မြ၀တီဆရာတော် တို့မှ သြ၀ါဒချီးမြှင့်ကြပြီး ဘာသာပေါင်းစုံချစ်ကြည်ရေး ကိုယ်စားလှယ်တစ်ဦးမှလည်း လျှောက်ထားတင်ပြခဲ့ကြောင်း သိရပါသည် ။
.
မန္တလေးမြို့တွင် လတ်တလောဖြစ်ပေါ်နေသော မငြိမ်သက်မှုများကို အခြေအနေပိုမိုမဆိုးဝါးစေရေး အတွက် မြို့မိမြို့ဖများ ၊ နိုင်ငံရေးနှင့် လူမှုအရပ်ဖက်အဖွဲ့အစည်းများ ၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သော မန္တလေးမြို့ ၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ ကို ၂၀၁၄ခုနှစ် ဇူလိုင်လ ( ၄ ) ရက်နေ့ မှာ ( ၂၃ ) ဦးဖြင့် ဖွဲ့စည်းထူထောင်လိုက်ကြောင်း မြို့လူထုအား အသိပေးကြေညာအပ်ပါသည် ။
သတင်းဓါတ်ပုံ- ကိုနေ၀င်းအောင်(မန္တလေး)